12 ထို့ကြောင့် သင်ရို့သည် သင်ရို့၏ ဇာတိခန္ဓာအလို နောက်သို့ လိုက်ပါကြရသည့်တိုင်အောင်၊ သီတတ်သောသင်ရို့၏ဇာတိခန္ဓာ၌ အပြစ်တရားကို အုပ်စိုးခွင့် မပီးကတ်ကေ့။
အပြစ်နှင့် ယှက်နွယ်နိန်သော ကိုယ်ကာယ၏ တပ်မက်စိတ်အလိုနောက်သို့ မလိုက်ကြဘဲ၊ အသျှင်ယေသျှုခရစ်တော်၏ လက်နက်စုံကို ယူဆောင်၍ ဝတ်ဆင်ထားကြလော့။
သို့ရာတွင် တစ်ကိုယ်ကောင်းဆန်၍ မတရားသောအမှုကို ပြုခြင်းငှာ သမ္မာတရားကို ငြင်းပယ်သောသူရို့အား ဘုရားသခင်က မိမိ၏အမျက်ဒေါသကို သွန်းလောင်းတော်မူလိမ့်မည်။
ထိုသို့ဖြစ်လျှင် အပြစ်တရားသည် သီခြင်းကို အုပ်စိုးသည့်နည်းတူ၊ ဘုရားသခင်၏ကျေးဇူးတော်သည်လည်း ငါရို့အသျှင် ယေသျှုခရစ်တော်အားဖြင့် ထာဝရအသက်ကို ရစီခြင်းငှာ ဖြောင့်မတ်ခြင်းတရားသည် ငါရို့အား အုပ်စိုးလျက်ဟိ၏။
အကြောင်းမူကား သင်ရို့သည် ပညတ်တရားအောက်၌ အသက်ရှင်နိန်ကြသည်မဟုတ်၊ ဘုရားသခင်၏ကျေးဇူးတရားအောက်၌ အသက်ရှင်နိန်ကြသော သူများဖြစ်သောကြောင့် အပြစ်တရားသည် သင်ရို့ကို အုပ်စိုးပိုင်ခွင့်မဟိယာ။
သင်ရို့သည် သီခြင်းတရားသို့ ပို့ဆောင်သော အပြစ်တရား၌ဖြစ်စီ၊ ဖြောင့်မတ်ခြင်းတရားသို့ ပို့ဆောင်သော နာခံခြင်းတရား၌ဖြစ်စီ ကျွန်အဖြစ်ဖြင့် အစီခံလျှင် ထိုသခင်၏အမိန့်ကို နာခံကြရမည်ကို မသိကြသလော။
ထိုမျှမက ယေသျှုကို သီခြင်းမှ ထမြောက်စီတော်မူသော ဘုရားသခင်၏ဝိညာဉ်တော်သည် သင်ရို့အထဲ၌ ကိန်းဝပ်တော်မူလျှင် ခရစ်တော်ကို သီခြင်းမှ ထမြောက်စီတော်မူသော ဘုရားသခင်သည် သင်ရို့အထဲ၌ ဟိသော မိမိ၏ဝိညာဉ်တော်အားဖြင့် သီတတ်သော သင်ရို့၏ကိုယ်ခန္ဓာကိုလည်း အသက်ရှင်ရသောအခွင့်ကို ပီးတော်မူလိမ့်မည်။
အကြောင်းမူကား သင်ရို့သည် လူ့ဇာတိအလိုအတိုင်း အသက်ရှင်ကြလျှင် သီရကြလိမ့်မည်။ သို့သော် သင်ရို့သည် အပြစ်နှင့် သက်ဆိုင်သော အမူအကျင့်တိကို ဝိညာဉ်တော်အားဖြင့် သီစီလျှင် အသက်ရှင်ကြရလိမ့်မည်။
ယေသျှု အသက်ရှင်တော်မူခြင်းသည် သီတတ်သော ငါရို့ကိုယ်ခန္ဓာ၌ ထင်ရှားမည်အကြောင်း ငါရို့သည် အသက်ရှင်လျက် ဟိသမျှကာလပတ်လုံး ယေသျှုအတွက် သီဖီးနှင့် ရင်ဆိုင်လျက် နိန်ကြရ၏။
ထိုမြီကြီးခန္ဓာ၌ နီရစဉ် ငါရို့သည် ဒုက္ခကို ခံစားရ၍ ညည်းတွားကြ၏။ ထိုသို့ ညည်းတွားခြင်းမှာ ငါရို့၏ မြီကြီးခန္ဓာကို ဖယ်ယှားလို၍မဟုတ်။ သီတတ်သောအရာကို အမြဲတမ်း အသက်ရှင်သည့်အရာသို့ ပြောင်းလဲစီရန် ကောင်းကင်ဘုံနှင့်ဆိုင်သော ခန္ဓာကို လိုချင်သောကြောင့်ဖြစ်၏။
ငါဆိုသည်ကား ဝိညာဉ်တော်အားဖြင့် အသက်ရှင်ကြလော့။ သို့ပြုလျှင် လူ့ဇာတိအလိုသို့ မလိုက်ဘဲနိန်လိမ့်မည်။
ခရစ်တော် ယေသျှုနှင့်ဆိုင်သော သူရို့သည် လူ့ဇာတိစိတ်ကို လည်းကောင်း၊ ဇာတိစိတ်၏အလိုဆန္ဒများကို လည်းကောင်း လက်ဝါးကပ်တိုင်ထက်တွင် ရိုက်ထားကြပြီ။
အမှန်စင်စစ် ငါရို့သည် ထိုသူရို့ကဲ့သို့ ဇာတိ၏အလိုသို့ လိုက်လျက်၊ ကိုယ်ကာယ၏ အလိုနှင့် စိတ်၏အလိုအတိုင်း ကျင့်ခကြ၏။ ငါရို့သည် ဇာတိသဘောအတိုင်း အခြားသူများနည်းတူ ဘုရားသခင်၏ အမျက်တော်ကို ခံထိုက်သောသူတိ ဖြစ်ခကြ၏။
ထို့ကြောင့် အယင်က ကျင်လည်ခသော လူဟောင်းဘဝကို စွန့်ပစ်ကြလော့။ လိမ်လည်လှည့်ဖြားတတ်သော ဆန္ဒများကြောင့် ပျက်စီးယိုယွင်းတတ်သော လူဟောင်းကို စွန့်ပစ်ကြလော့။
ဘုရားသခင်ကို မသိသော တခြားလူမျိုးတိကဲ့သို့ ကိလေသာတပ်မက်ခြင်း စိတ်၏အလိုသို့ မလိုက်ကတ်ကေ့။
လူပျိုရို့၏ ကိလေသာတပ်မက်ခြင်း ကို ယှောင်ကြဉ်လော့။ စင်ကြယ်သောစိတ်နှင့် သခင်ဘုရား၌ ဆုတောင်း ပတ္ထနာပြုသောသူများနှင့်အတူ ဖြောင့်မတ်ခြင်း၊ သစ္စာဟိခြင်း၊ ချစ်ခြင်း၊ ငြိမ်သက်ခြင်း ဟိစီခြင်းငှာ ကြိုးစားအားထုတ်လော့။
ဘုရားမဲ့ တရားမဲ့ နီထိုင်ခြင်းနှင့် လောကီတပ်မက်ခြင်းများကို စွန့်ပယ်၍ ယခုမျက်မှောက်ကာလ၌ ဣန္ဒြေသိက္ခာဟိစွာဖြင့် ဖြောင့်မတ်မှန်ကန်ပြီး ဘုရားဝတ်၌ ပျော်မွိ့သော အသက်တာဖြင့် အသက်ရှင်ကြရန်လည်းကောင်း၊
အကြောင်းမူကား တစ်ချိန်က ငါရို့သည်လည်း မိုက်မဲသောသူ၊ နာခံခြင်းမဟိသောသူ၊ လှည့်ဖြားသောသူတိ ဖြစ်ကြပြီး၊ အမျိုးမျိုးသော တပ်မက်ခြင်းနှင့် ကာမဂုဏ်ခံစားခြင်းတိ၌ ကျွန်ခံ၍ မနာလိုမှု၊ ရန်ငြိုးထားမှုများ၌ ကျင်လည်ကာ တစ်ယောက်ကို တစ်ယောက် မုန်းတီးလျက် အသက်ရှင်ခကြ၏။
မသိနားမလည်စဉ်အခါက မိမိရို့၏ စိတ်ဆန္ဒဟိသည့်အတိုင်း ပြုမူခသကဲ့သို့ ဆက်လက်မပြုမူဘဲ ဘုရားသခင်၏စကားကို နားထောင်ကြလော့။
အဆွီရို့၊ သင်ရို့သည် ဤလောကတွင် အာဂန္တုများဖြစ်ကြသဖြင့် စိတ်ဝိညာဉ်ကို အစဉ်သဖြင့် ဆန့်ကျင်တိုက်ခိုက်လျက်နိန်သော ကိုယ်ကာယတပ်မက်မှုများကို အယှုံးမပီးကြရန် ငါ တိုက်တွန်းနှိုးဆော်ပါ၏။
ဤလူအပေါင်းရို့သည် အစဉ်မလပ် ညည်းတွားတတ်သောသူ၊ သူတစ်ပါးအား အပြစ်တင်တတ်သောသူတိ ဖြစ်ကြပြီး၊ မိမိရို့ ဆိုးညစ်သော စိတ်ဆန္ဒအတိုင်း လျှောက်လှမ်း တတ်ကြ၏။ မိမိရို့အကြောင်းကိုလည်း ကြွားဝါတတ်ကြပြီး မိမိကိုယ်ကျိုးအတွက် သူတစ်ပါးရို့အား မြှောက်ပင့်ပြောဆို တတ်ကြ၏။
သူရို့က “နောက်ဆုံးသော ကာလ၌ သင်ရို့ကို ပျက်ရည်ပြုသောသူတိ၊ မိမိရို့၏ ဆန္ဒဟိသည့်အတိုင်း ဘုရားတရားမဲ့ ပြုမူသောသူတိ ပေါ်လာလိမ့်မည်” ဟု သင်ရို့အား ပြောခကြ၏။