Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရောမ 3:8 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

8 ထိုအခါ လူတချို့က “ငါရို့သည် ကောင်းကျိုးဖြစ်လာဖို့ မကောင်းသော အကျင့်ကို ငါရို့ ကျင့်ကတ်မေ” လို့ ဇာကြောင့် မပြောလဲ ဟူ၍ ငါပြောသည့်စကားဖြင့် ငါ့ကို စွပ်စွဲပြီး ငါ့အား အပြစ်တင်ကြ၏။ ထိုသူရို့သည် မိမိရို့ ပြုသည့်အတိုင်း ထိုက်တန်သည့်ပြစ်ဒဏ်စီရင်ခြင်းကို ခံကြရလိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရောမ 3:8
10 ပူးပေါင်းရင်းမြစ်များ  

“သင်ရို့သည် ငါ့တပည့်ဖြစ်သောကြောင့် လူတိက မဟုတ်မမှန် စွပ်စွဲ၍ အပြစ်ရှာလျက် ညှည်းပန်းနှိပ်စက်လာကြသောအခါ သင်ရို့သည် မင်္ဂလာဟိကြ၏။


အပြစ်လုပ်ခြင်းကို ထင်ရှားစီခြင်းငှာ ပညတ်တရားသည် ဝင်ရောက်လာရ၏။ သို့ရာတွင် အပြစ်တရား ထင်ရှားသောအရာ၌ ဘုရားသခင်၏ကျေးဇူးတော်သည် သာ၍ ထင်ရှားလာ၏။


ထိုသို့ဖြစ်လျှင် ငါရို့သည် ဇာပိုင်ပြောရပါမည်နည်း။ ငါရို့သည် ဘုရားသခင်၏ကျေးဇူးတော် တိုးပွားခြင်းငှာ အပြစ်တရား၌ ဆက်လက်၍ အသက်ရှင်ရဖို့လား။


ငါရို့သည် ပညတ်တရားအောက်၌မဟိ၊ ဘုရားသခင်၏ကျေးဇူးတရားအောက်၌ ဟိကြသည်ဖြစ်၍ အပြစ်ကို ပြုသင့်သလော။ ထိုသို့မပြုရ။


သို့ဖြစ်၍ ပညတ်တရားသည် အပြစ်ဟိသည်ဟု ငါရို့ ပြောရမည်လား။ ထိုသို့ မဆိုလို။ သို့ရာတွင် ပညတ်တရားကမဖော်ပြလျှင် အပြစ်သဘောကို ငါသိလိမ့်မည် မဟုတ်။ “သူတစ်ပါး ပိုင်ဆိုင်သောအရာကို လိုချင်တပ်မက်စိတ်မဟိရ” ဟု ပညတ်တရားက မပြောလျှင် ထိုတပ်မက်သော စိတ်သဘောကို ငါ သိလိမ့်မည် မဟုတ်။


သို့ဖြစ်၍ သူ၏အခိုင်းအစီများသည် ဖြောင့်မတ်ခြင်း၏ အခိုင်းအစီများ ဖြစ်ယောင်ဆောင်ကြသည်မှာ အံ့ဖွယ်မဟုတ်ပေ။ အဆုံး၌ သူရို့သည် မိမိရို့ ပြုမူကြသည့်အတိုင်း ထိုက်တန်သည့် အ​ကျိုးအ​ပြစ်​ကို ခံကြရလိမ့်မည်။


ငါရို့သည် ချီးမြှောက်ခြင်းနှင့် ယှုတ်ချခြင်းကို လည်းကောင်း၊ ကဲ့ရဲ့ခြင်းနှင့် ချီးမွမ်းခြင်းကို လည်းကောင်း ခံရကြ၏။ လူလိမ်များဟု သတ်မှတ်ကြသော်လည်း ငါရို့သည် သစ္စာစကားကို ပြောဆိုကြ၏။


အကြောင်းမူကား ဘုရားဝတ်၌ မွိ့ပျော်ခြင်းမဟိသော လူတချို့သည် သင်ရို့အထဲသို့ တိတ်တဆိတ် ဝင်ရောက်လျက် ဟိနိန်ကြသောကြောင့် ဖြစ်၏။ သူရို့သည် ငါရို့ ဘုရားသခင်၏ ကျေးဇူးတော်ကို သူရို့၏ ကာမဂုဏ်လိုက်စားခြင်းအဖြစ် မှောက်လှန်ကြလျက် ငါရို့၏ တစ်ပါးတည်းသောအသျှင်နှင့် သခင် ဖြစ်တော်မူသော ယေသျှုခရစ်တော်ကို ငြင်းပယ်ကြ၏။ ထိုသူရို့ကား ရှီးမဆွကပင်လျှင် ပြစ်ဒဏ်စီရင်ရန် သမ္မာကျမ်းစာ၌ ဖော်ပြထားပြီးဖြစ်ကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ