9 အကြောင်းမူကား ခရစ်တော်သည် သီခြင်းမှ ထမြောက်လာပြီးဖြစ်၍ ကိုယ်တော်သည် နောက်တဖန် မသီနိုင်ကြောင်းကို လည်းကောင်း၊ သီခြင်းတရားသည်လည်း ကိုယ်တော့်ကို မအုပ်စိုးနိုင်ကြောင်းကိုလည်းကောင်း ငါရို့ သိကြ၏။
သို့ရာတွင် အာဒံလက်ထက်မှစ၍ မောသျှေလက်ထက်တိုင်အောင် သီခြင်းတရားသည် လူသားအားလုံးကို အစိုးရလေ၏။ အာဒံ ပြစ်မှားခသည့်နည်းတူ ပညတ်တရား မိန့်မှာချက် တစ်ခုကိုပင် လွန်ကျူး၍ မပြစ်မှားသော သူရို့ကိုလည်း အစိုးရလေ၏။ ထိုအာဒံသည် နောက်လာမည့် အသျှင်၏ပုံကို ဆောင်ခြင်းဖြစ်၏။
ထို့အပြင် ခရစ်တော်သည် အသီခံပြီးပြီဖြစ်၍ အပြစ်တရားသည် ကိုယ်တော်အား မအုပ်စိုးနိုင်ယာ။ ယခုတွင် ကိုယ်တော်သည် ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ကာ အသက်ရှင် လျက်ဟိ၏။
အကြောင်းမူကား သင်ရို့သည် ပညတ်တရားအောက်၌ အသက်ရှင်နိန်ကြသည်မဟုတ်၊ ဘုရားသခင်၏ကျေးဇူးတရားအောက်၌ အသက်ရှင်နိန်ကြသော သူများဖြစ်သောကြောင့် အပြစ်တရားသည် သင်ရို့ကို အုပ်စိုးပိုင်ခွင့်မဟိယာ။
ထို့ကြောင့် ထိုအသျှင်၏အသီခံခြင်း၌ ဗတ္တိဇံကို ခံယူထားကြသည်ဖြစ်၍ ထိုအသျှင်နှင့် အတူ သင်္ဂြိုဟ်ခြင်းကို ခံထားပြီးဖြစ်ကြ၏။ သို့ဖြစ်၍ ခရစ်တော်သည် အဖ၏ဘုန်းတန်ခိုးတော်ဖြင့် သီခြင်းမှ ထမြောက်လာသကဲ့သို့၊ ငါရို့သည်လည်း အသစ်သော အသက်တာတစ်ခုဖြင့် ရှင်သန်ရကြ၏။
ထိုအသျှင်ကို ယဇ်ပုရောဟိတ်တစ်ပါးအဖြစ် ခန့်အပ်ထားသည်မှာ လူရို့၏ စည်းမျဉ်းဥပဒေ၊ အမိန့်အာဏာဖြင့် ခန့်အပ်ထားခြင်းမဟုတ်၊ မပျက်စီးနိုင်သော အသက်တာ၏ တန်ခိုးအာနုဘော်အားဖြင့် ခန့်အပ်ထားခြင်းဖြစ်၏။
ထို့ကြောင့် ယခုတွင် ကိုယ်တော်သည် မိမိအားဖြင့် ဘုရားသခင်ထံပါးသို့ ရောက်လာကြသောသူရို့အား ကယ်တင်ခြင်းငှာ အစဉ်သဖြင့် တတ်နိုင်တော်မူ၏။ အကြောင်းမူကား ကိုယ်တော်သည် ထိုသူရို့အတွက် ဘုရားသခင်ကို အသနားခံရန် ထာဝရအသက်ရှင်တော်မူသောကြောင့်ဖြစ်၏။
ငါသည် အသက်ရှင်တော်မူသော သူဖြစ်၏။ ငါသည် သီခသော်လည်း အဂုတွင် ထာဝရအသက်ရှင်လျက် ဟိ၏။ ငါသည် သီခြင်းတရားနှင့် မရဏာနိုင်ငံကို အစိုးရ၏။