4 ခရစ်တော်သည်ကား ယုံကြည်သူတိုင်းကို ဖြောင့်မတ်သောသူတိ ဖြစ်လာစီခြင်းငှာ ပညတ်တရားကို ပြည့်စုံစီသောသူဖြစ်၏။
သို့သော် ယေသျှုက “ငါရို့သည် ဘုရားသခင် အလိုတော်ဟိသမျှတိကို လုပ်ဆောင်ရမည်ဖြစ်သောကြောင့် အဂုပင် လုပ်ခွင့်ပီးပါ” ဟု ပြန်ပြောတော်မူ၏။ ထိုအခါ ယောဟန်သည် ဝန်ခံလေ၏။
ဘုရားသခင်သည် ပညတ်တရားကို မောသျှေအားဖြင့် ပီးတော်မူ၏။ သို့သော် ကျေးဇူးတော်နှင့် သစ္စာတော်မူကား ယေသျှုခရစ်တော်အားဖြင့် ရောက်လာ၏။
ဘုရားသခင်သည် ယေသျှုခရစ်တော်၌ ယုံကြည်ခြင်းအားဖြင့် လူတိကို ဖြောင့်မတ်ရာသို့ ရောက်စီတော်မူ၏။ လူအားလုံးသည် ကွဲပြားခြားနားခြင်း လုံးဝမဟိသောကြောင့် ယေသျှုခရစ်တော်၌ ယုံကြည်သောသူအားလုံးကို ဤဖြောင့်မတ်ရာသို့ ရောက်စီတော်မူခြင်းဖြစ်၏။
သို့ရာတွင် ဘုရားသခင်အားဖြင့် သင်ရို့သည် ခရစ်တော်ယေသျှု၌ တည်နိန်ကြ၏။ ဘုရားသခင်သည် ခရစ်တော်အား ငါရို့အတွက် ဉာဏ်ပညာ ဖြစ်စီတော်မူ၏။ ထိုအရာကား ငါရို့အတွက် ဖြောင့်မတ်ခြင်း၊ သန့်ယှင်းခြင်းနှင့် ရွီးနုတ်ခြင်း ဖြစ်တော်မူ၏။
ငါရို့သည် ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားကို ရနိုင်ကြစီရန် ပညတ်တရားသည် ခရစ်တော်ကြွလာချိန်ထိတိုင်အောင် ငါရို့ကို အုပ်ထိန်းပီး၏။
ထိုသူသည်ကား ပညတ်တရားအောက်၌ဟိသော ငါရို့ကို ရွီးနုတ်တော်မူပြီး ဘုရားသခင်၏ သားသမီးများဖြစ်လာကြရန် ဖြစ်၏။
သင်ရို့သည် ခရစ်တော်၌ ပြည့်စုံသောအသက်ကို ရဟိကြ၏။ ထိုအသျှင်သည် ဝိညာဉ်ပိုင်းဆိုင်ရာ ခပ်သိမ်းသော တန်ခိုးသျှင်များနှင့် အာဏာပိုင်များကို အစိုးရတော်မူ၏။
ထိုအရာများသည် နောင်အခါ ဖြစ်ပေါ်လာမည့် အရိပ်မျှသာဖြစ်ပြီး စစ်မှန်သောအရာကား ခရစ်တော်သာ ဖြစ်၏။
အကြောင်းမူကား ကိုယ်တော်သည် မိမိကိုယ်ကို တစ်ကြိမ်တည်း ပူဇော်ခြင်းအားဖြင့် အပြစ်များမှ စင်ကြယ်ခြင်းခံရပြီးသော သူရို့အား ထာဝရစုံလင်စီခြင်းငှာ ဆောင်ရွက်ပီးတော်မူခ၏။