ရောမ 11:25 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား25 ညီအစ်ကို မောင်နှမရို့၊ သင်ရို့သည် မိမိကို မိမိ ပညာဟိဟူ၍ မထင်မှတ်စီမည့်အကြာင်း ဣသရေလလူမျိုးရို့၏ မာကျောခက်ထန်နိန်ကြခြင်းသည် ဘုရားသခင်ထံတော်သို့ ဝင်ရောက်လာကြသော တခြားလူမျိုးတိ အရေအတွက် ပြည့်စုံသည့်အချိန်ထိသာ ဖြစ်သည်ဟူသော ဤလျှို့ဝှက်ချက်ကို မသိဘဲနိန်ကြခြင်းကို ငါသည် အလိုမဟိ။ အခန်းကိုကြည့်ပါ။ |
ဘုရားသခင်၏ဘုန်းတန်ခိုးတော်ကို ငါရို့ ထောမနာပြုကြကုန်အံ့။ အကြောင်းမူကား ငါရို့ ဟောပြောသော ယေသျှုခရစ်တော်၏ သတင်းကောင်းအားဖြင့် လည်းကောင်း၊ လွန်ခသော အချိန်ကာလများစွာကပင် ကွယ်ဝှက်ထားခသည့် နက်နဲသော သမ္မာတရားကို ဖွင့်ပြခြင်းအားဖြင့် လည်းကောင်း ကိုယ်တော်သည် သင်ရို့အား မိမိရို့၏ယုံကြည်ခြင်း၌ ခိုင်မြဲစွာ ရပ်တည်ခြင်းငှာ မစနိုင်တော်မူ၏။
ထို့နောက် ငါ ကြည့်လိုက်သောအခါ ဇာသူမျှ မရွီတွက်နိုင်သော လူအုပ်ကြီးကို တွိ့ရ၏။ သူရို့သည် ဘာသာစကား အမျိုးမျိုးကို ပြောဆိုသော တိုင်းနိုင်ငံအသီးသီး၊ ခပ်သိမ်းသော လူမျိုးအနွယ်အသီးသီးမှ လာကြသောသူတိ ဖြစ်ကြ၏။ သူရို့သည် ဝတ်လုံဖြူတိကို ဝတ်ပြီး စွန်ပလွံခက်တိကို ကိုင်ကာ ပလ္လင်တော်နှင့် သိုးသူငယ်တော်၏ ရှိ့၌ ရပ်နိန်ကြ၏။