Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရောမ 6:17 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

17 သင်ရို့သည် တစ်ချိန်က အပြစ်တရား၏ ကျွန်တိ ဖြစ်ခဖူးသော်လည်း ယခုတွင် ခံယူထားသော ဩဝါဒစကား၌ တွိ့ရသော သမ္မာတရားများကို စိတ်နှလုံးအကြွင်းမဲ့ လိုက်နာကြသည်ဖြစ်၍ ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းပါ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရောမ 6:17
37 ပူးပေါင်းရင်းမြစ်များ  

သူရို့သည် ပေတရု၏စကားကို ကြားကြသောအခါ ပြစ်တင်ဝေဖန်ခြင်းကို ရပ်ကြပြီးလျှင် “ဘုရားသခင်သည် လူမျိုးခြားတိကိုလည်း နောင်တရ၍ အသက်ရှင်ရန် အခွင့်ထူးကို ပီးတော်မူယာ” ဟု ဆို၍ ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းကြ၏။


ရောမမြို့၌ ဟိသော ယုံကြည်သူများသည် အကျွန်ရို့၏ သတင်းကို ကြားကြလျှင်၊ ကြိုဆိုခြင်းငှာ တချို့သည် အပ္ပိဈီးတိုင်အောင်လည်းကောင်း၊ တချို့သည် ဧည့်ရိပ်သာသုံးဆောင်ဟု ခေါ်သော အရပ်တိုင်အောင်လည်းကောင်း လာကြ၏။ ပေါလုသည် ထိုသူရို့ကို မြင်သောအခါ ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းလျက် ကြီးစွာ စိတ်အားတက်လေ၏။


ဘုရားသခင်သည် ခရစ်တော်၏အကျိုးအလို့ငှာ တမန်တော်တစ်ယောက် ဖြစ်ရသောအခွင့်ထူးကို ထိုအသျှင်အားဖြင့် အကျွန့်အား ပီးတော်မူ၏။ အကြောင်းမှာ လူသားအားလုံးသည် ကိုယ်တော့်ကို ယုံကြည်၍ နာခံလိုက်လျှောက်ကြစီရန်ဖြစ်၏။


ပထမဦးဆုံးအနေဖြင့် ငါသည် သင်ရို့အားလုံးအတွက် ငါ၏ဘုရားသခင်ကို ယေသျှုခရစ်တော်အားဖြင့် ကျေးဇူးတင်ပါ၏။ အကြောင်းမူကား သင်ရို့၏ယုံကြည်ခြင်း အကြောင်းကို တစ်ကမ္ဘာလုံးက ကြားသိနိန်ကြသောကြောင့် ဖြစ်၏။


ဘုရားသခင်အား တခြားလူမျိုးတိ လိုက်နာလာရန် ခရစ်တော်သည် ငါ့အားဖြင့် ပြုတော်မူသမျှတိကိုသာ ငါသည် ရဲဝံ့စွာပြော၏။ ထိုသို့ လိုက်နာလာကြစီခြင်းငှာ ခရစ်တော်သည် ငါ့အား နှုတ်တော်ထွက် မိန့်တော်မူချက်များဖြင့်လည်းကောင်း၊ လက်တွိ့ လုပ်ဆောင်မှုများဖြင့်လည်းကောင်း၊


သို့ရာတွင် ယခုအခါ၌ ထိုသမ္မာတရားသည် ပရောဖက်များ ရီးထားခသည်နှင့်အညီ ပေါ်ထွန်းခပြီးဖြစ်၏။ လူသားအားလုံးသည် ဘုရားသခင်ကို ယုံကြည်၍ နှုတ်ကပတ်တော်ကို နာခံလာကြရန် ထာဝရဘုရားသခင်၏ အမိန့်တော်အားဖြင့် ထိုသမ္မာတရားကို လူမျိုးအပေါင်းရို့အား ကြားသိစီတော်မူလေပြီ။


သို့ရာတွင် တစ်ကိုယ်ကောင်းဆန်၍ မတရားသောအမှုကို ပြုခြင်းငှာ သမ္မာတရားကို ငြင်းပယ်သောသူရို့အား ဘုရားသခင်က မိမိ၏အမျက်ဒေါသကို သွန်းလောင်းတော်မူလိမ့်မည်။


ငါသည် ခရစ်တော်ယေသျှုအားဖြင့် သင်ရို့ကို ဘုရားသခင် ပီးတော်မူသော ကျေးဇူးတော်ကို ထောက်၍ သင်ရို့အဖို့အလို့ငှာ ဘုရားသခင်၏ ကျေးဇူးတော်ကို အစဉ်ချီးမွမ်းပါ၏။


ထို့ကြောင့် ညီအစ်ကိုမောင်နှမရို့၊ ငါသည် သင်ရို့ပါးသို့ လာ၍ အမျိုးမျိုးသော ဘာသာစကားကို ပြောဆိုသော်လည်း ဘုရားသခင်၏ ဗျာဒိတ်တော်အားဖြင့် ဖြစ်စီ၊ အသိပညာအားဖြင့် ဖြစ်စီ၊ ပုရောဖက်ဟောပြောခြင်းအားဖြင့် ဖြစ်စီ၊ ဆုံးမသွန်သင်အားဖြင့် ဖြစ်စီ မဟောပြောလျှင် သင်ရို့၌ ဇာအကျိုးဟိမည်နည်း။


သို့ရာတွင် ငါရို့ကို ခရစ်တော်၌ အစဉ်မပြတ် အောင်ပွဲခံစီ၍ ကိုယ်တော့်ကို သိသောဉာဏ်၏ မွှီးကြိုင်သောရနံ့ကို နီရာတိုင်း၌ ငါရို့အားဖြင့် ပြန့်နှံ့စီတော်မူသော ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းကြလော့။


ငါသည် သင်ရို့ကို အကြောင်းပြု၍ အစဉ်မပြတ် ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်း၏။ ငါသည် ဆုတောင်းပတ္ထနာပြုသောအခါ၌ သင်ရို့ကို အောက်မိ့သတိရ၍၊


အဂုတွင် ငါရို့သည် သင်ရို့အတွက်ကြောင့် ငါရို့၏ဘုရားသခင်အား ကျေးဇူးတော်ကို ချီးမွမ်းနိုင်ကြ၏။ သင်ရို့အကြောင်းကြောင့် ငါရို့သည် ကိုယ်တော်၏ ရှိ့မှောက်၌ ဝမ်းမြောက်ရွှင်လန်းမှုကို ခံစားကြရသည့်အတွက် အသျှင်ဘုရားအား ကျေးဇူးတော်ကို ချီးမွမ်းကြ၏။


ညီအစ်ကိုမောင်နှမရို့၊ သင်ရို့ကို အကြောင်းပြု၍ ငါရို့သည် ဘုရားသခင်အား ကျေးဇူးတော်ကို အစဉ်မလတ် ချီးမွမ်းကြရ၏။ ထိုသို့ ကျေးဇူးတော်ချီးမွမ်းခြင်းသည် ငါရို့ အတွက် အလွန်သင့်မြတ်၏။ အကြောင်းမူကား သင်ရို့၏ ယုံကြည်ခြင်းသည် အလွန် ကြီးထွားလျက် သင်ရို့သည် အချင်းချင်း တစ်ယောက်ကိုတစ်ယောက် ချစ်သော မေတ္တာသည်လည်း သာ၍ တိုးပွား လာသောကြောင့် ဖြစ်၏။


ခရစ်တော်ယေသျှု၌ဟိသော ယုံကြည်ခြင်းနှင့် ချစ်ခြင်းမေတ္တာနှင့်အတူ ငါ့ပါးက ကြားရသမျှသော စစ်မှန်သည့်ဩဝါဒကို စံနမူနာအဖြစ်ဖြင့် ဆုပ်ကိုင်ထားလော့။


ငါ့ညီ ဖိလေမုန်၊ ငါသည် ဆုတောင်းသည့်အခါတိုင်း သင့်ကို အောက်မိ့လျက် ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းပါ၏။


အာဗြဟံသည် မိမိအား ပီးမည်ဟု ဘုရားသခင် ကတိပြုထားသောပြည်သို့ ထွက်ခွာရန် ဘုရားသခင်က သူ့အား ခေါ်တော်မူသောအခါ သူသည်ယုံကြည်ခြင်းအားဖြင့် နာခံလျက် မိမိမည်သည့်အရပ်သို့ လားရမည်ကို မသိသော်လည်း ဇာတိပြည်မှ ထွက်လားလေ၏။


ထို့ကြောင့် ကိုယ်တော်သည် စုံလင်ခြင်းသို့ ရောက်သောအခါ မိမိကို နာခံသောသူအပေါင်းရို့အား ထာဝရကယ်တင်ခြင်းကို ပီးသောအသျှင် ဖြစ်လာတော်မူ၏။


အဂုတွင် သင်ရို့သည် သမ္မာတရားကို လိုက်လျှောက်ခြင်းအားဖြင့် မိမိရို့၏ စိတ်နှလုံးအား စင်ကြယ်စီကြပြီး အခြားသော ယုံကြည်သူအချင်းချင်းကို ဟန်ဆောင်မှုကင်းလျက် ချစ်ကြသည်ဖြစ်၍ သင်ရို့ တစ်ယောက်ကိုတစ်ယာက် စိတ်နှလုံးအကြွင်းမဲ့ ချစ်ကြလော့။


သင်ရို့မူကား ရွီးကောက်ခံရသောအမျိုး၊ တော်ဝင် ယဇ်ပုရောဟိတ်အမျိုး၊ သန့်ယှင်းသော လူမျိုး၊ ဘုရားသခင် ပိုင်တော်မူသော လူမျိုးတော် ဖြစ်ကြ၏။ ထိုသို့ ရွီးကောက်ခြင်း ခံရသည်မှာ ဘုရားသခင် ပြုတော်မူသော အံ့ဩဖွယ် အမှုအရာများကို ကြေညာနိုင်စီခြင်းငှာ၊ ဘုရားသခင်သည် သင်ရို့အား မှောင်မိုက်ထဲမှ အံ့ဖွယ်သော အလင်းထဲသို့ ခေါ်ယူတော်မူခြင်းဖြစ်၏။


ထိုနည်းတူစွာ အိမ်ထောင်သျှင်မရို့၊ သင်ရို့ အိမ်ထောင်သျှင်၏ အုပ်စိုးခြင်းကို ဝန်ခံကြလော့။ ထို့သို့ပြုလျှင် သင်ရို့၌ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မယုံကြည်သော အိမ်ထောင်သျှင်တိ ဟိပါက သူရို့သည် သင်ရို့၏ အပြုအမူကိုထောက်၍ ယုံကြည်လာကြလိမ့်မည်။ ထိုသို့ပြုလျှင် သင်ရို့၏ နှုတ်အားဖြင့် ပြောရန်ပင် မလိုပေ။


အကြောင်းမူကား တရားစီရင်ခြင်းကို အစပြုမည့် အချိန်သည် ရောက်လာလေပြီ။ ဘုရားသခင်၏ လူစုတော်သည် တရားစီရင်တော်မူခြင်းကို ဦးစွာ ခံရကြမည်။ ငါရို့သည် ဦးစွာ တရားစီရင်တော်မူခြင်း ခံရကြလျှင် ဘုရားသခင်၏ သတင်းကောင်းကို မယုံကြည်သောသူတိကား မည်သို့ ဖြစ်လိမ့်မည်နည်း။


သင်၏ သားသမီးတချို့သည် ငါရို့အား ခမည်းတော် ပညတ်တော်မူခသည့် အတိုင်း သမ္မာတရား၌ အသက်ရှင်လိုက်လျှောက်နိန်ကြကြောင်း တွိ့ရသဖြင့် ငါ အလွန်ဝမ်းမြောက်၏။


သင်သည် သမ္မာတရားကို အမြဲတစီ လိုက်လျှောက်ခသည့်အတိုင်း သမ္မာတရားကို သစ္စာနှင့် လိုက်လျှောက်လျက် ဟိကြောင်းကို ညီအစ်ကို မောင်နှမ တချို့သည် ငါ့ပါးသို့ ရောက်လာ၍ ပြောပြကြသဖြင့် ငါသည် အလွန်ဝမ်းသာ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ