1 ယုံကြည်ခြင်း အားနည်းသော သူတိကို လက်ခံကြပါ။ သို့ရာတွင် သူရို့၏ပုဂ္ဂိုလ်ရေးရာ ထင်မြင်ယူဆချက်တိကို ထိုသူရို့နှင့် အငြင်းမပွားကတ်ကေ့။
ကောက်နိန်သော ကျူပင်ချေတစ်ပင်ကို မချိုး၊ မီးတောက်ငယ်တစ်ခုကို မမှုတ်သတ်၊ တရားမျှတမှုကို အောင်မြင်သည့်တိုင်အောင် မဆုတ်မနစ်ဆက်လက် ဆောင်ရွက်လိမ့်မည်ဖြစ်၍
ယေသျှုသည် ချက်ချင်း လက်ကို ဆန့်၍ ပေတရုကို ဆွဲကိုင်ပြီးလျှင် “ယုံကြည်ခြင်းအားနည်းသောသူ ဇာကြောင့် မယုံသင်္ကာဖြစ်နိန်လဲ” ဟု မိန့်တော်မူ၏။
“သင်ရို့သည် ဤသူငယ်များထဲက ဇာသူတစ်ဦး တစ်ယောက်ကိုမျှ မထီမဲ့မြင် မပြုစီခြင်းငှာ သတိထားကတ်ပါ။ သင်ရို့ကို ငါဆိုသည်ကား သူရို့၏ ကောင်းကင်တမန်များသည် ကောင်းကင်ဘုံ၌ ငါ့အဖ၏ရှိ့မှာ အမြဲတမ်း ခစားနိန်ကြ၏။
ဤသူသည် သူငယ်တစ်ယောက်ကို လမ်းလွဲစီသည်ထက် မိမိလိုင်ပင်း၌ ကြိတ်ဆုံကျောက်ကိုဆွဲပြီး ပင်လယ်ထဲသို့ ပစ်ချခံရသည်ကား ပို၍ ကောင်း၏။
ငါအမှန်ဆိုသည်ကား၊ ငါစီရွှတ်သောသူကို လက်ခံသောသူသည် ငါ့ကို လက်ခံခြင်းဖြစ်၏။ ငါ့ကို လက်ခံသောသူသည်လည်း ငါ့ကို စီရွှတ်သော အသျှင်ကိုလက်ခံ၏” ဟု မိန့်တော်မူ၏။
ထိုကျွန်းသူကျွန်းသားရို့သည် အကျွန်ရို့အား အလွန်ရင်းနှီးစွာ ချစ်ခင်ကြင်နာမှုကို ပြသကြ၏။ မိုးရွာ၍ ချမ်းသောကြောင့် ထိုသူရို့သည် မီးပုံတစ်ပုံကို ဖိုပြီး အကျွန်ရို့အား ကြိုဆိုကြ၏။
အကြောင်းမူကား သူရို့၏အပယ်ခံထားရခြင်းသည် လောကီသားတိအား ပြန်လည်သင့်မြတ်ခြင်းကို ဖြစ်စီလျှင်၊ သူရို့ကို ပြန်လည်လက်ခံခြင်းသည် ဇာဖြစ်လိမ့်မည်နည်း၊ သီခြင်းမှ ထမြောက်ခြင်းကို ဖြစ်စီလိမ့်မည် မဟုတ်ပါလား။
လူတချို့က မည်သည့်အစာကိုမဆို စားအပ်သည်ဟု ယုံကြည်ကြ၏။ ယုံကြည်ခြင်း အားနည်းသောသူသည်ကား ဟင်းသီးဟင်းရွက်များကိုသာ စား၏။
အမဲသားစားခြင်း၊ ဝိုင်သောက်ခြင်းမှစ၍ သင်၏ညီအစ်ကို မောင်နှမတစ်ဦး တစ်ယောက်ကို အပြစ်ရောက်စီမည့် ဇာအရာကိုမျှ မပြုမူခြင်းသည် ကောင်း၏။
မည်သည့်အစာကိုမဆို စားသောသူသည် မစားသောသူကို မထီမဲ့မြင် မပြုကတ်ကေ့။ ဟင်းသီးဟင်းရွက်ကိုသာ စားသောသူသည်လည်း မည်သည့်အစာကိုမဆို စားသောသူကို မစီရင်ကတ်ကေ့။ အကြောင်းမူကား ဘုရားသခင်သည် သူရို့ကို လက်ခံတော်မူသောကြောင့်ဖြစ်၏။
ယုံကြည်ခြင်းအားကြီးသော ငါရို့သည် အားနည်းသောသူရို့၏ ထမ်းရွက်စရာဝန်များကို ကူညီ၍ ထမ်းပီးကြရမည်။ မိမိရို့၏အလိုကို ငြင်းပယ်၍
ထို့အပြင် ခရစ်တော်သည် ဘုရားသခင်၏ဘုန်းတန်ခိုးတော်အတွက် သင်ရို့ကို လက်ခံသကဲ့သို့ သင်ရို့သည်လည်း တစ်ယောက်ကိုတစ်ယောက် လက်ခံကြလော့။
သူသည် အသက် ၁၀၀ ခန့် ပြည့်ပြီဖြစ်၍ မိမိသည် သီဆုံးခါနီးပြီ ဖြစ်ကြောင်းကိုလည်းကောင်း၊ မိမိ၏မယား စာရာသည် အချေမရနိုင်သည်ကို လည်းကောင်း စဉ်းစားမိသော်လည်း သူ၏ ယုံကြည်ခြင်းကို မလျှော့ပေ။
ငါသည် ယုံကြည်ခြင်း အားနည်းသော သူရို့အထဲသို့ ရောက်သောအခါ ထိုသူရို့ကို ရခြင်းငှာ ယုံကြည်ခြင်းအားနည်းသူကဲ့သို့ နီထိုင်၏။ လူအမျိုးမျိုးထဲမှ အချို့သောသူရို့ကို တစ်နည်းနည်းအားဖြင့် ကယ်တင်နိုင်ခြင်းငှာ ငါသည် အမျိုးမျိုးနီထိုင်ခ၏။
သင်ရို့သည် သခင်ဘုရား၌ သူ့အား ဝမ်းမြောက်စွာ ကြိုဆိုကြလော့။ ထိုသူကဲ့သို့ သူရို့ကိုလည်း ရိုသီလေးစားကြလော့။
ညီအစ်ကိုမောင်နှမရို့၊ အပျင်းကြီး၍ အလုပ်မလုပ်သောသူတိကို သတိပီးကြလော့၊ ကြောက်တတ်သောသူတိကို နှစ်သိမ့်ပီးကြလော့၊ အားနည်းသောသူရို့ကို ကူညီကြလော့၊ ခပ်သိမ်းသောသူရို့၌ စိတ်ရှည်ကြလော့ ဟု သင်ရို့အား ငါတိုက်တွန်း၏။
တစ်နည်းဆိုသော် ကြေခဲသောအစာသည် အရွယ်ရောက်ပြီးသော သူရို့အတွက်သာ ဖြစ်၏။ ထိုသူရို့သည် လေ့ကျင့် ထားပြီးဖြစ်သောကြောင့် အကောင်းအဆိုးကို ပိုင်းခြားသိမြင်နိုင်စွမ်း ဟိကြ၏။
ထိုတရားတော်ကို မသွန်သင်သောသူသည် သင်ရို့ပါးသို့ ရောက်လာလျှင် သင်ရို့အိမ်တွင် လက်မခံကတ်ကေ့။ သင်ရို့၌ “ငြိမ်သက်ခြင်း ဟိပါစီ” ဟု နှုတ်မဆက်ကတ်ကေ့။