24 ငါသည် အလွန် သောကရောက်နိန်သော လူတစ်ယောက် ဖြစ်နိန်ပါသည်တကား။ သီခြင်းတရားသို့ ပို့ဆောင်နိန်သော ဤခန္ဓာမှ ဇာသူသည် ငါ့ကို ကယ်တင်ပါမည်နည်း။
စိတ်မသာ ညည်းတွားလျက်ဟိသော သူရို့သည် မင်္ဂလာဟိကြ၏၊ ဘုရားသခင်သည် သူရို့ကို နှစ်သိမ့်ပီးတော်မူလိမ့်မည်။
ဘုရားသခင်အလိုတော်ကို လုပ်ဆောင်လိုစိတ် ပြင်းပြသောသူရို့သည် မင်္ဂလာဟိကြ၏။ ဘုရားသခင်သည် သူရို့၏လိုအင်ဆန္ဒကို ပြည့်စုံစီလိမ့်မည်။
“ထာဝရဘုရား၏ ဝိညာဉ်တော်သည် ငါ့အထက်၌ တည်တော်မူပြီးလျှင်၊ ဆင်းရဲသားရို့အား သတင်းကောင်းကို ပြောကြားရန် ငါ့ကို ရွီးခြယ်တော်မူပြီ။ အချုပ်အနှောင်ခံရသူများကို လွတ်မြောက်စီရန်အကြောင်းနှင့် မျက်စိကန်းသူရို့ကို မျက်စိပြန်မြင်စီရန်၊ ညှည်းပန်းနှိပ်စက်ခံရသူရို့ကို ကယ်မရန်နှင့်၊
ထို့ပြင် ငါရို့သည် အပြစ်၏ကျွန် မဖြစ်လိုသောကြောင့် ငါရို့၏ခန္ဓာဟောင်းကို ဖျက်ဆီးခြင်းငှာ လက်ဝါးကပ်တိုင်မှာ ခရစ်တော်နှင့်အတူ အသီခံထားကြပြီဟု သိကြ၏။
အကြောင်းမူကား သင်ရို့သည် လူ့ဇာတိအလိုအတိုင်း အသက်ရှင်ကြလျှင် သီရကြလိမ့်မည်။ သို့သော် သင်ရို့သည် အပြစ်နှင့် သက်ဆိုင်သော အမူအကျင့်တိကို ဝိညာဉ်တော်အားဖြင့် သီစီလျှင် အသက်ရှင်ကြရလိမ့်မည်။
အကြောင်းမူကား ခရစ်တော်ယေသျှုအားဖြင့် အသက်ကို ပီးသော ဝိညာဉ်တော်၏တရားသည် အပြစ်တရားနှင့် သီခြင်းတရားမှ ငါ့ကို လွတ်မြောက်စီတော်မူ၏။
သို့ရာတွင် ဖန်ဆင်းခံများသည်သာမက ဘုရားသခင်၏ဝိညာဉ်တော် လက်ဆောင်ကို အဦးဆုံး ခံရသော ငါရို့သည်လည်း ကိုယ်တော်၏သားသမီးများအဖြစ် ချီးမြှောက်ခြင်းကို ခံရပြီးလျှင် ကိုယ်ခန္ဓာ လွတ်မြောက်ခြင်းကို မျှော်လင့်ကာ စိတ်နှလုံးထဲ၌ ညည်းတွားလျက် နိန်ကြ၏။
တစ်နည်းအားဖြင့် ငါရို့၏ အားနည်းချက်ကို ကူညီမစခြင်းငှာ ဝိညာဉ်တော်သည် ဆင်းကြွလာတော်မူ၏။ ငါရို့သည် ဇာပိုင်ဆုတောင်း သင့်သည်ကိုပင် မသိကြ။ သို့သော်လည်း ဝိညာဉ်တော်သည် နှုတ်ဖြင့်မမြွက်ဆိုနိုင်သော အရာကို ညည်းတွားခြင်းနှင့် ငါရို့အတွက် ဘုရားသခင်ထံ ဆုတောင်းလျက်ဟိ၏။
သင်ရို့သည် ခရစ်တော်၌ အရီဖျားလှီးခြင်းကို ခံယူခြင်းမှာ လူ့လက်ဖြင့် လုပ်ဆောင်ခြင်း မဟုတ်။ ဇာတိအပြစ်၏တန်ခိုးမှ လွတ်မြောက်စီသော ခရစ်တော်အားဖြင့် အရီဖျားလှီးခြင်းကို ခံယူခြင်းဖြစ်၏။
တဖန် သခင်ဘုရားသည် ဘေးအန္တရယ်အပေါင်းမှ ငါ့ကို ရွီးနှုတ်ပြီး မိမိ၏ ကောင်းကင်နိုင်ငံတော်ထဲသို့ ဖီးကင်းစွာ ပို့ဆောင်တော်မူလိမ့်မည်။ ဘုန်းတန်ခိုးတော်သည် ကိုယ်တော်၌ ထာဝရတည်ပါစီသောဝ်။ အာမင်။
ကယ်တင်သျှင် ယေသျှုခရစ်တော်သည် ငါရို့ကို ခပ်သိမ်းသော မတရားမှုထဲမှ ရွီးနုတ်ကယ်တင်ပြီး မိမိပိုင်သောသူအပေါင်းရို့သည် မိမိအတွက် သန့်ယှင်းစင်ကြယ်၍ ကောင်းသောအမှုကို ပြုခြင်းငှာ စိတ်အားထက်သန်သောသူတိ ဖြစ်လာကြစီရန် ငါရို့အတွက် မိမိကိုယ်ကို စွန့်တော်မူ၏။
ထို့အပြင် ဤနည်းအားဖြင့် သီခြင်းတရားကို ကြောက်၍ ဘဝတစ်လျှောက်လုံး ကျွန်ခံနိန်ကြရသော သူတိကို လွတ်မြောက်စီတော်မူ၏။
ကိုယ်တော်သည် သူရို့၏ မျက်ရည်ဟိသမျှကို သုတ်တော်မူလိမ့်မည်။ နောက်တဖန် သီဆုံးခြင်း၊ ဝမ်းနည်းပူဆွီးခြင်း၊ ငိုကြွီးခြင်းနှင့် နာကျင်ခြင်းများသည် မဟိရ။ ရှိ့ဖြစ်ဖူးသော အရာများသည် ပျောက်ကွယ်လားယာ” ဟု ဆို၏။