ရောမ 3:21 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား21 သို့ရာတွင် ယခုအခါ၌ ဘုရားသခင်သည် မိမိ၏ဖြောင့်မတ်ခြင်းတရားလမ်းကို ကိုယ်တော်တိုင် ဖော်ပြထား၏။ မောသျှေနှင့် ပရောဖက်များ၏ပညတ္တိကျမ်းသည် ထိုဖြောင့်မတ်ခြင်းတရားကို သက်သီခံ၍ ရီးထားခသည်ဖြစ်သော်လည်း ပညတ်တရားဖြင့် ကျင့်ကြရန် မပါဟိပေ။ အခန်းကိုကြည့်ပါ။ |
ထို့ကြောင့် သူရို့သည် ပေါလုကို ရက်ချိန်းပီးကြပြီး၊ ထိုနိ့ရက် ရောက်လာသောအခါ များစွာသောလူရို့သည် ပေါလုတည်းခိုရာသို့ ရောက်လာကြ၏။ ပေါလုကလည်း ထိုသူရို့အား မိုးထဖက်မှ စ၍ ညမိုးချုပ်သည်ထိတိုင်အောင် ဘုရားသခင်၏ နိုင်ငံတော်အကြောင်းကို ယှင်းပြဟောပြောလေ၏။ ယေသျှု၏ အကြောင်းကို နားလည်ယုံကြည်စီခြင်းငှာ မောသျှေ၏ပညတ္တိကျမ်းနှင့် ပရောဖက်ကျမ်းများမှ ကိုးကား၍ ကြိုးစားကာ ဟောပြောလေ၏။
ကိုယ်တော်နှင့် တစ်လုံးတစ်ဝတည်းဖြစ်နိုင်ရန် လည်းကောင်း ထိုအရာအားလုံးကို အမှိုက်ကဲ့သို့ ငါထင်မှတ်၏။ ငါသည် ပညတ်တရားကို စောင့်ထိန်းခြင်းအားဖြင့် ဖြောင့်မတ်ခြင်း မရဟိပေ။ ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့်သာလျှင် ဖြောင့်မတ်ခြင်းကို ရဟိ၏။ ထိုကဲ့သို့သော ဖြောင့်မတ်ခြင်းသည် ဘုရားသခင်ပီးသနားတော်မူသော ဖြောင့်မတ်ခြင်းဖြစ်၍ ယုံကြည်ခြင်း၌ အခြေခံ၏။