7 ငါရို့သည် မိမိအတွက် အသက်ရှင်နိန်ကြသည်မဟုတ်၊ မိမိအတွက် အသီခံနိန်ကြသည်မဟုတ်။
အကြောင်းမူကား ခရစ်တော်သည် သီခြင်းနှင့် အသက်ရှင်ခြင်းနှစ်ခုစလုံး၏ အသျှင်သခင် ဖြစ်စီခြင်းငှာ အသီခံပြီးမှ ရှင်ပြန်ထမြောက်တော်မူ၏။
အကြောင်းမူကား၊ သီခြင်းဖြစ်စီ၊ အသက်ရှင်ခြင်းဖြစ်စီ၊ ကောင်းကင်တမန်ဖြစ်စီ၊ အကာသကို အစိုးရသောသူဖြစ်စီ၊ တန်ခိုးသျှင်ဖြစ်စီ၊ မျက်မှောက်အရာဖြစ်စီ၊ နောင်လာလတ္တံ့သောအရာဖြစ်စီ၊
ကိုယ်တော်သည် လူအပေါင်းရို့အတွက် အသီခံတော်မူသည့်အကြောင်းမှာ အသက်ရှင်လျက်ဟိသော သူရို့သည် မိမိရို့အတွက် အသက်မရှင်ကြတော့ဘဲ မိမိရို့အတွက် အသက်ကို စွန့်တော်မူပြီး ရှင်ပြန်ထမြောက်တော်မူသော သခင်အဖို့ အသက်ရှင်ကြစီရန် ဖြစ်သတည်း။
ငါရို့သည် အိပ်ပျော်လျက်ဟိသည်ဖြစ်စီ၊ နိုးလျက်ဟိသည်ဖြစ်စီ ထိုအသျှင်နှင့်အတူ အသက်ရှင်ခြင်းငှာ ကိုယ်တော်သည် ငါရို့အတွက် အသီခံတော်မူ၏။
ကယ်တင်သျှင် ယေသျှုခရစ်တော်သည် ငါရို့ကို ခပ်သိမ်းသော မတရားမှုထဲမှ ရွီးနုတ်ကယ်တင်ပြီး မိမိပိုင်သောသူအပေါင်းရို့သည် မိမိအတွက် သန့်ယှင်းစင်ကြယ်၍ ကောင်းသောအမှုကို ပြုခြင်းငှာ စိတ်အားထက်သန်သောသူတိ ဖြစ်လာကြစီရန် ငါရို့အတွက် မိမိကိုယ်ကို စွန့်တော်မူ၏။
သို့ဖြစ်၍ ဤလောကတွင် သင်ရို့ အသက်ရှင်ရန် ကျန်နိန်သိမ့်သော အချိန်ကာလ၌ လူ့စိတ်အလိုသို့ မလိုက်ဘဲ ဘုရားသခင်၏ အလိုတော်ကို လိုက်၍ အသက်ရှင်နိုင်ရန် ဖြစ်သည်။