ရောမ 15:16 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား16 တခြားလူမျိုးတိအတွက် ယေသျှုခရစ်တော်၏အမှုတော်ဆောင် တစ်ယောက်ဖြစ်စီခြင်းငှာ ငါ့အား ဘုရားသခင်ပီးထားသော ဆုကျေးဇူးကြောင့် ဖြစ်၏။ တခြားလူမျိုးတိသည် သန့်ယှင်းသောဝိညာဉ်တော်အားဖြင့် သန့်ယှင်းစင်ကြယ်လျက် ဘုရားသခင် လက်ခံတော်မူသော ပူဇော်သကာ ဖြစ်လာစီခြင်းငှာ ဘုရားသခင်သည် မိမိ၏သတင်းကောင်းကို ဟောပြောရန် ယဇ်ပုရောဟိတ်တာဝန်ကို ငါ့အား ပီးအပ်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
သို့သော် ငါသည် ငါ့အသက်ကို နှမြောခြင်းမဟိဘဲ၊ ငါ၏အမှုတော်ကို ပြည့်စုံစီခြင်းငှာ လည်းကောင်း၊ အသျှင်ယေသျှု ပီးအပ်တော်မူသည့် အလုပ်တာဝန်ကို လည်းကောင်း ပြီးဆုံးအောင် ဆောင်ရွက်နိုင်မှုကိုသာလျှင် ပမာဏပြု၏။ ကိုယ်တော် ပီးအပ်တော်မူသော အမှုတော်မူကား ဘုရားသခင်၏ ကျေးဇူးတော်အကြောင်း သတင်းကောင်းကို ဟောပြောကြေညာရန်ပင် ဖြစ်သတည်း။
ထိုပရောဖက်ရို့ပြုခသည့် အရာများသည် သူရို့ကိုယ်ကျိုးအတွက်မဟုတ်ဘဲ သင်ရို့အဖို့ ဆောင်ရွက်ခြင်း ဖြစ်ကြောင်းကို သင်ရို့အား ဘုရားသခင် ဖော်ပြတော်မူပေ၏။ အဂု ထိုအရာများသည် ကောင်းကင်ဘုံမှ စီရွှတ်ခြင်းခံရသော သန့်ယှင်းသော ဝိညာဉ်တော်၏ တန်ခိုးတော်အားဖြင့် ဟောပြောသောသူတိမှတစ်ဆင့် သင်ရို့ကြားရသော သတင်းကောင်းတရားပင် ဖြစ်၏။ ထိုအကြောင်းအရာများကို ကောင်းကင်တမန်တိပင်လျှင် နားလည်ရန် အလိုဟိကြ၏။