24 “သင်ရို့ ယုဒလူမျိူးကြောင့် တခြားလူမျိုးရို့သည် ဘုရားသခင်ကို ကဲ့ရဲ့ပြောဆိုကြ၏” ဟု ကျမ်းစာလာ၏။
လူတိကို ပြစ်မှားစီတတ်သော အရာများသည် ဤလောက၌ ဟိနိန်ကြသောကြောင့် ဤလောကသည် အမင်္ဂလာဟိ၏။ ဤသို့သော အရာများသည် ဟိနိန်ကြရမည်။ သို့သော်လည်း ထိုသို့ ပြစ်မှားစီသောသူသည် အမင်္ဂလာဟိ၏။
သို့ဖြစ်၍ ရန်သူတိသည် ငါရို့ကို အပြစ်ပြောခွင့် မဟိစီခြင်းငှာ အသက်အရွယ်ငယ်သော မုဆိုးမရို့သည် အိမ်ထောင်ပြု၍ သားသမီး မွီးဖွားကာ မိမိရို့၏အိမ်မှုကိစ္စများကို စောင့်ထိန်းနိန်ကြရန် ငါ လိုလား၏။
ကျွန်ဖြစ်သောသူရို့သည် မိမိရို့၏သခင်ကို ရိုသီလေးစားထိုက်သူတိ ဟူ၍ သိမှတ်ကြရမည်။ သို့မှသာလျှင် ငါရို့၏ဩဝါဒတရားကို လည်းကောင်း ဘုရားသခင်၏နာမတော်ကို လည်းကောင်း ကဲ့ရဲ့ပြောဆိုသောသူ ဟိကြမည် မဟုတ်ပေ။
ဣန္ဒြေစောင့်သောသူ၊ စင်ကြယ်သောသူ၊ အိမ်မှုကိစ္စများကို ဆောင်ရွက်သောသူ၊ ကြင်နာတတ်သောသူ၊ မိမိလင်ယောက်ျားရို့ကို နာခံတတ်သည့် ကောင်းမြတ်သော အိမ်သျှင်မတိ ဖြစ်လာကြစီရန် သွန်သင်နိုင်ကြမည် ဖြစ်သည့်အပြင် ဘုရားသခင်၏နှုတ်ကပတ်တော်ကိုလည်း ကဲ့ရဲ့ပြောဆိုခြင်းမှ ကင်းလွတ်ကြပေလိမ့်မည်။
အပြစ်တင်ခြင်းနှင့် ကင်းသည့် မှန်သောစကားကိုသာ ပြောဆိုလော့။ သို့မှသာလျှင် သင်အား ဆန့်ကျင်ဘက်ပြုသောသူသည် ငါရို့နှင့်ပတ်သက်၍ မကောင်းသောစကား တစ်ခွန်းကိုမျှ မပြောနိုင်ကြဘဲ အရှက်ရကြလိမ့်မည်။
များစွာသောလူရို့သည် ကာမဂုဏ်လိုက်စားခြင်းနောက်သို့ လိုက်ကြပြီး သမ္မာတရားကို ကဲ့ရဲ့ပြောဆို ကြလိမ့်မည်။