12 ထို့နောက် ပညတ်တရား၏ပကတိသဘောသည် သန့်ယှင်း၏။ ပညတ်တော်သည်လည်း သန့်ယှင်း၊ ဖြောင့်မတ်၍ ကောင်းမြတ်တော်မူ၏။
သင်ရို့သည် လောကီသားတိ ပိုင်ယှောင် အသက်မရှင်ကတ်ကေ့။ သင်ရို့၏ အတွင်းစိတ်သဘော အပြည့်အဝ ပြောင်းလဲစီခြင်းငှာ ဘုရားသခင်ကို အခွင့်ပီးကြလော့။ သို့မှသာ ဇာအရာကား ကောင်းမြတ်၏၊ ဇာအရာကို ဘုရားသခင် နှစ်သက်၏၊ ဇာအရာသည် စုံလင်သောအရာဖြစ်၏ ဟူသော ဘုရားသခင်၏အလိုတော်ကို သင်ရို့ သိနိုင်ကြလိမ့်မည်။
သို့ဖြစ်လျှင် ငါရို့သည် ဤယုံကြည်ခြင်းအားဖြင့် ပညတ်တရားကို ပယ်ကြသည်ဟု ဆိုလိုသလော။ လုံးဝမပယ်သည့်အပြင် ငါရို့သည် ပညတ်တရားကို ထောက်ခံလျက် ဟိကြပေ၏။
ပညတ်တရားသည် ဝိညာဉ်တော်တရားနှင့် ဆက်စပ်လျက်ဟိသည်ကို ငါရို့ သိကြ၏။ သို့သော်လည်း ငါသည် ဇာတိပကတိ၌ ဟိသည်ဖြစ်၍ အပြစ်တရား၏ ကျွန်အဖြစ်သို့ ရောက်နိန်ရ၏။
ထိုသို့ ငါသည် မကျင့်ချင်သောအကျင့်ကို ကျင့်နိန်ရသည်မှန်လျှင် ပညတ်တရား ကောင်းမြတ်ကြောင်းကို ငါ ဝန်ခံခြင်း ဖြစ်၏။
ပညတ်တရားသည် သုံးသင့်သည့်အတိုင်း သုံးလျှင် ကောင်းမြတ်သည်ကို ငါရို့ သိကြ၏။