Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရောမ 14:14 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

14 ပကတိသဘောအားဖြင့် မစင်ကြယ်သောအစားအစာဟူ၍ မဟိဟု အသျှင်ယေသျှုကို အမှီပြုလျက် ငါ အခိုင်အမာယုံကြည်ထား၏။ သို့သော်လည်း တစ်စုံတစ်ယောက်က ဤအစာသည် မစင်ကြယ်ဟု ယူဆလျှင် ထိုအစာသည် ထိုသူအတွက် မစင်ကြယ်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရောမ 14:14
12 ပူးပေါင်းရင်းမြစ်များ  

ယေသျှု၏ တပည့်တော်တချို့သည် မစင်ကြယ်သော လက်တည်းဟူသော ရီမဆီးသောလက်ဖြင့် အစာစားကြသည်ကို တွိ့မြင်ကြ၏။ (


ပေတရုက ထိုသူရို့အား “ယုဒလူမျိုးတစ်ယောက်သည် သူ၏ ဘာသာရေးအရ တခြားလူမျိုးတိပါးသို့ လည်ပတ်ခြင်း၊ မိတ်ဖွဲ့ခြင်း ထုံးစံမဟိသည်ကို သင်ရို့ကိုယ်တိုင် ကောင်းကောင်း သိကြပါ၏။ သို့ရာတွင် ဇာသူ့ကိုမျှ ဘာသာရေးအရ မသန့်ယှင်း၊ မစင်ကြယ် ဟူ၍ မထင်မှတ်ရဟု ဘုရားသခင်က ငါ့ကို သင်ပြထားပြီးဖြစ်၏။


လူတချို့က မည်သည့်အစာကိုမဆို စားအပ်သည်ဟု ယုံကြည်ကြ၏။ ယုံကြည်ခြင်း အားနည်းသောသူသည်ကား ဟင်းသီးဟင်းရွက်များကိုသာ စား၏။


အစာအတွက်အလို့ငှာ ဘုရားသခင်၏အမှုတော်ကို မဖျက်ဆီးကတ်ကေ့။ အစာအားလုံးသည် စင်ကြယ်ကြ၏။ သို့သော်လည်း တစ်စုံတစ်ယောက်အား အပြစ်ရောက်စီမည့်အစာကို စားသုံးခြင်းသည်ကား မှားယွင်းသောသူဖြစ်၏။


သို့ရာတွင် သံသယစိတ်ဖြင့် စားသောသူသည် ယုံကြည်သောစိတ်မဟိဘဲ စားသောကြောင့် အပြစ်စီရင်ခြင်းကို ခံရ၏။ ယုံကြည်ခြင်းအားဖြင့် မဟုတ်သော အမှုအရာအားလုံးသည် အပြစ်ဖြစ်၏။


သင်ရို့၏ သြတ္တပ္ပစိတ်ကိုထောက်၍ ဈီး၌ရောင်းသမျှကို မစစ်ကြောမမိန်းမြန်းဘဲ ဝယ်၍ စားကြလော့။


အကယ်၍ ဤကိစ္စရပ်၌ အသိစိတ် အားနည်းသောသူသည် အသိပညာ ဟိသောသင်ရို့အား နတ်ကွန်းအတွင်း၌ ထိုင်လျက် စားသောက်နိန်သည်ကို မြင်တွိ့ကြသောအခါ ရုပ်တုအား ဆက်သသည့် ပူဇော်သကာကို စားရဲလာမည် မဟုတ်လော။


သို့ရာတွင် လူတိုင်း ဤအသိပညာကို ရကြသည်မဟုတ်။ အချို့သောသူရို့သည် ရုပ်တု​ကိုးကွယ်​သည့်​အလေ့အထဟိခ​သည်​ဖြစ်၍ အဂုကာလ၌ပင် ရုပ်တုကို ပူဇော်ထားပြီးသော အစားအစာကို စားသောအခါ ရုပ်တုနှင့်သက်ဆိုင်သော အစားအစာဟု မှတ်ယူလျက် စားနိန်ကြ၏။ ထို့ကြောင့် သူရို့၏ အားနည်းသောအသိစိတ်သည် သူရို့ကို မသိုးမသန့်​ဖြစ်​ရ​၏။


ဘုရားသခင် ဖန်ဆင်းထားသောအရာအားလုံးသည် ကောင်းမြတ်သည်ဖြစ်၍ ကျေးဇူးတော်ချီးမွမ်းခြင်းဖြင့် ခံယူကြလျှင် ငြင်းပယ်စရာဟူ၍ တစ်ခုမျှ မဟိ။


စင်ကြယ်သောသူရို့အတွက် အရာခပ်သိမ်းသည် စင်ကြယ်၏။ သို့ရာတွင် ညစ်ညူးသောသူရို့နှင့် မယုံကြည်သောသူရို့အတွက် စင်ကြယ်သောအရာဟူ၍ မဟိ။ အကြောင်းမူကား သူရို့၏စိတ်နှလုံးနှင့် အသိစိတ်များသည် မစင်ကြယ်သောကြောင့် ဖြစ်ကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ