15 အကြောင်းမူကား၊ ငါသည် ကျင့်ချင်သော အကျင့်ကို မကျင့်၊ မကျင့်ချင်သော အကျင့်တိကို ကျင့်နိန်ရသောကြောင့် ငါပြုသောအမှုကို ငါသည်ပင် နားမလည်နိုင်။
ထို့ကြောင့် သင်ရို့၏ အဖိုးအဖီးတိ ကျူးလွန်ခသောအမှုတိ၌ သင်ရို့က အလိုတူအလိုပါ ဖြစ်ကြ၏။ သင်ရို့ အဖိုးအဖီးရို့က ပရောဖက်တိကိုသတ်ပြီး သင်ရို့က အုတ်ဂူတိကို တည်ဆောက်ပီးကြ၏။
ငါသည် သင်ရို့ကို အခိုင်းအစီ ဟူ၍ မခေါ်။ အခိုင်းအစီဆိုသည်ကား မိမိ၏သခင် လုပ်သမျှကို သိရကြသည် မဟုတ်။ သို့သော် ငါသည် ငါ့ခမည်းတော်ထံမှ သင်ယူခသမျှတိကို သင်ရို့အား သိစီပြီးဖြစ်၍ သင်ရို့ကို မိတ်ဆွီများဟု ငါ ခေါ်၏။
ဟန်ဆောင်မှုကင်းမဲ့သောမေတ္တာနှင့် ချစ်ကြလော့။ မကောင်းမှုကို ရွံမုန်း၍ ကောင်းမှုကို လက်ကိုင်ထားကြလော့။
ထို့ကြောင့် သင်သည် မိမိယုံကြည်သမျှသောဤအရာများကို မိမိနှင့် ဘုရားသခင်ကြား၌သာ ဟိစီလော့။ မိမိသဘောဖြင့် မိမိကိုယ်ကို အပြစ်မစီရင်သောသူသည် မင်္ဂလာဟိ၏။
ထိုသို့ ငါသည် မကျင့်ချင်သောအကျင့်ကို ကျင့်နိန်ရသည်မှန်လျှင် ပညတ်တရား ကောင်းမြတ်ကြောင်းကို ငါ ဝန်ခံခြင်း ဖြစ်၏။
အကြောင်းမူကား လူ့ဇာတိ၏အလိုသည် ဝိညာဉ်တော်၏အလိုနှင့် ဆန့်ကျင်လျက် ဟိ၏။ ထို့အပြင် ဝိညာဉ်တော်၏အလိုသည်လည်း လူ့ဇာတိ၏အလိုနှင့် ဆန်ကျင်လျက် ဟိ၏။ ထိုနှစ်ပါးရို့သည် ရန်သူများဖြစ်သဖြင့် သင်ရို့သည် မိမိအလိုဆန္ဒ ဟိသည့်အတိုင်း မပြုနိုင်ကတ်။
သို့သော်လည်း ဘုရားသခင် တည်ဆောက်ထားသော အုတ်မြစ်သည် ခိုင်ခန့်စွာ ရပ်တည်လျက်ဟိ၏။ ထိုအုတ်မြစ်ထက်တွင် “သခင်ဘုရားသည် မိမိ၏ လူတိကို သိတော်မူ၏” ဟူ၍ လည်းကောင်း၊ “ဘုရားသခင်၏နာမတော်ကို ဝန်ခံသောသူတိုင်းသည် မတရားသောအမှုကို ယှောင်ရမည်” ဟူ၍လည်းကောင်း ကမ္ပည်းစာ ရီးထား၏။
ကိုယ်တော်သည် ဖြောင့်မတ်ခြင်းတရားကို နှစ်သက်တော်မူ၍ မတရားသောအမှုကို မုန်းတော်မူ၏။ ထို့ကြောင့် ကိုယ်တော်၏ ဘုရားသခင်တည်းဟူသော ဘုရားသခင်သည် ကိုယ်တော်အား ရွီးချယ်၍ မိမိ၏ အပေါင်းအဖော်ရို့ထက် ပို၍ ချီးမြှောက်ကာ ဝမ်းမြောက်ခြင်းကို ပီးတော်မူသည်” ဟု မိန့်တော်မူ၏။
အကြောင်းမူကား ငါရို့ အားလုံးသည် နည်းအမျိုးမျိုးဖြင့် မှားယွင်းတတ်ကြ၏။ စကားအားဖြင့် မှားယွင်းခြင်းမဟိသောသူမူကား မိမိကိုယ်ခန္ဓာတစ်ခုလုံးကို ထိန်းချုပ်နိုင်သည့် စုံလင်သောသူ တစ်ယောက်ဖြစ်၏။
တချို့သောသူရို့ကို မီးထဲမှ ဆွဲထုတ်ကယ်တင်ကြလော့။ တချို့သောသူရို့အား ကြောက်ရွံ့သောစိတ်ဖြင့် သနားကရုဏာကို ပြကြလော့။ သို့သော်လည်း အသွီးအသားဇာတိဖြင့် စွန်းကွက်နိန်သည့် သူရို့၏ အဝတ်အစားကို ရွံ့မုန်းကြလော့။