8 သင်ရို့သည် အချင်းချင်း ချစ်ခြင်းမေတ္တာမှလွဲ၍ တခြား ဇာအကြွီးကိုမျှ မတင်စီကတ်ကေ့။ သူတစ်ပါးကို ချစ်သောသူသည် ပညတ်တရားကို နာခံလိုက်လျှောက်ပြီးဖြစ်၏။
“သင်ရို့သည် မိမိကိုယ်ကို ပြုစုလိုသည့်အတိုင်း သူတစ်ပါးကို ပြုစုကတ်ပါ။ ဤတရားသည် မောသျှေ၏ပညတ်တရားနှင့် ပရောဖက်ရို့၏ သွန်သင်ချက်များ၌ အဓိကအချက် ဖြစ်၏။
‘အချင်းချင်း ချစ်ကြလော့’ ဟူသော ပညတ်အသစ်ကို သင်ရို့အား အဂု ငါပီး၏။ ငါသည် သင်ရို့ကိုချစ်ခသကဲ့သို့ သင်ရို့လည်း အချင်းချင်းချစ်ကြလော့။
ချစ်ခြင်းမေတ္တာသည် ကိုယ်နှင့်စပ်ဆိုင်သောသူ၏အကျိုးကို မဖျက်ဆီးတတ်။ ထို့ကြောင့် ချစ်ခြင်းမေတ္တာသည် ပညတ်တရား၏ပြည့်စုံရာ ဖြစ်၏။
ထို့ကြောင့်သင်ရို့သည် မိမိရို့ပီးစရာဟိသောအကြွီးများကို ပီးဆပ်ကြလော့။ မိမိရို့ ပိုင်ဆိုင်ကြသည့်အလျှောက် အကောက်ခွန်ကို ပီးကြလော့။ ရိုသီထိုက်သောသူတိကို ရိုသီကြလော့၊ ဂုဏ်ပြုထိုက်သောသူတိကို ဂုဏ်ပြုကြလော့။
အကြောင်းမူကား “ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်လော့” ဟူသော ပညတ်သည် ပညတ်ဟိသမျှ၏ အချုပ်ဖြစ်၏။
ဤသူတော်ကောင်းတရားများ၌ ချစ်ခြင်းမေတ္တာကို ထပ်ဆင့်၍ ဝတ်ဆင်ကြလော့။ ချစ်ခြင်းမေတ္တာသည် ထိုတရားတော်မြတ်များကို တစ်လုံးတစ်ဝတည်း ပြည့်ဝစုံလင်စီ၏။
ဤသို့ မိန့်မှာရခြင်း၏ ရည်ရွယ်ချက်သည်ကား သန့်ယှင်းသောနှလုံးသား၊ ကြည်လင်သောအသိစိတ်နှင့် စစ်မှန်သော ယုံကြည်ခြင်းမှ လာသော ချစ်ခြင်းမေတ္တာ တိုးပွားလာစီရန်ဖြစ်၏။
သင်ရို့သည် ကျမ်းစာ၌ တွိ့ရသော “ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်ကြလော့” ဟူသော နိုင်ငံတော်၏ပညတ်တရားကို လိုက်နာကြလျှင် ကောင်းသောအမှုကို ပြုနိန်ကြခြင်းဖြစ်၏။
ဤသို့ဖြင့် ဘုရားသခင်၏ သားသမီးတိနှင့် မာရ်နတ်၏ သားသမီးတိ ကွာခြားပုံကို သိရ၏။ ဖြောင့်မတ်ခြင်းတရားကို မကျင့်သောသူ၊ မိမိ၏ ညီအစ်ကိုမောင်နှမကို မချစ်သောသူသည် ဘုရားသခင်၏ သားသမီးမဟုတ်ပေ။