Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရောမ 6:10 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

10 ထို့အပြင် ခရစ်တော်သည် အသီခံပြီးပြီဖြစ်၍ အပြစ်တရားသည် ကိုယ်တော်အား မအုပ်စိုးနိုင်ယာ။ ယခုတွင် ကိုယ်တော်သည် ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ကာ အသက်ရှင် လျက်ဟိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရောမ 6:10
10 ပူးပေါင်းရင်းမြစ်များ  

ထိုသူရို့သည် ဘုရားသခင်၏ရှိ့၌ အသက်ရှင်သော သူတိဖြစ်သည့်အတွက် ဘုရားသခင်သည် သီသောလူတိ ဘုရားမဟုတ်။ အသက်ရှင်သော သူရို့၏ ဘုရားဖြစ်တော်မူ၏” ဟု မိန့်တော်မူ၏။


ထိုနည်းတူ သင်ရို့သည်လည်း အပြစ်တရားနှင့် ဆိုင်သောအရာ၌ သီလျက်ဟိပြီး၊ ယေသျှု ခရစ်တော်အားဖြင့် ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ကာ အသက်ရှင်လျက်ဟိကြသည်ဟု ကိုယ့်ကိုယ်ကို ထင်မှတ်ကြလော့။


အကြောင်းမူကား ခရစ်တော်သည် သီခြင်းမှ ထမြောက်လာပြီးဖြစ်၍ ကိုယ်တော်သည် နောက်တဖန် မသီနိုင်ကြောင်းကို လည်းကောင်း၊ သီခြင်းတရားသည်လည်း ကိုယ်တော့်ကို မအုပ်စိုးနိုင်ကြောင်းကိုလည်းကောင်း ငါရို့ သိကြ၏။


လူ့ဇာတိသည် အားနည်းသောကြောင့် ပညတ်တရား မတတ်နိုင်သောအမှုကို ဘုရားသခင် ပြုတော်မူခြင်းဖြစ်၏။ ဘုရားသခင်သည် မိမိ၏သားတော်ကို လူ့ဇာတိကိုဆောင်၍ စီရွှတ်လိုက်ကာ ထိုသားတော်အားဖြင့် အသွီးအသား၌ဟိသော အပြစ်ကို ဒဏ်ခတ်တော်မူလေ၏။


ကိုယ်တော်သည် လူအပေါင်းရို့အတွက် အသီခံတော်မူသည့်အကြောင်းမှာ အသက်ရှင်လျက်ဟိသော သူရို့သည် မိမိရို့အတွက် အသက်မရှင်ကြတော့ဘဲ မိမိရို့အတွက် အသက်ကို စွန့်တော်မူပြီး ရှင်ပြန်ထမြောက်တော်မူသော သခင်အဖို့ အသက်ရှင်ကြစီရန် ဖြစ်သတည်း။


ခရစ်တော်သည် အပြစ်ကင်းသော်လည်း ဘုရားသခင်သည် ငါရို့အပြစ်အတွက်ကြောင့် ခရစ်တော်အား အပြစ်ဟိသောသူဟု မှတ်တော်မူ၏။ ဤသည်ကား ငါရို့သည် ထိုအသျှင်အားဖြင့် ဘုရားသခင်ရှိ့တော်၌ ဖြောင့်မတ်သောသူ ဖြစ်မည်အကြောင်းတည်း။


ဇာကြောင့်ဆိုသော် မဖြောင့်မတ်သောသူတည်းဟူသော သင်ရို့အားလုံးကို ဘုရားသခင်ထံတော်သို့ ပို့ဆောင်ပီးခြင်းငှာ ဖြောင့်မတ်သောသူတည်းဟူသော ခရစ်တော်သည် ငါရို့အပြစ်တိအတွက် တစ်ကြိမ်တည်းနှင့်အပြီး အသီခံတော်မူခ သောကြောင့် ဖြစ်၏။ ကိုယ်တော်သည် ကိုယ်ကာယအားဖြင့် အသီသတ်ခြင်းကို ခံရသော်လည်း ဝိညာဉ်တော်အားဖြင့် အသက်ရှင်လျက် ဟိတော်မူ၏။


ဤအကြောင်းကြောင့် သီလွန်သော သူရို့ကိုလည်း သတင်းကောင်းကို ဟောပြောရခြင်းဖြစ်၏။ ဤသည်ကား ထိုသူရို့သည် ကိုယ်ကာယအားဖြင့် အသက်ရှင်စဉ်အခါက လူတိုင်းနည်းတူ အပြစ်စီရင်ခြင်းကို ခံရသော်လည်း ဝိညာဉ်မူကား ဘုရားသခင်အားဖြင့် အသက်ရှင်ရန် ဖြစ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ