Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရောမ 12:9 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

9 ဟန်ဆောင်မှုကင်းမဲ့သောမေတ္တာနှင့် ချစ်ကြလော့။ မကောင်းမှုကို ရွံမုန်း၍ ကောင်းမှုကို လက်ကိုင်ထားကြလော့။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရောမ 12:9
30 ပူးပေါင်းရင်းမြစ်များ  

ချက်ချင်း ယေသျှုပါးသို့ ရောက်လာ၍ ယုဒက “အသျှင်ဘုရား၊ သာလီစွပါ” ဟု နှုတ်ဆက်ပြီး ကိုယ်တော့်ကို နမ်း၏။


ဤသို့ ပြောဆိုရာ၌ သူသည် ဆင်းရဲသားရို့အား ကြင်နာထောက်ထား၍မဟုတ်၊ သူသည် ခိုးတတ်သောသူ ဖြစ်သောကြောင့် ဖြစ်သည်။ သူသည် ဖဲသာအိတ်ကို လွယ်ရသူဖြစ်ပြီး ဖဲသာများကို ကိုယ့်အဖို့ နှိုက်ယူ သုံးစွဲလေ့ ဟိ၏။


ဗာနဗသည် ထိုမြို့သို့ ရောက်သောအခါ ဘုရားသခင်ပီးထားသော ကျေးဇူးတော်ကို မြင်ရ၍ အားရဝမ်းသာဖြစ်ရလေ၏။ သို့ဖြစ်၍ သခင်ဘုရားအား မိမိ၏စိတ်နှလုံးကို ပုံအပ်၍ ယုံကြည်ကိုးစားပြီး သစ္စာစောင့်ကြရန် သူရို့အားလုံးကို တိုက်တွန်းနှိုးဆော်လေ၏။


စိတ်နှလုံးစင်ကြယ်ခြင်း၊ ပညာသတိဟိခြင်း၊ သည်းခံခြင်း၊ သနားကြင်နာခြင်းဖြင့် လည်းကောင်း၊ သန့်ယှင်းသော ဝိညာဉ်တော်အားဖြင့် လည်းကောင်း၊ ရိုးသားဖြူစင်သော မေတ္တာအားဖြင့်လည်းကောင်း၊


ထိုသို့ဆိုသော် ပညတ်ချက်အားဖြင့် ငါဆိုသည်မဟုတ်။ သို့သော်လည်း အခြားသူရို့သည် ကူညီလိုသော စိတ်အားထက်သန်မှုကို ဖော်ပြနိန်ခြင်းသည် သင်ရို့၏ ချစ်ခြင်းမေတ္တာ စစ်မှန်မှုကို စစ်ဆေးနိန်ခြင်းသာဖြစ်၏။


ငါရို့သည် မှားယွင်းခြင်း၊ ညစ်ညူးခြင်းနှင့် လှည့်ဖျားခြင်းအားဖြင့် သင်ရို့အား တိုက်တွန်းနိုးဆော်နိန်ကြသည်မဟုတ်။


မည်သူတစ်ယောက်ကိုမျှ အဆိုးကို အဆိုးအားဖြင့် မတုံ့ပြန်ကတ်ကေ့၊ သို့ရာတွင် အခြားသောသူတစ်ယောက် အဖို့ငှာလည်းကောင်း၊ လူအားလုံး အဖို့ငှာလည်းကောင်း ကောင်းသောအမှုကို ဆောင်ရွက်ရန် အစဉ်မပြတ် ကြိုးစားအားထုတ်ကြလော့။


သို့ရာတွင် ထိုပရောဖက်ပြုချက်များကို စစ်ဆေးပြီးလျှင် ကောင်းသောအရာများကို ဆုပ်ကိုင်၍၊


ဤသို့ မိန့်မှာရခြင်း၏ ရည်ရွယ်ချက်သည်ကား သန့်ယှင်းသောနှလုံးသား၊ ကြည်လင်သောအသိစိတ်နှင့် စစ်မှန်သော ယုံကြည်ခြင်းမှ လာသော ချစ်ခြင်းမေတ္တာ တိုးပွားလာစီရန်ဖြစ်၏။


ကိုယ်တော်သည် ဖြောင့်မတ်ခြင်းတရားကို နှစ်သက်တော်မူ၍ မတရားသောအမှုကို မုန်းတော်မူ၏။ ထို့ကြောင့် ကိုယ်တော်၏ ဘုရားသခင်တည်းဟူသော ဘုရားသခင်သည် ကိုယ်တော်အား ရွီးချယ်၍ မိမိ၏ အပေါင်းအဖော်ရို့ထက် ပို၍ ချီးမြှောက်ကာ ဝမ်းမြောက်ခြင်းကို ပီးတော်မူသည်” ဟု မိန့်တော်မူ၏။


လူတိုင်းနှင့် ငြိမ်းချမ်းစွာ နီထိုင်ရန်လည်းကောင်း၊ သန့်ယှင်းသော အသက်တာဖြင့် အသက်ရှင်နိုင်ရန်လည်းကောင်း ကြိုးစားကြလော့။ အကြောင်းမူကား သန့်ယှင်းသော အသက်တာမဟိလျှင် ဇာသူမျှ ဘုရားသခင်ကို မြင်ကြလိမ့်မည်မဟုတ်။


သို့သော် အထက်အရပ်မှ လာသော ဉာဏ်ပညာသည် သန့်ယှင်းစင်ကြယ်ခြင်းနှင့်ဆိုင်သော အရာအားလုံးတွင် ပထမဖြစ်၏၊ ထို့နောက် ငြိမ်းချမ်းသောသဘော၊ ထောက်ထားညှာတာတတ်သောသဘော၊ နူးညံ့သိမ်မွိ့သောသဘော ဟိသည်ဖြစ်၍ ကရုဏာနှင့် ပြည့်ဝကာ ကောင်းမြတ်သော လုပ်ဆောင်မှု၏ အသီးအပွင့်ကို တိုးပွားစီတတ်၏။ ထိုဉာဏ်ပညာ၌ မျက်နှာလိုက်ခြင်း၊ ဟန်ဆောင်ခြင်းဟူ၍ မဟိပေ။


အဂုတွင် သင်ရို့သည် သမ္မာတရားကို လိုက်လျှောက်ခြင်းအားဖြင့် မိမိရို့၏ စိတ်နှလုံးအား စင်ကြယ်စီကြပြီး အခြားသော ယုံကြည်သူအချင်းချင်းကို ဟန်ဆောင်မှုကင်းလျက် ချစ်ကြသည်ဖြစ်၍ သင်ရို့ တစ်ယောက်ကိုတစ်ယာက် စိတ်နှလုံးအကြွင်းမဲ့ ချစ်ကြလော့။


မေတ္တာသည် များစွာသော အပြစ်တိကို ဖုံးအုပ်နိုင်သောကြောင့် အရာအားလုံး၌ တစ်ယောက်ကိုတစ်ယောက် အလေးအနက်ထား၍ ချစ်ရကြမည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ