ရောမ 12:12 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား12 ဆင်းရဲဒုက္ခရောက်စဉ်ခါ သည်းခံလျက် ဝမ်းမြောက်စိတ်နှင့် မျှော်လင့်၍ နိန်ကြလော့။ အမြဲမပြတ်ဆုတောင်းပတ္ထနာပြုလျက် နိန်ကြလော့။ အခန်းကိုကြည့်ပါ။ |
ဘုရားသခင်သည် လူမျိုးအပေါင်းရို့အတွက် ဘုန်းတော်နှင့် ပြည့်စုံသည့် လျှို့ဝှက်နက်နဲသောအရာကို မိမိလူစုတော်အား သိစီရန် အလိုတော် ဟိတော်မူ၏။ ထိုလျှို့ဝှက်နက်နဲသောအရာကား ခရစ်တော်သည် သင်ရို့အထဲ၌ ကျိန်းဝပ်နိန်ခြင်းပင်ဖြစ်၏။ တစ်နည်းအားဖြင့်ဆိုသော် သင်ရို့သည် ဘုရားသခင်၏ ဘုန်းတော်ကို မျှော်လင့်ရမည် အကြောင်းဖြစ်၏။