21 သို့ရာတွင် ဣသရေလလူမျိုးတိနှင့် ပတ်သက်၍ မူကား “ငါ့ကို ဆန့်ကျင်ပုန်ကန်၍ ငါ့စကားကို မနာခံသောလူမျိုးအား ငါသည် တစ်ချိန်လုံး မိမိ၏လက်ကို ကမ်းလျက်ဟိ၏” ဟု ဟေသျှာယက ဆိုထားခ၏။
နာမတော်ကိုအမှီပြု၍ နောင်တရခြင်းတရားနှင့် အပြစ်လွှတ်ခြင်းတရားတိကို ယေရုဆလင်မြို့မှစ၍ လူမျိုးတကာရို့ကို ဟောပြောရမည်။
တခြားလူမျိုးတိ ကယ်တင်ခြင်းရခြင်းငှာ ငါရို့ဟောပြောသည်ကိုပင် တားဆီးရန် ကြိုးစားကြ၏။ ထိုနည်းအတိုင်း သူရို့သည် မိမိရို့၏အပြစ်များ ပြည့်စုံစီခြင်းငှာ အစဉ်မလပ် ကျူးလွန်လျက်ဟိကြ၏။ သို့ဖြစ်၍ နောက်ဆုံး၌ ဘုရားသခင်၏ အမျက်တော်သည် သူရို့၌ ကျရောက်လေ၏။
တခြားသော ကျမ်းစာတော်မြတ်တွင်၊ “ထိုကျောက်သည် လူတိအတွက် ခလုံးတိုက်စရာ ဖြစ်စီ၍၊ တိုက်မိ၍လဲစရာ ကျောက်ဖြစ်လိမ့်မည်” ဟု ဆို၏။ သူရို့သည် နှုတ်ကပတ်တော်ကို မယုံကြည်ကြသဖြင့် ခလုံးတိုက်စရာ ဖြစ်ရကြ၏။ ဤကား ထိုသူရို့အတွက် ဘုရားသခင်၏ အလိုတော်ပင် ဖြစ်သတည်း။