11 ငါ့ကဲ့သို့ ယုဒလူမျိုးတစ်ယောက်ဖြစ်သော ဟေရောဒျုန် ကိုလည်း နှုတ်ဆက်လိုက်ပါ၏။ နာကိသု၏မိသားစုထဲ၌ ပါဝင်ကြသော ယုံကြည်သူတိကိုလည်း နှုတ်ဆက်လိုက်ပါ၏။
သခင်ဘုရား၏အမှုတော်မြတ်၌ ကြိုးစားဆောင်ရွက်လျက်ဟိကြသော တရုဖဲနနှင့် တရုဖောသကိုလည်း နှုတ်ဆက်လိုက်ပါ၏။ သခင်ဘုရားအတွက် အလုပ် ကြိုးစားလုပ်ဆောင်သောသူ ငါချစ်သော အခြားသော မိန်းမဖြစ်သည့် ပေရသိကိုလည်း နှုတ်ဆက်လိုက်ပါ၏။
ငါ၏လုပ်ဖော်ကိုင်ဖက် တိမောသေနှင့် ငါ၏ ယုဒလူမျိုးတိဖြစ်ကြသော လုကိ၊ ယာသုန်နှင့် သောသိပတရု ရို့ကလည်း သင်ရို့ကို နှုတ်ဆက်လိုက်ကြ၏။
ငါနှင့်အတူ အကျဉ်းကျခံဖူးခသော ငါ၏ လူမျိုးချင်းဖြစ်သော ယုဒအမျိုးသားများဖြစ်ကြသည့် အန္ဒြောနိတ်နှင့် ယုနိကိုလည်း နှုတ်ဆက်လိုက်ပါ၏။ သူရို့သည် တမန်တော်များထဲ၌ ထင်ပေါ်သောသူများ ဖြစ်ကြသည့်အပြင် ငါ့ထက်အလျင် ခရစ်တော်ကို ယုံကြည်သူများလည်း ဖြစ်ကြ၏။
အကြောင်းမှာ ငါ့အသွီးအသားဖြစ်သော ငါ၏လူမျိုးတိ အကျိုးအတွက် ငါ ကိုယ်တိုင် ခရစ်တော်နှင့် ကွဲကွာ၍ ဘုရားသခင်၏ကျိန်ခြင်းကိုပင် ခံလိုသော ဆန္ဒဟိ၏။