10 သူရို့၏မျက်စိသည်လည်း မမြင်နိုင်အောင် အမှောင်ဖုံး ပါစီ။ သူရို့နောက်ကုန်းသည် ထာဝရ ကုန်းနိန်ပါစီ” ဟူ၍ ဖြစ်၏။
ထိုသူရို့သည် ဘုရားသခင်ကို သိကြသော်လည်း ဘုရားသခင်၏ ဂုဏ်တော်ကို ချီးမွမ်းခြင်းမဟိကြသည့်အပြင် ကျေးဇူးတော်ကိုလည်း အသိအမှတ်မပြုကြ၊ အဓိပ္ပာယ်မဟိသော အရာတိကို တွီးတောလျက် သူရို့၏အသိဉာဏ်ကင်းမဲ့သောစိတ်နှလုံးကို အမှောင်ဖုံးလျက်ဟိကြ၏။
ထိုသို့နှင့်အညီ ကျမ်းစာက ပြောထားသည်မှာ၊ “ဘုရားသခင်သည် သူရို့အား မမြင်နိုင်၊ မကြားနိုင်အောင် သူရို့၏စိတ်နှလုံးကို ယနိ့တိုင်အောင် အမိုက်တရားဖြင့် ဖုံးလွှမ်းထား၏” ဟူ၍ ဖြစ်၏။
ထိုသူရို့သည် ဉာဏ်အလင်းကွယ်၍ စိတ်နှလုံးသည်လည်း မိုက်မဲသောအားဖြင့် အသိတရားကင်းမဲ့သောကြောင့် ဘုရားသခင် ပီးသနားတော်မူသော အသက်နှင့် ကင်းကွာလျက် ဟိကြ၏။
ထိုသူရို့သည် ရီခန်းလားသည့် စမ်းချောင်းများ၊ လီမုန်တိုင်းတွင် ရွှင့်လားသည့် မြူခိုးများကဲ့သို့ ဖြစ်ကြ၏။ ဘုရားသခင်သည် သူရို့အတွက် အလွန် မှောင်မိုက်သော နီရာကို သီးသန့်ထားတော်မူ၏။
အကြောင်းမူကား အပြစ်ကျူးလွန်ကြသော ကောင်းကင်တမန်များကို ဘုရားသခင်သည် ချမ်းသာပီးတော်မမူဘဲ ငရဲထဲသို့ ပစ်ချတော်မူပြီး၊ ထိုနီရာတွင် သူရို့ကို မှောင်မိုက်ထဲ၌ သံကြိုးများဖြင့် ချိုင်ထားကာ တရားစီရင်တော်မူရာနိ့ကို စောင့်နိန်စီတော်မူ၏။
သူရို့၏ ရှက်ဖွယ်ကောင်းသည့်အရာကို ရီမြှုပ်များကဲ့သို့ ပေါ်လွင်စီသည့် ကြမ်းတမ်းသော ပင်လယ် လှိုင်းတံပိုးများနှင့် တူကြ၏။ သူရို့သည် လမ်းကြောင်း အတည်တကျမဟိသည့် ကြယ်များနှင့်လည်း တူကြ၏။ သူရို့အတွက် ဘုရားသခင်သည် အမှောင်မိုက်ဆုံးဖြစ်သည့် အောက်အရပ်တွင် ထာဝရနီရာကို သတ်မှတ်၍ ထားတော်မူ၏။
သူရို့၌ ဟိထားသော အခွင့်အာဏာကို မထိန်းသိမ်းဘဲ နီရာအရပ်ကို စွန့်လားကြသည့် ကောင်းကင်တမန်တိအား ဘုရားသခင်သည် တရားစီရင်တော်မူရာ ကြီးစွာသောနိ့၌ သူရို့အား အပြစ်ဒဏ်ပီးရန် မှောင်မိုက်သော အောက်အရပ်တွင် ထာဝရ ချုပ်နှောင်ထားတော်မူ၏။