1 သို့ဖြစ်လျှင် ဘုရားသခင်သည် သူ၏လူမျိုးတိကို ထားပစ်ခယာလားဟု ငါ မိန်းသော်၊ ထိုသို့မဆိုလို။ ငါသည်လည်း ဣသရေလလူမျိုး၊ အာဗြဟံ၏မျိုးဆက်၊ ဗင်္ယာမိန်မျိုးနွယ်ဖြစ်၏။
ထိုအခါ ယေသျှုက “စပျစ်ဥယျာဉ်သျှင်သည် လာပြီးလျှင် သူ့ရို့ကို အသီသတ်ပြီး ဥယျာဉ်ကို အခြားသော သီးစားခြံသမားတိပါးသို့ အပ်လိမ့်မည်” ဟု မိန့်တော်မူ၏။ ထိုစကားကို ကြားသောအခါ သူရို့က၊ “ထိုသို့ မဖြစ်ပါစီကေ့” ဟု ဆိုကြ၏။
“ငါသည် ကိလိကိပြည်၊ တာယှုမြို့တွင် မွီးဖွားသော ယုဒလူမျိုးဖြစ်ပါ၏။ ယေရုဆလင်မြို့တွင် ကြီးပြင်းလာ၍ ဂါမလျေလထံတွင် ပညာဆည်းပူးလာသူ တစ်ယောက်ဖြစ်ပြီး ငါရို့ အဖိုးအဖီးရို့၏ နည်းဥပဒေသကို တိကျစွာ ခံယူလာသောသူ တစ်ယောက်ဖြစ်ပါ၏။ ဤနိ့ ဤနီရာ၌ ဟိသော လူအားလုံးကဲ့သို့ ဘုရားသခင်၏ အမှုတော်ဖက်၌ စိတ်အားကြီးသော သူဖြစ်ပါ၏။
“အကျွန်သည် ငယ်သောအရွယ်မှ စ၍ ဇာပိုင် နီထိုင်ခကြောင်းကို ယုဒလူမျိုးအပေါင်းရို့သည် သိကြပါ၏။ မိမိ၏ဇာတိမြီ၌ လည်းကောင်း၊ ယေရုဆလင်မြို့၌ လည်းကောင်း အကျွန်၏ဘဝတစ်လျှောက်လုံးကို ဇာပိုင် အသက်ရှင်ခကြောင်း သူရို့အားလုံးသည် သိကြပါ၏။
သို့ဖြစ်လျှင် ဣသရေလလူရို့သည် ခြီလျှော်၍ လဲကျသောအခါ ပျက်စီးခြင်းသို့ ရောက်ကြရသလားဟု ငါ မိန်းသော်၊ ထိုသို့ လုံးဝမဟုတ်။ သူရို့သည် အပြစ်လုပ်သောကြောင့် ကယ်တင်ခြင်းသည် တခြားလူမျိုးတိပါးသို့ ရောက်လားရ၏။ အကြောင်းမှာ သူရို့သည် တခြားလူမျိုးတိကို မနာလိုဖြစ်စီရန် ဖြစ်၏။
လုံးဝ မဆိုနိုင်ပါ။ လူတိုင်းသည် မုသာတရား၌ ကျင်လည်နိန်ကြသော်လည်း ဘုရားသခင်၏သစ္စာတော်သည် အစဉ်အမြဲ တည်တော်မူ၏။ သို့ဖြစ်၍ ကျမ်းစာလာသည်ကား၊ “ကိုယ်တော်သည် မိန့်တော်မူသောအခါ ဖြောင့်မတ်ကြောင်းကို ပြတော်မူ၏။ သို့ဖြစ်၍ ကိုယ်တော်သည် တရားစီရင်ခြင်းကို ရင်ဆိုင်သောအခါ မိမိအမှု၌ အောင်မြင်တော်မူ၏” ဟူ၍ ဖြစ်၏။
အကြောင်းမှာ ငါ့အသွီးအသားဖြစ်သော ငါ၏လူမျိုးတိ အကျိုးအတွက် ငါ ကိုယ်တိုင် ခရစ်တော်နှင့် ကွဲကွာ၍ ဘုရားသခင်၏ကျိန်ခြင်းကိုပင် ခံလိုသော ဆန္ဒဟိ၏။
သူရို့သည် ဟေဗြဲလူမျိုး ဖြစ်ကြသလော။ ငါသည်လည်း ဖြစ်၏။ သူရို့သည် ဣသရေလလူမျိုးများ ဖြစ်ကြသလော။ ငါသည်လည်း ဖြစ်၏။ သူရို့သည် အာဗြဟံ၏ အမျိုးအနွယ် ဖြစ်ကြသလော။ ငါသည်လည်း ဖြစ်၏။
ငါသည် သျှစ်ရက်မြောက်သောနိ့၌ အရီဖျားလှီးခြင်း မင်္ဂလာကိုခံယူလျက် ဣသရေလလူမျိုးစစ်စစ် ဗင်္ယာမိန်အနွယ်ဝင်၊ ဟေဗြဲလူမျိုးဖြစ်သော မိဘတိမှ ပေါက်ဖွားလာသူဖြစ်၏။ ယုဒလူမျိုးတိ စောင့်ထိန်းသော ပညတ်တရားနှင့် ပတ်သက်၍ ငါသည် ဖာရိယှဲဂိုဏ်းဝင်ဖြစ်၏။