Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရောမ 14:4 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

4 သူတစ်ပါး၏ အခိုင်းအစီတိကို တရားစီရင်သော သင်သည် ဇာသူ ဖြစ်သနည်း။ ထိုအခိုင်းအစီများသည် ကောင်းစွာ လုပ်ဆောင်သည်ဖြစ်စီ၊ မလုပ်ဆောင်သည်ဖြစ်စီ သူရို့၏သခင်နှင့် သာဆိုင်၏။ ထို့အပြင် ထာဝရဘုရားသည် သူ့ရို့ကိုကောင်းစွာ လုပ်ဆောင်နိုင်ခြင်းငှာ တတ်စွမ်းနိုင်တော်မူသည်ဖြစ်၍ သူရို့သည် ကောင်းစွာ လုပ်ဆောင်နိုင်ကြလိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရောမ 14:4
19 ပူးပေါင်းရင်းမြစ်များ  

ငါရို့သည် အသျှင်ယေသျှုခရစ်တော်၌ ယုံကြည်သောအခါ ဘုရားသခင်သည် ငါရို့အား ဆုကျေးဇူးကို ပီးတော်မူသည့်နည်းတူ တခြားလူမျိုးတိကိုလည်း ပီးတော်မူသည်မှာ ထင်ရှားစွာ တွိ့ရ၏။ ငါသည်ကား ဇာပိုင်လူဖြစ်လို့ ဘုရားသခင်ကို တားဆီးနိုင်အံ့နည်း” ဟု ပေတရုက ပြော၏။


ထို့အပြင် ဣသရေလလူမျိုးရို့သည် မယုံကြည်မှုကို စွန့်ပယ်ကြလျှင် နဂိုမူလနီရာ၌ တဖန်ပြန်၍ စိုက်ပျိုးထားခြင်းကို ခံရကြလိမ့်မည်။ အကြောင်းမူကား ဘုရားသခင်သည် သူရို့အား တဖန်ပြန်၍ စိုက်ပျိုးခြင်းငှာ တတ်စွမ်းနိုင်တော်မူ၏။


မည်သည့်အစာကိုမဆို စားသောသူသည် မစားသောသူကို မထီမဲ့မြင် မပြုကတ်ကေ့။ ဟင်းသီးဟင်းရွက်ကိုသာ စားသောသူသည်လည်း မည်သည့်အစာကိုမဆို စားသောသူကို မစီရင်ကတ်ကေ့။ အကြောင်းမူကား ဘုရားသခင်သည် သူရို့ကို လက်ခံတော်မူသောကြောင့်ဖြစ်၏။


ဘုရားသခင်၏ဘုန်းတန်ခိုးတော်ကို ငါရို့ ထောမနာပြုကြကုန်အံ့။ အကြောင်းမူကား ငါရို့ ဟောပြောသော ယေသျှုခရစ်တော်၏ သတင်းကောင်းအားဖြင့် လည်းကောင်း၊ လွန်ခသော အချိန်ကာလများစွာကပင် ကွယ်ဝှက်ထားခသည့် နက်နဲသော သမ္မာတရားကို ဖွင့်ပြခြင်းအားဖြင့် လည်းကောင်း ကိုယ်တော်သည် သင်ရို့အား မိမိရို့၏ယုံကြည်ခြင်း၌ ခိုင်မြဲစွာ ရပ်တည်ခြင်းငှာ မစနိုင်တော်မူ၏။


သို့သော်လည်း ငါ၏မိတ်ဆွီ၊ ဘုရားသခင်ကို ပြန်ပြောရဲလောက်အောင် သင်သည် ဇာပိုင်လူလဲ။ မြီအိုးတစ်လုံးက အိုးလုပ်သူအား သင်သည် ငါ့ကို “ဇာကြောင့် ဤပုံစံ လုပ်ရလဲ” ဟု ဆိုရမည်လော။


ထို့ကြောင့် ယခုတွင် ကိုယ်တော်သည် မိမိအားဖြင့် ဘုရားသခင်ထံပါးသို့ ရောက်လာကြသောသူရို့အား ကယ်တင်ခြင်းငှာ အစဉ်သဖြင့် တတ်နိုင်တော်မူ၏။ အကြောင်းမူကား ကိုယ်တော်သည် ထိုသူရို့အတွက် ဘုရားသခင်ကို အသနားခံရန် ထာဝရအသက်ရှင်တော်မူသောကြောင့်ဖြစ်၏။


ထိုအရာသည်ကား နောက်ဆုံးသောကာလ၌ ထင်ရှားရန် အသင့်ပျင်ဆင်ထားသည့် ကယ်တင်ခြင်းအတွက် ဘုရားသခင်၏ တန်ခိုးတော်၌ ယုံကြည်ခြင်းအားဖြင့် စောင့်ရှောက်ခြင်းကို ခံထားရသော သင်ရို့အတွက် ဖြစ်၏။


သင်ရို့ ပြိုလဲမကျစီရန် စောင့်ရှောက်တော်မူနိုင်၍၊ သင်ရို့ကို အပြစ်ကင်းစီလျက် ဘုန်းတန်ခိုးတော် ထွန်းတောက်ရာ ရှိ့တော်မှောက်သို့ ဝမ်းမြောက်စွာ ဝင်ရောက်ခွင့်ကို ပီးတော်မူနိုင်သော၊


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ