13 အကြောင်းမူကား သင်ရို့သည် လူ့ဇာတိအလိုအတိုင်း အသက်ရှင်ကြလျှင် သီရကြလိမ့်မည်။ သို့သော် သင်ရို့သည် အပြစ်နှင့် သက်ဆိုင်သော အမူအကျင့်တိကို ဝိညာဉ်တော်အားဖြင့် သီစီလျှင် အသက်ရှင်ကြရလိမ့်မည်။
ယခုတွင် သင်ရို့အဖို့ ရှက်ကြောက်ဖွယ်ရာ ဖြစ်စီသော အရာများကို ပြုမူခြင်းအားဖြင့် ဇာအကျိုးကို ရခကြသနည်း။ ထိုသို့ ပြုမူခြင်း၏အကျိုးကား သီခြင်းဖြစ်၏။
အပြစ်တရား၏ အခကား သီခြင်းဖြစ်၏၊ သို့ရာတွင် ဘုရားသခင်၏အခမဲ့လက်ဆောင်သည်ကား ငါရို့ အသျှင်ခရစ်တော် ယေသျှုအားဖြင့်ရသော ထာဝရအသက် ဖြစ်၏။
အကြောင်းမူကား ငါရို့သည် လူ့ဇာတိသဘောဖြင့် အသက်ရှင်ခစဉ် ပညတ်တရားအားဖြင့် ပြင်းပြသည့် အပြစ်ပြုလိုသောစိတ်သည် ငါရို့၏ကိုယ်ခန္ဓာထဲ၌ သီခြင်းတရားအတွက် အသီးကို သီးစီရန်ဖြစ်၏။
သို့ဖြစ်၍ ငါ၏ညီအစ်ကို မောင်နှမရို့၊ ငါရို့မှာ လူ့ဇာတိအလိုအတိုင်း အသက်ရှင်ကြရန် တာဝန်ဟိကြသည်မဟုတ်။
ငါသည် သူတစ်ပါးအား ပြိုင်ပွဲဝင်ရန် ခေါ်ခပြီးနောက် မိမိကိုယ်တိုင်ပြိုင်ပွဲ၌ မယှုံးစီခြင်းငှာ ငါ၏ကိုယ်ခန္ဓာကို မာကြောအောင် ထိုးကြိတ်ခြင်းကိုခံ၍ လေ့ကျင့်လေ့ဟိ၏။
ခရစ်တော် ယေသျှုနှင့်ဆိုင်သော သူရို့သည် လူ့ဇာတိစိတ်ကို လည်းကောင်း၊ ဇာတိစိတ်၏အလိုဆန္ဒများကို လည်းကောင်း လက်ဝါးကပ်တိုင်ထက်တွင် ရိုက်ထားကြပြီ။
လူ့ဇာတိသဘော၌ မျိုးစိ့ကြဲသောသူသည် ဇာတိသဘောအားဖြင့် ပျက်စီးခြင်းကို ရိတ်ရလိမ့်မည်။ ဝိညာဉ်သဘော၌ မျိုးစိ့ကြဲသောသူသည် ဝိညာဉ်သဘောအားဖြင့် ထာဝရအသက်ကို ရိတ်သိမ်းရလိမ့်မည်။
ထို့ကြောင့် အယင်က ကျင်လည်ခသော လူဟောင်းဘဝကို စွန့်ပစ်ကြလော့။ လိမ်လည်လှည့်ဖြားတတ်သော ဆန္ဒများကြောင့် ပျက်စီးယိုယွင်းတတ်သော လူဟောင်းကို စွန့်ပစ်ကြလော့။
ဘုရားသခင်၏သန့်ယှင်းသောဝိညာဉ်တော်ကို စိတ်မနာစီကတ်ကေ့၊ အကြောင်းမူကား ဝိညာဉ်တော်သည် သင်ရို့အား ဘုရားသခင် ပိုင်တော်မူကြောင်း အမှတ်အသား ဖြစ်ပြီး၊ ဘုရားသခင်သည် သင်ရို့အား လွတ်ခြင်းအခွင့်ကို ပီးသောနိ့ရက်၌ သင်ရို့အဖို့ အာမခံချက် ဖြစ်သတည်း။
ပျက်စီးစီတတ်သော အရက်သီစာ သောက်စားခြင်းများကို ယှောင်၍ ဝိညာဉ်တော်နှင့် ပြည့်ဝစီကြလော့။
ဘုရားမဲ့ တရားမဲ့ နီထိုင်ခြင်းနှင့် လောကီတပ်မက်ခြင်းများကို စွန့်ပယ်၍ ယခုမျက်မှောက်ကာလ၌ ဣန္ဒြေသိက္ခာဟိစွာဖြင့် ဖြောင့်မတ်မှန်ကန်ပြီး ဘုရားဝတ်၌ ပျော်မွိ့သော အသက်တာဖြင့် အသက်ရှင်ကြရန်လည်းကောင်း၊
အဂုတွင် သင်ရို့သည် သမ္မာတရားကို လိုက်လျှောက်ခြင်းအားဖြင့် မိမိရို့၏ စိတ်နှလုံးအား စင်ကြယ်စီကြပြီး အခြားသော ယုံကြည်သူအချင်းချင်းကို ဟန်ဆောင်မှုကင်းလျက် ချစ်ကြသည်ဖြစ်၍ သင်ရို့ တစ်ယောက်ကိုတစ်ယာက် စိတ်နှလုံးအကြွင်းမဲ့ ချစ်ကြလော့။
အဆွီရို့၊ သင်ရို့သည် ဤလောကတွင် အာဂန္တုများဖြစ်ကြသဖြင့် စိတ်ဝိညာဉ်ကို အစဉ်သဖြင့် ဆန့်ကျင်တိုက်ခိုက်လျက်နိန်သော ကိုယ်ကာယတပ်မက်မှုများကို အယှုံးမပီးကြရန် ငါ တိုက်တွန်းနှိုးဆော်ပါ၏။