Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရောမ 13:12 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

12 ညဉ့်အချိန် ကုန်ခါနီး၍ နိ့အချိန် ရောက်ခါနီးပြီဖြစ်သောကြောင့် မှောင်မိုက်ထဲမှာ ကျင့်သောအကျင့်တိကို ဖယ်ယှား၍ အလင်း၏လက်နက်စုံကို ဝတ်ဆင်ကြကုန်အံ့။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရောမ 13:12
30 ပူးပေါင်းရင်းမြစ်များ  

အပြစ်နှင့် ယှက်နွယ်နိန်သော ကိုယ်ကာယ၏ တပ်မက်စိတ်အလိုနောက်သို့ မလိုက်ကြဘဲ၊ အသျှင်ယေသျှုခရစ်တော်၏ လက်နက်စုံကို ယူဆောင်၍ ဝတ်ဆင်ထားကြလော့။


ထိုသူရို့၌ ဤဖြစ်ပျက်သောအရာများသည် တခြားသူရို့အဖို့ ပုံဥပမာ ဖြစ်စီခြင်းငှာပင် ဖြစ်၏။ ကပ်ကာလအဆုံးသောအချိန်၌ အသက်ရှင်ရနိန်ကြ သောသူရို့ဖြစ်သည့်ငါရို့အား သတိပီးသောအားဖြင့် ထိုအကြောင်းအရာများကို ကျမ်းစာတော်၌ ရီးထားလျက်ဟိ၏။


ညီအစ်ကိုမောင်နှမရို့၊ ငါဆိုလိုသည်ကား၊ ကျန်ကြွင်းသော အချိန်ကာလသည် အလွန် တိုတောင်းလှ၏။ ယခုမှစ၍ အိမ်ထောင်သည် ယောက်ျားများသည် လူလွတ်ကဲ့သို့ နီထိုင်အပ်၏။


ငါရို့ ကိုင်စွဲသော လက်နက်သည် လောကနှင့်ဆိုင်သော လက်နက်တိမဟုတ်။ ခံတပ်တိကို ဖြိုဖျက်နိုင်သည့် ဘုရားသခင်၏ တန်ခိုးတော်နှင့်ပြည့်စုံသော လက်နက်တိဖြစ်ကြ၏။ ငါရို့သည် မှားယွင်းသော ငြင်းခုံမှုများကို ပယ်ဖျက်၍၊


သမ္မာတရားတော်ကို ဟောပြောခြင်းဖြင့် လည်းကောင်း၊ ဘုရားသခင်၏ တန်ခိုးတော်အားဖြင့် လည်းကောင်း ငါရို့သည် ဘုရားသခင်၏ အခိုင်းအစီများ ဖြစ်ကြောင်းကို ထင်ရှားစီကြ၏။ တိုက်ခိုက်ခြင်း၌ လည်းကောင်း၊ ကာကွယ်ခြင်း၌ လည်းကောင်း ငါရို့သည် ဖြောင့်မတ်ခြင်းတည်းဟူသော လက်နက်ကို အသုံးပြုကြ၏။


ထို့ကြောင့် အယင်က ကျင်လည်ခသော လူဟောင်းဘဝကို စွန့်ပစ်ကြလော့။ လိမ်လည်လှည့်ဖြားတတ်သော ဆန္ဒများကြောင့် ပျက်စီးယိုယွင်းတတ်သော လူဟောင်းကို စွန့်ပစ်ကြလော့။


မှောင်မိုက်၌ ကျင်လည်သောသူရို့ ပြုမူကြသည့် အကျိုးမဟိသော အမှုများကို မပြုဘဲ၊ ယင်းအမှုကို အလင်း၌ ထင်ရှားစီကြလော့။


အယင်က သင်ရို့သည် မှောင်မိုက်၌ နီထိုင်ခကြ၏။ သို့သော် ယခုမူကား သခင်ဘုရား၏ လူတိ ဖြစ်လာကြသောကြောင့် အလင်းသို့ ရောက်ကြရ၏။ ထို့ကြောင့် အလင်း၏ သားသမီးကဲ့သို့ ကျင့်ကြံပြုမူကြလော့။


တချို့သောသူရို့ ပြုမူကြသည့်အတိုင်း အတူတကွ စုဝေးသည့် အလေ့အထကို လက်မလျှော့ဘဲ၊ အချင်းချင်း တစ်ယောက်ကို တစ်ယောက် တိုက်တွန်းနှိုးဆော်ကြကုန်အံ့။ အကြောင်းမှာ သင်ရို့သည် သခင်ဘုရား ကြွလာမည့်နိ့ရက်သည် သာ၍ နီးလာသည်ကို သိမြင်လျက်ဟိကြ၏။


ထို့ကြောင့် ဤလောက်များသော သက်သီများသည် ငါရို့အား ဝိုင်းရံလျက်ဟိကြသည်ဖြစ်၍ ငါရို့၌ အနှောင့်အယှက်ဖြစ်စီသော အရာဟူသမျှကို လည်းကောင်း၊ မိမိရို့၌ ငြိတွယ်နိန်သည့် အပြစ်များကို လည်းကောင်း ဖယ်ယှား၍ ငါရို့ရှိ့၌ ထားသောပန်းဖူးတိုင်သို့ ရောက်ခြင်းငှာ လုံ့လစိုက်၍ ဗြီးကြကုန်အံ့။


ထို့ကြောင့် ညစ်ညူးသောအကျင့်များနှင့် မကောင်းသောအမှု မှန်သမျှကို ဖယ်ယှား၍ သင်ရို့အထဲ၌ ထည့်သွင်းသော နှုတ်ကပတ်တော်ကို နူးညံ့သိမ်မွိ့သော စိတ်ဖြင့် ခံယူကြလော့။ ထိုနှုတ်ကပတ်တော်သည် သင်ရို့ကို ကယ်တင်နိုင်၏။


သင်ရို့သည်လည်း စိတ်ရှည်သည်းခံ၍ ခိုင်မြဲစွာ ရပ်တည်ကြလော့။ အကြောင်းမူကား သခင်ဘုရား ကြွလာတော်မူခြင်းသည် နီးလာပြီဖြစ်၏။


ထို့ကြောင့် သင်ရို့သည် လှည့်ဖျားမှု၊ ဟန်ဆောင်မှု၊ မနာလိုမှုနှင့် ပုတ်ခတ်ပြောဆိုမှုတည်းဟူသော မကောင်းမှုအမျိုးမျိုးကို ဖယ်ယှားကြလော့။


အားလုံးသော အမှုအရာများအတွက် နောက်ဆုံးသောအချိန် နီးကပ်လာပြီဖြစ်၏။ သို့ဖြစ်၍ သင်ရို့သည် ဆုတောင်းခြင်းအမှုကို ပြုနိုင်ရန် စိတ်ကို ထိန်းချုပ်လျက် နိုးနိုးကြားကြား ဟိကြရမည်။


ဤအရာ အားလုံးသည် ဤသို့ ပျက်စီးလားရမည် ဖြစ်သောကြောင့် သင်ရို့သည် မည်သို့သောသူတိ ဖြစ်သင့်ကြသနည်း။ သင်ရို့သည် သန့်ယှင်းစွာ အသက်ရှင်လျက် ဘုရားသခင်ထံ ဆက်ကပ်အပ်နှံခြင်းအားဖြင့်၊


လူတချို့ ထင်မှတ်ထားသည့်အတိုင်း သခင်ဘုရားသည် မိမိ၏ ကတိတော်အရာ၌ ကြန့်ကြာတော် မူသည်မဟုတ်။ မည်သူတစ်ယောက်မျှ မပျက်စီးနိုင်ဘဲ လူတိုင်း အပြစ်မှ နောင်တရစီရန် အလိုတော်ဟိသောကြောင့် သင်ရို့ကို စိတ်ရှည်သည်းခံတော်မူ၏။


သားသမီးရို့၊ နောက်ဆုံးသောကာလသည် နီးလာယာ။ ခရစ်တော်ကို ဆန့်ကျင်သောသူသည် ပေါ်ပေါက်လာကြောင်းကို သင်ရို့ ကြားသိရသည်အတိုင်း အဂုပင်လျှင် ခရစ်တော်ကို ဆန့်ကျင်သောသူ အများအပြား ပေါ်ပေါက်လာလီယာ။ ထို့ကြောင့် အဂုကာလသည် နောက်ဆုံးသောကာလ ဖြစ်ကြောင်းကို ငါရို့ သိရကြ၏။


ကာလအချိန် နီးကပ်ပြီဖြစ်၍ ဤ ပရောဖက်ပြုဟောပြောထားသော စကားတိကို ဖတ်ရှုသောသူနှင့် ဤစကားတိကို ကြား၍ လိုက်နာကျင့်သုံးသောသူရို့သည် မင်္ဂလာဟိကြ၏။


ထို့နောက် ကောင်းကင်တမန်က “ဤအမှုအရာ အားလုံးဖြစ်ပျက်မည့် အချိန်သည် နီးကပ်လာယာ ဖြစ်သောကြောင့် ဤကျမ်းစောင်တွင် ဖော်ပြပါဟိသော ပရောဖက်စကားများကို တံဆိပ်ခတ်၍ မထားကေ့။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ