11 ထိုနည်းတူ သင်ရို့သည်လည်း အပြစ်တရားနှင့် ဆိုင်သောအရာ၌ သီလျက်ဟိပြီး၊ ယေသျှု ခရစ်တော်အားဖြင့် ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ကာ အသက်ရှင်လျက်ဟိကြသည်ဟု ကိုယ့်ကိုယ်ကို ထင်မှတ်ကြလော့။
သို့သော်လည်း ယေသျှုသည် မေသျှိယတည်းဟူသော ဘုရားသခင်၏သားတော် ဖြစ်သည်ကို ယုံကြည်ကြစီခြင်းငှာလည်းကောင်း၊ ထိုသို့ယုံကြည်ခြင်းအားဖြင့် ကိုယ်တော်၏နာမတော်မြတ်၌ အသက်ကို ရစီခြင်းငှာ လည်းကောင်း ဤအရာများကို ရီးထားခြင်းဖြစ်၏။
အလုံးစုံသောဉာဏ်ပညာနှင့် ပြည့်စုံတော်မူသော တစ်ဆူတည်းသောဘုရားသခင်သည် ယေသျှုခရစ်တော်အားဖြင့် အစဉ်ထာဝရ ဘုန်းကြီးပါစီသောဝ်။ အာမင်။
ယခုတွင် ငါရို့သည် ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်သည်ဟု အသိအမှတ်ပြုခံရပြီးလျှင် ငါရို့အသျှင် ယေသျှုခရစ်တော်အားဖြင့် ဘုရားသခင်နှင့်အတူ ငြိမ်းသက်ခြင်းကို ရဟိကြ၏။
ထို့အပြင် ခရစ်တော်သည် အသီခံပြီးပြီဖြစ်၍ အပြစ်တရားသည် ကိုယ်တော်အား မအုပ်စိုးနိုင်ယာ။ ယခုတွင် ကိုယ်တော်သည် ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ကာ အသက်ရှင် လျက်ဟိ၏။
သင်ရို့၏ကိုယ်အင်္ဂါတိကို ဒုစရိုက် လက်နက်များအဖြစ်ဖြင့် အပြစ်တရားအတွက် မဆက်သကြနှင့်။ သီခြင်းမှ ထမြောက်၍ အသက်ရှင်သောသူများဖြစ်သောကြောင့် သင်ရို့၏ကိုယ်အင်္ဂါတိကို သုစရိုက်လက်နက်အဖြစ် ဖြောင့်မတ်ခြင်းတရားအတွက် ဘုရားသခင်အား ဆက်သကြလော့။
ထိုသို့ မဆိုလို။ အပြစ်တရား၌ သီဆုံးပြီးသော ငါရို့သည် ထိုအပြစ်တရား၌ ဇာပိုင်အသက် ရှင်နိုင်ပါမည်နည်း။
အပြစ်တရား၏ အခကား သီခြင်းဖြစ်၏၊ သို့ရာတွင် ဘုရားသခင်၏အခမဲ့လက်ဆောင်သည်ကား ငါရို့ အသျှင်ခရစ်တော် ယေသျှုအားဖြင့်ရသော ထာဝရအသက် ဖြစ်၏။
ထို့ကြောင့် ငါ၏ညီအစ်ကို မောင်နှမရို့၊ သင်ရို့သည်လည်း ဘုရားသခင်အတွက် အသီးကို သီးစီရန် သီခြင်းမှ ထမြောက်တော်မူသော အခြားသောသူတည်းဟူသော ကိုယ်တော်နှင့် သက်ဆိုင်စီခြင်းငှာ ပညတ်တရား၏အလိုအတွက် ခရစ်တော်၏ကိုယ်ခန္ဓာအားဖြင့် အသီခံထားပြီးခယာ။
သို့သော်လည်း ယခင်က ငါရို့ကို ချုပ်နှောင်ထားသော ပညတ်တရားလက်၌ ငါရို့သည် အသီခံထားပြီးဖြစ်၍ ယခုမူကား ထိုပညတ်တရားမှ လွတ်မြောက်လျက်ဟိကြ၏။ သို့ဖြစ်၍ ငါရို့သည် ကျမ်းစာ၌ ရီးထားသော ပညတ်ဟောင်းအတိုင်း မဟုတ်ဘဲ ဝိညာဉ်တော်၏ နည်းလမ်းသစ်အတိုင်း လုပ်ဆောင်လျက်ဟိကြ၏။
ယခုမျက်မှောက်ကာလ၌ ငါရို့ ခံရသော ဆင်းရဲဒုက္ခသည်ကား ပေါ်ထွန်းလာမည့် ဘုန်းတန်ခိုးတော်နှင့် မနှိုင်းယှဉ်အံ့ဟု ငါသည် ဆင်ခြင်မိ၏။
ကိုယ်တော်သည် သင်ရို့အား အဖိုးအခဖြင့် ဝယ်ထားတော်မူ၏။ ထို့ကြောင့် သင်ရို့၏ ကိုယ်ခန္ဓာကို ဘုရားသခင်၏ဘုန်းတော် အဖို့ အသုံးပြုကြလော့။
ဤသို့ပြုတော်မူခြင်းမှာ နောင်ကာလ၌ ခရစ်တော်ယေသျှုအားဖြင့် ငါရို့အဖို့ ထားတော်မူသော ကရုဏာတော်၌ တုနှိုင်း၍ မမီသော ကိုယ်တော်၏ကျေးဇူးတော်ကို သိမြင်နိုင်ကြစီခြင်းငှာ ဖြစ်၏။
ထို့နောက် ဘုရားသခင်၏ ဘုန်းတော် ထွန်းတောက်စီရန်နှင့် ချီးမွမ်းကြစီရန် ယေသျှုခရစ်တော်အားဖြင့်သာ ဖြောင့်မတ်ခြင်းအသီးနှင့် ပြည့်စုံလိမ့်မည်။
ထိုသို့ပြုလျှင် လူ့ဉာဏ်ဖြင့် ကြံစည်၍ မမီနိုင်သော ဘုရားသခင်၏ ငြိမ်သက်ခြင်းသည် ခရစ်တော်ယေသျှုအားဖြင့် သင်ရို့၏ စိတ်နှလုံးနှင့် အကြံအစည်များကို ကွယ်ကာစောင်မလိမ့်မည်။
သင်ရို့သည် ခရစ်တော်နှင့်အတူ သီဆုံးလားပြီဖြစ်၍ ဤစကြာဝဠာဆိုင်ရာ ဝိညာဉ်များ၏ အုပ်စိုးခြင်းမှ လွတ်မြောက်လျက်ဟိ၏။ သို့ဖြစ်ပါလျက် သင်ရို့သည် လောကီသားတိကဲ့သို့ ဇာကြောင့် အသက်ရှင်နိန်ကြသနည်း။
စကားပြောဆိုရာ၌ လည်းကောင်း၊ ဆောင်ရွက်ရာ၌ လည်းကောင်း သင်ရို့ပြုမူသမျှ၌ အသျှင်ယေသျှု၏ နာမတော်ကို ထောက်၍ ခပ်သိမ်းသောအမှုကို ပြုကြလော့။ ထိုအသျှင်ကို အမှီပြုလျက် အဖဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းကြလော့။
ငါရို့သည် အပြစ်တရား၌ သီဆုံး၍ ဖြောင့်မတ်ခြင်းတရား၌ အသက်ရှင်စီမည်အကြောင်း ခရစ်တော်သည် ငါရို့၏ အပြစ်များကို မိမိ၏ကိုယ်ခန္ဓာ၌ ယူဆောင်ကာ ကိုယ်တော်တိုင် လက်ဝါးကပ်တိုင်ထက်၌ အသီခံတော်မူ၏။ သင်ရို့သည် ကိုယ်တော်၏ ဒဏ်ရာဒဏ်ချက်တော်အားဖြင့် အနာပျောက်ကင်းခြင်း အခွင့်ကို ရကြ၏။
ဝိညာဉ်ဆိုင်ရာ ဗိမာန်တော် တည်ဆောက်ခြင်း၌ သင်ရို့ကိုယ်တိုင်သည်လည်း အသက်ရှင်သော ကျောက်အဖြစ်နန့် အသုံးတော် ခံကြလော့။ ထိုဗိမာန်တော်တွင် သင်ရို့သည် ယေသျှုခရစ်အားဖြင့် ဘုရားသခင် နှစ်သက်တော်မူသော ဝိညာဉ်ဆိုင်ရာ ယဇ်ကို ပူဇော်ခြင်းငှာ သန့်ယှင်းသော ယဇ်ပုရောဟိတ်များကဲ့သို့ ဆောင်ရွက်ကြလိမ့်မည်။
ဟောပြောသူသည် ဘုရားသခင်၏ ဗျာဒိတ်တော်ကို ဟောပြောစီ။ လုပ်ဆောင်သောသူသည် ဘုရားသခင်ပီးတော်မူသော အစွမ်းသတ္တိအတိုင်း လုပ်ဆောင်စီ။ သို့မှသာ ပြုလေသမျှသော အမှုများတွင် ယေသျှု ခရစ်အားဖြင့် ဘုရားသခင်၏ ဘုန်းတော်ကို ချီးမွမ်းကြလိမ့်မည်။ ထိုအသျှင်၏ ဘုန်းတန်ခိုးတော်သည် ကမ္ဘာအဆက်ဆက် ထွန်းတောက်တော်မူပါစီသတည်း။ အာမင်။