Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရောမ 8:17 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

17 ငါရို့သည် ဘုရားသခင်၏ သားသမီးတိဖြစ်ကြလျှင် အမွီခံတိလည်း ဖြစ်ကြ၏။ ငါရို့သည် ခရစ်တော်နှင့်အတူ ဘုန်းတော်ချီးမြှောက်ခြင်း ခံရရန် ဒုက္ခဆင်းရဲခြင်းကိုလည်း ကိုယ်တော်နှင့်အတူခံရကြလျှင် ဘုရားသခင်၏အမွီခံများဖြစ်ကြပြီး ခရစ်တော်နှင့်အတူ အမွီဆက်ခံသူများလည်း ဖြစ်ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရောမ 8:17
35 ပူးပေါင်းရင်းမြစ်များ  

ထို့နောက် ယေသျှုသည် တပည့်တော်ရို့အား “ဇာသူမဆို ငါနှင့်အတူ လိုက်ချင်လျှင် မိမိကိုယ်ကို ငြင်းပယ်ရမည်၊ မိမိ၏လက်ဝါးကပ်တိုင်ကို ထမ်း၍ လိုက်ကြရမည်။


သခင်က ‘ကောင်းယာ၊ သင်သည် သစ္စာဟိသော အစီခံကောင်းတစ်ယောက် ဖြစ်၏၊ သင်သည် အနည်းငယ်သောအရာ၌ သစ္စာဟိခ၏၊ များစွာသောအရာတိကို စီမံခန့်ခွဲသူအဖြစ် သင့်အား ငါ ခန့်အပ်မည်၊ မိမိသခင်၏ချမ်းသာသုခကို လာ၍ ခံစားလော့’ ဟု သခင်က ဆို၏။


သိုးစုချေ၊ မကြောက်ကတ်ကေ့။ အကြောင်းမူကား သင်ရို့အဖသည် သင်ရို့အား နိုင်ငံတော်ကိုပီးဖို့ အလိုဟိ၏။


မေသျှိယသည် ဘုန်းတန်ခိုးတော်ကို မခံယူခင် ဤကဲ့သို့ ဒုက္ခဝေဒနာတိကို ခံစားရန် လိုအပ်သည် မဟုတ်လော” ဟု မိန့်တော်မူ၏။


“အို အဖ၊ ကိုယ်တော်သည် အကျွန့်ကို ချစ်တော်မူသောကြောင့် ဤကမ္ဘာမတည် မဟိခင်ကပင် အကျွန့်အား ပီးထားသော ဘုန်းတန်ခိုးတော်ကို သူရို့သည် မြင်ကြစီခြင်းငှာ အကျွန့်အား ကိုယ်တော် ပီးအပ်ထားသော ဤသူရို့ကို အကျွန်ဟိသောနီရာ၌ အကျွန်နှင့်အတူ ဟိနိန်ကြစီခြင်းငှာ အကျွန် လိုလားပါ၏။


သူရို့သည် ယုံကြည်သူများကို စစ်မှန်သောယုံကြည်ခြင်း၌ တည်ကြည်စီရန် အားပီး တိုက်တွန်းနှိုးဆော်ကြ၏။ “ဘုရားသခင်၏နိုင်ငံတော်သို့ ဝင်ရောက်ခြင်းငှာ ငါရို့သည် များစွာသော ဆင်းရဲဒုက္ခတိကို ကျော်ဖြတ်ကြရမည်” ဟု သွန်သင်ကြ၏။


“အဂု ငါသည် သင်ရို့အား ဘုရားသခင်၏ လက်တော်သို့ လည်းကောင်း၊ ကျေးဇူးတရားလက်သို့ လည်းကောင်း အပ်နှံ၏။ ထိုကျေးဇူးတရားသည် သင်ရို့ကို တည်ဆောက်လျက် မိမိ၏လူအားလုံးအဖို့ လျာထားသော ဘုရားသခင်၏ ကောင်းကြီးမင်္ဂလာကို သင်ရို့အား ပီးလိမ့်မည်။


သင်သည် တခြားလူမျိုးရို့၏မျက်စိကို ဖွင့်ပီး၍ ထိုသူရို့ကို မှောင်မိုက်ထဲမှ အလင်းတော်သို့ ကူးပြောင်းစီကာ စာတန်မာရ်နတ်၏တန်ခိုးအာဏာစက်မှ ဘုရားသခင်၏ အာဏာစက်သို့ ကူးပြောင်းစီရမည်။ အကြောင်းမူကား သူရို့သည် ငါ့ကို ယုံကြည်ခြင်းအားဖြင့် သူရို့၌ ဟိသမျှသောအပြစ်မှ ခွင့်ရွှတ်ခြင်းကို ရပြီးလျှင်၊ ဘုရားသခင် ရွီးချယ်ထားသောလူစု၌ နီရာကျစီရန်ဖြစ်၏’ ဟု ဆိုလေ၏။


ထို့အပြင် လူတစ်ယောက်သည် ပြစ်မှားခြင်းဖြင့် ထိုတစ်ယောက်သောသူကြောင့် သီခြင်းတရားသည် စတင်၍ အစိုးရလျှင် ဘုရားသခင်၏ကြွယ်ဝသော ကျေးဇူးတော်နှင့် ဖြောင့်မတ်ခြင်း လက်ဆောင်ကို ခံစားရသောသူရို့သည် ယေသျှုခရစ်တော်တည်းဟူသော တစ်ယောက်သောသူအားဖြင့် အသက်ရှင်ခြင်းတရားသည် သာ၍ အစိုးရပေလိမ့်မည်။


လူ့ဇာတိသည် အားနည်းသောကြောင့် ပညတ်တရား မတတ်နိုင်သောအမှုကို ဘုရားသခင် ပြုတော်မူခြင်းဖြစ်၏။ ဘုရားသခင်သည် မိမိ၏သားတော်ကို လူ့ဇာတိကိုဆောင်၍ စီရွှတ်လိုက်ကာ ထိုသားတော်အားဖြင့် အသွီးအသား၌ဟိသော အပြစ်ကို ဒဏ်ခတ်တော်မူလေ၏။


သို့ရာတွင် ကျမ်းစာ၌ လာသည်အတိုင်း၊ “ဇာသူမျှ မမြင်ဖူး၊ မကြားဖူး၊ ဇာသူမျှ မဖြစ်နိုင်ဟု ထင်မှတ်ထားသောအရာကို၊ ဘုရားသခင်သည် မိမိအား ချစ်သောသူရို့အဖို့ ပျင်ဆင်ထားတော်မူ၏။”


ခရစ်တော်၏ များစွာသောဒုက္ခဆင်းရဲကို ငါရို့ ခံစားရသည့်နည်းတူ ခရစ်တော်အားဖြင့် များစွာသော နှစ်သိမ့်ခြင်းကိုလည်း ခံစားရကြ၏။


သို့ဖြစ်၍ ငါရို့၏ မျှော်လင့်ခြင်းသည် သင်ရို့အတွက် ခိုင်မြဲလျက်ဟိ၏။ သင်ရို့သည် ငါရို့၏ ဆင်းရဲဒုက္ခတိ၌ ခံစားရကြသည့်နည်းတူ ငါရို့၏ နှစ်သိမ့်ခြင်းကိုလည်း ခံစားရကြကြောင်းကို ငါရို့သိကြ၏။


သင်ရို့သည် ခရစ်တော်နှင့်စပ်ဆိုင်လျှင် အာဗြဟံ၏ သားစဉ်မြီးဆက်များဖြစ်ကြပြီး ဘုရားသခင်၏ ကတိတော်ကို ခံစားရကြလိမ့်မည်။


သို့ဖြစ်၍ သင်ရို့သည် ကျွန်မဟုတ်ဘဲ သား၊ သမီးတိ ဖြစ်ကြ၏။ ထိုသို့ သင်ရို့သည် ဘုရားသခင်၏ သား၊ သမီးတိဖြစ်သဖြင့် သင်ရို့ခံစားထိုက်သော အမွီအားလုံးကို ဘုရားသခင်သည် သင်ရို့အား ပီးတော်မူလိမ့်မည်။


ထိုနက်နဲသော အရာကား သတင်းကောင်းအားဖြင့် တခြားလူမျိုးရို့သည် ယုဒလူမျိုးရို့နှင့်အတူ ခန္ဓာတစ်ခုတည်း၏ အင်္ဂါများဖြစ်ကြ၍ ဘုရားသခင်၏ ကောင်းကြီးမင်္ဂလာကို အမွီခံရ ပြီးလျှင် ခရစ်တော်ယေသျှုအားဖြင့် ကတိတော်ကို ဆက်ဆံခွင့်ရကြ၏။


သင်ရို့သည် ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့် သာမက ကိုယ်တော့်အဖို့ ဆင်းရဲဒုက္ခကို ခံခြင်းအားဖြင့်လည်း ကိုယ်တော်၏အမှုတော်ကို ဆောင်ရွက်ရန် အခွင့်ထူးကို ရဟိကြ၏။


ငါသည် ခရစ်တော်ကို သိကျွမ်းခြင်း၊ ကိုယ်တော်​၏​ရှင်ပြန်ထမြောက်တော်မူခြင်း၏ တန်ခိုးတော်ကို ခံစားရခြင်း၊ ခရစ်တော်နှင့်အတူ ဆင်းရဲဒုက္ခတိကို ခံရခြင်း၊ ကိုယ်တော် အသီခံတော်မူခြင်း၌ သဏ္ဌာန်တူလာရန်ကိုသာ လိုချင်တောင့်တ၏။


အဂုတွင် သင်ရို့အတွက် ငါခံရသော ဒုက္ခဆင်းရဲကြောင့် ငါဝမ်းမြောက်၏။ ခရစ်တော်သည် မိမိကိုယ်ခန္ဓာတည်းဟူသော အသင်းတော်အတွက် ဒုက္ခဆင်းရဲ ခံရရန် ကျန်ခသည့် အရာများကို ငါ၏ကိုယ်ခန္ဓာ၌ ဖြည့်စွက်ပီးလျက်ဟိ၏။


ဤသည်ကား ဘုရားသခင်သည် မိမိ၏ကျေးဇူးတော်အားဖြင့် ငါရို့ကို ဖြောင့်မတ်ခြင်းတရား၌ တည်စီပြီးလျှင်၊ ငါရို့ မျှော်လင့်နိန်ကြသော ထာဝရအသက်ကို အမွီခံစီခြင်းငှာ ဖြစ်လေ၏။


သို့ဖြစ်၍ ကောင်းကင်တမန်တိကား ဇာသူတိလဲ၊ ထိုသူရို့သည် ကယ်တင်ခြင်းကို အမွီခံရမည့်သူရို့အား ကူညီရန် ဘုရားသခင် စီရွှတ်တော်မူသော ကိုယ်တော်၏အစီခံ ဝိညာဉ်များ ဖြစ်ကြ၏။


သို့ရာတွင် ဤနောက်ဆုံးသောကာလ၌ ကိုယ်တော်သည် မိမိ၏သားတော်အားဖြင့် ငါရို့အား မိန့်တော်မူ၏။ ဘုရားသခင်သည် ထိုသားတော်အားဖြင့် စကြဝဠာကို ဖန်းဆင်းတော်မူပြီး အဆုံး၌ ခပ်သိမ်းသောအရာအားလုံးကို ထိုသားတော်အား အမွီခံအဖြစ် ခန့်ထားတော်မူ၏။


ဘုရားသခင်က မိမိ၏ အကြံအစည်တော်သည် ဇာခါမျှ ပြောင်းလဲတော်မမူကြောင်းကို မိမိ၏ကတိတော်ကို အမွီခံကြရမည့်သူတိအား ယှင်းလင်းစွာ သိစီလိုသည်ဖြစ်၍ ကျိန်ဆိုခြင်းဖြင့် ကတိတော်ကို ခိုင်မြဲစီ၏။


ငါ ချစ်သော ညီအစ်ကို မောင်နှရို့၊ နားထောင်ကြလော့။ ဘုရားသခင်သည် ဤလောက၌ ဆင်းရဲသာသူရို့ကို ယုံကြည်ခြင်း အားကြီးသောသူများ ဖြစ်စီခြင်းငှာ လည်းကောင်း၊ ကိုယ်တော့်ကို ချစ်သောသူတိအား ကတိထားတော်မူခသော နိုင်ငံတော်ကို အမွီခံကြစီခြင်းငှာ လည်းကောင်း ရွီးကောက်တော်မူသည် မဟုတ်လော။


ကိုယ်တော်၏ လူစုတော်အတွက် ဘုရားသခင် လျာထားတော်မူသော ချမ်းသာခြင်း ကောင်းကြီးမင်္ဂလာများကို ခံစားနိုင်ရန် ငါရို့ မျှော်မှန်းလျက် ဟိကြ၏။ ကိုယ်တော်သည် ထိုချမ်းသာခြင်း ကောင်းကြီးမင်္ဂလာများကို ယိုယွင်း၊ ပျက်စီး၊ မှေးမှိန်၍ မလားနိုင်သော ကောင်းကင်ဘုံတွင် သင်ရို့အဖို့ သိုထားလျက်ဟိ၏။


သင်ရို့သည် ခရစ်တော်၏ ဒုက္ခဆင်းရဲထဲ၌ အတူပါဝင် ခံစားရကြသည်ကို ဝမ်းမြောက်ကြလော့။ သို့မှသာ ကိုယ်တော်၏ ဘုန်းတော် ပေါ်ထွန်းလာသောအခါ သင်ရို့သည် ဝမ်းမြောက်ခြင်းနှင့် ပြည့်ဝကြလိမ့်မည်။


အောင်မြင်သောသူသည် ဤကောင်းကြီးမင်္ဂလာ အားလုံးကို ခံစားရလိမ့်မည်။ ငါသည် သူရို့၏ဘုရားဖြစ်မည်။ သူရို့သည်လည်း ငါ၏ သားသမီးတိ ဖြစ်လိမ့်မည်။


ငါသည် အောင်မြင်၍ ငါ့ခမည်းတော်၏ ပလ္လင်ထက်တွင် ခမည်းတော်နှင့်အတူ ထိုင်နိန်သကဲ့သို့ အောင်မြင်သောသူအား ငါ၏ ပလ္လင်ထက်တွင် ငါနှင့်အတူ ထိုင်ရသောအခွင့်ကို ငါပီးမည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ