11 ကျမ်းစာက မိန့်တော်မူထားသည်မှာ၊ “ငါသည် အမှန် အသက်ရှင်တော်မူသည်ဖြစ်၍ ငါ့ရှိ့၌ လူတိုင်း ဒူးထောက်ဦးချလျက် ဘုရားသခင်ဖြစ်ကြောင်းကို နှုတ်ဖြင့် ဝန်ခံကြလိမ့်မည်” ဟူ၍ ဖြစ်၏။
“ငါ့အား လူအများတိရှိ့၌ ဝန်ခံသောသူကို ကောင်းကင်ဘုံသျှင် ငါ၏အဖရှိ့၌လည်း ငါ ဝန်ခံလိမ့်မည်။
သင်ရို့သည်ကား “ယေသျှုသည် အသျှင်သခင် ဖြစ်တော်မူ၏” ဟု မိမိ၏နှုတ်ဖြင့် မြွက်ဆို၍ ဘုရားသခင်သည် ထိုအသျှင်ကို သီခြင်းမှ ထမြောက်စီတော်မူသည်ဟု မိမိ၏စိတ်နှလုံးထဲ၌ ယုံကြည်ကြလျှင် ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်။
တခြားလူမျိုးတိပင်လျှင် ကိုယ်တော်၏ကရုဏာတော်ကြောင့် ဘုရားသခင်အား ကျေးဇူးတော်ကို ချီးမွမ်းနိုင်ကြ၏။ ကျမ်းစာလာသည်ကား “ထို့ကြောင့် အကျွန်သည် တခြားလူမျိုးတိ အလယ်၌ ကိုယ်တော်အား ချီးမွမ်း၍ ကိုယ်တော်၏နာမတော်ကို ချီးမွမ်းသီဆိုပါမည်” ဟူ၍ ဖြစ်၏။
ယေသျှုသည် ဘုရားသခင်၏ သားတော်ဖြစ်ကြောင်း ဝန်ခံသောသူသည် ဘုရားသခင်နှင့် တစ်လုံးတစ်ဝတည်းဟိ၍ ဘုရားသခင်သည်လည်း ထိုသူနှင့် တစ်လုံးတစ်ဝတည်း ဟိတော်မူ၏။
လူ့ဇာတိကိုခံယူ၍ ယေသျှု ခရစ်တော် ကြွလာတော်မူသည်ကို လက်မခံသောသူဖြစ်သည့် များစွာသော လှည့်ဖြားသောသူရို့သည် ဤလောကထဲသို့ ရောက်နိန်ယာ။ ထိုသို့သောသူသည် လှည့်ဖြားသောသူ၊ ခရစ်တော်ကို ဆန့်ကျင်သောသူဖြစ်၏။
ထိုအခါ သတ္တဝါလေးပါးရို့က “အာမင်” ဟု မြွတ်ဆိုကြ၏။ အကြီးအကဲရို့သည်လည်း ပျပ်ဝပ်လျက် ကိုးကွယ်ကြ၏။