17 သင်ရို့ကို ပြစ်မှားသောသူအား ပြန်၍ အပြစ်မပြုကတ်ကေ့။ လူတိုင်းရှိ့မှာ ဖြောင့်မတ်သောအမှုကို ပြုခြင်းငှာ ဂရုစိုက်ကြလော့။
သင်၏ပူဇော်သကာကို ယဇ်ပလ္လင်ရှိ့မှာ ချထားခပြီးလျှင် ထိုညီအစ်ကို ပါးသို့ ချက်ချင်း လား၍ အသင့်အတင့်ဖြစ်အောင် လုပ်ပြီးခါမှ ယဇ်ပလ္လင်သို့ ပြန်လာပြီး ထိုပူဇော်သကာကို ဆက်သလော့။
သို့ရာတွင် အဂု သင်ရို့ကို ငါ ပြောလိုသည်မှာ၊ သင်ရို့ကို ပြစ်မှားသော ဇာသူ့ကို မဆို လက်တုံ့မပြန်ကတ်ကေ့။ တစ်စုံတစ်ယောက်က သင်၏ညာဖက်ပါးကို သတ်လျှင် ဘယ်ဖက်ပါးကိုပါ လှည့်၍ ပီးလိုက်။
ငါ့မိတ်ဆွီရို့၊ မည်သည့်အခါမျှ ရန်တုန့်ပြန်ခြင်း မပြုကတ်ကေ့၊ ဘုရားသခင်၏အမျက်တော်ကို အခွင့်ပီးကြလော။ ကျမ်းစာလာသည်ကား၊ “ငါသည် အပြစ်တရားကို စီရင်ပိုင်၏။ အပြစ်ဟိသည့်အလျောက် ငါ ပြန်၍ ပီးဆပ်လိမ့်မည်” ဟု ထာဝရဘုရားက မိန့်တော်မူ၏။
ထို့ကြောင့် သင်ရို့အတွက် ကောင်းသောအရာ၌ အပြစ်ပြောစရာ မဟိစီကေ့။
သင်ရို့ရဟိသော အခွင့်ကောင်းမှန်သမျှကို အသုံးပြု၍ အပြင်လူတိအား ပညာသတိနှင့် ပေါင်းသင်းဆက်ဆံကြလော့။
ဤနည်းအားဖြင့် သင်ရို့သည် မယုံကြည်သောသူရို့၏ ကြည်ညိုခြင်းကို ခံရကြပြီးလျှင် သင်ရို့၏ လိုအပ်ချက်အတွက် ဇာသူ့ကိုမျှ မှီခိုလိမ့်မည်မဟုတ်။
မည်သူတစ်ယောက်ကိုမျှ အဆိုးကို အဆိုးအားဖြင့် မတုံ့ပြန်ကတ်ကေ့၊ သို့ရာတွင် အခြားသောသူတစ်ယောက် အဖို့ငှာလည်းကောင်း၊ လူအားလုံး အဖို့ငှာလည်းကောင်း ကောင်းသောအမှုကို ဆောင်ရွက်ရန် အစဉ်မပြတ် ကြိုးစားအားထုတ်ကြလော့။
မကောင်းသောအရာ မှန်သမျှကို ယှောင်ကြဉ်ကြလော့။
သို့ဖြစ်၍ ရန်သူတိသည် ငါရို့ကို အပြစ်ပြောခွင့် မဟိစီခြင်းငှာ အသက်အရွယ်ငယ်သော မုဆိုးမရို့သည် အိမ်ထောင်ပြု၍ သားသမီး မွီးဖွားကာ မိမိရို့၏အိမ်မှုကိစ္စများကို စောင့်ထိန်းနိန်ကြရန် ငါ လိုလား၏။
သာသနာပလူရို့သည် သင်ရို့အား မကောင်းမှုပြုကြသူများဟု ပြစ်တင်စွပ်စွဲလျက် နိန်ကြစဉ် သင်ရို့၏ ကောင်းသောအကျင့်များကို မြင်သဖြင့် သခင်ဘုရား ကြွလာတော်မူသောနိ့၌ ဘုရားသခင်အား ချီးမွမ်းကြစီရန် သင်ရို့သည် ထိုသူရို့ရှိ့တွင် တင့်တယ်လျောက်ပတ်စွာ ပြုမူလျက် နီထိုင်ကြလော့။
သို့ရာတွင် နူးညံ့သိမ်မွိ့ပြီး ရိုသီစွာဖြင့် ထိုအရာများကို လုပ်ဆောင်ကြလော့။ သင်ရို့သည် မိမိကိုယ်ကိုသိသောစိတ် ကြည်လင်လျက် ဟိသောကြောင့် ခရစ်တော်၌ သင်ရို့၏ ကောင်းသော ကျင့်ကြံပြုမူပုံကို သင်ရို့အား ကြမ်းတမ်းစွာ စော်ကားပြောဆိုသော သူရို့သည် မြင်သောအခါ အရှက် ရကြလိမ့်မည်။
အဆိုးကို အဆိုးအားဖြင့်လည်းကောင်း၊ ကျိန်ဆဲခြင်းကို ကျိန်ဆဲခြင်း အားဖြင့်လည်းကောင်း၊ မတုံ့ပြန်ကတ်ကေ့။ ထိုသို့ ပြုမည့်အစား ကောင်းကြီးပီးကြလော့။ ဇာကြောင့်ဆိုသော် သင်ရို့သည် ဘုရားသခင် ကတိထားတော်မူသည့် ကောင်းကြီးမင်္ဂလာကို အမွီခံစီရန် ခေါ်တော်မူသောကြောင့်ဖြစ်၏။