17 ထို့ကြောင့် ငါသည် ဘုရားသခင်အတွက် အမှုတော်ဆောင်ခြင်းကို ခရစ်တော်ယေသျှု၌ ဂုဏ်ယူဝင့်ကြွားလျက်ဟိ၏။
အာဗြဟံသည် မိမိကျင့်သော အကျင့်အားဖြင့် ဘုရားသခင်၏ ဖြောင့်မတ်ရာသို့ ရောက်ခလျှင် သူသည် ဝါကြွားစရာ အကြောင်းဟိလိမ့်မည်။ သို့ရာတွင် ဘုရားသခင်၏ မျက်မှောက်တော်၌ ထိုသို့မဟုတ်။
ဝါကြွားခြင်းသည် အကျိုးမဟိသော်လည်း ငါသည် ဝါကြွားရဦးမည်။ သို့ဖြစ်၍ သခင်ဘုရားက ငါ့အား ပီးသနားတော်မူသော ရူပါရုံများနှင့် ဗျာဒိတ်တော်များအကြောင်းကို အဂု ပြောပြမည်။
ငါသည် သင်ရို့အား ယုံကြည်စိတ်ချ၍ သင်ရို့အတွက် များစွာဂုဏ်ယူ၏။ ဆင်းရဲဒုက္ခအားလုံးကို ငါရို့ ခံစားရသောအခါ သင်ရို့သည် ငါအား အလွန် နှစ်သိမ့်စီခသောကြောင့် ဝမ်းမြောက်ခြင်းနှင့်လည်း ပြည့်ဝလျက်ဟိ၏။
စစ်မှန်သောအရီဖျားလှီးခြင်းကို ခံရသောသူရို့ကား ထိုသူရို့မဟုတ်ဘဲ ငါရို့သာလျှင် ဖြစ်ကြပေ၏။ ဇာကြောင့်ဆိုသော် ငါရို့သည် ကိုယ်တော်၏ ဝိညာဉ်တော်အားဖြင့် ဘုရားသခင်အား ကိုးကွယ်၍ ခရစ်တော်ယေသျှု၌ ရွှင်လန်းဝမ်းမြောက်သောသူတိ ဖြစ်ကြသောကြောင့်တည်း။ ငါရို့သည် ပြင်ပလက္ခဏာများကို မကိုးစား။
အကြောင်းမှာ လူတိ အပြစ်မှ ခွင့်ရွှတ်ခြင်း ရစီခြင်းငှာ ကိုယ်တော်သည် ဘုရားသခင်၏အမှုတော်ကို ဆောင်ရွက်ရာ၌ သစ္စာနှင့်လည်းကောင်း ကရုဏာနှင့်လည်းကောင်း ပြည့်စုံသော ယဇ်ပုရောဟိတ်မင်း ဖြစ်လာစီရန်နှင့် အရာရာ၌ မိမိ၏ညီအစ်ကို မောင်နှမကဲ့သို့ ဖြစ်လာစီရန် ဖြစ်၏။
ယဇ်ပုရောဟိတ်မင်းဟူသည်မှာ အပြစ်ဖြေရန်အတွက် ယဇ်ပူဇော်မှုများကို ဆောင်ရွက်ခြင်းနှင့် ပူဇော်သကာများကို ဆက်သခြင်းဖြင့် ဘုရားသခင်၏အမှုတော်မြတ်ကို မိမိရို့၏ကိုယ်စား ဆောင်ရွက်စီခြင်းငှာ လူတိက ရွီးချယ်ခန့်ထားသောသူ ဖြစ်၏။