Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရောမ 10:17 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

17 သို့ဖြစ်၍ ယုံကြည်ခြင်းသည် သတင်းကောင်းတရားကို ကြားနာရခြင်းကြောင့် ဖြစ်၏။ ကြားနာခြင်းသည်ကား ခရစ်တော်အကြောင်းကို ဟောပြောခြင်းအားဖြင့် ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရောမ 10:17
24 ပူးပေါင်းရင်းမြစ်များ  

ထိုမှတစ်ပါး ကိုယ်တော်က “သင်ရို့ ကြားသောအရာကို ဂရုစိုက်၍ နားထောင်ကြလော့။ သင်ရို့က အခြားသောသူတိကို စစ်ကြောသည်အတိုင်း ဘုရားသခင်သည် သင်ရို့ကို စစ်ကြောစီရင်လိမ့်မည် — ထိုထက်မက ပို၍ ပြင်းစွာသောစစ်ကြောခြင်းကို ခံရလိမ့်မည်။


သို့ရာတွင် ယေသျှုက “ဘုရားသခင်၏ နှုတ်ကပါတ်တော်ကို ကြားရ၍ လိုက်နာသောသူသည် သာ၍ မင်္ဂလာဟိ၏” ဟု မိန့်တော်မူလေ၏။


“ဤပုံဥပမာ၏ အနက်အဓိပ္ပာယ်ကား ဤသို့တည်း၊ မျိုးစိ့က ဘုရားသခင်၏ တရားစကားဖြစ်၏။


ထိုအခါ ယေသျှုက “ဘုရားသခင်၏ နှုတ်ကပါတ်တော်ကို ကြားနာလိုက်လျှောက်သော လူတိကား ငါ့အမိ၊ ငါ့ညီပင် ဖြစ်၏” ဟု မိန့်တော်မူ၏။


တပည့်တော်နှစ်ယောက်ရို့သည် ထိုစကားကို ကြားလျှင် ယေသျှုနောက်သို့ လိုက်လားကြ၏။


ငါသည် သတင်းကောင်းတရားတော်၌ ယုံကြည်ခြင်း အပြည့်ဟိပါ၏၊ အကြောင်းမူကား၊ ဤတရားသည် ရှီးဦးစွာ၌ ယုဒလူ၊ ထို့နောက် တခြားလူမျိုးတိနှင့်တကွ ယုံကြည်သူအားလုံးကို ကယ်တင်ခြင်းပီးနိုင်သော ဘုရားသခင်၏တန်ခိုးတော် ဖြစ်သောကြောင့် ဖြစ်၏။


သို့ရာတွင် ကိုယ်တော့်ကို ယုံကြည်မှုမဟိလျှင် ဇာပိုင် ဆုတောင်းပတ္ထနာ ပြုနိုင်မည်နည်း။ သတင်းကောင်းတရားကို မကြားလျှင် ဇာပိုင် ယုံကြည်နိုင် ဖို့လဲ။ သတင်းကောင်းတရားကို မဟောပြောလျှင် ဇာပိုင်ကြားနိုင်ဖို့လဲ။


ငါရို့သည် များစွာသောသူရို့ ပြုသကဲ့သို့ ဘုရားသခင်၏ နှုတ်ကပါတ်တရားတော်ကို ကိုယ်ကျိုးအတွက် ဟောပြောခြင်း မဟုတ်ဘဲ ငါရို့အား ဘုရားသခင် စီရွှတ်တော်မူသောကြောင့် ကိုယ်တော်၏ ရှိ့တော်၌ ဖြူစင်သောစိတ်ဖြင့် ခရစ်တော်၏ အခိုင်းအစီများကဲ့သို့ ငါရို့ ဟောပြောကြ၏။


ဘုရားသခင်၏ ဝိညာဉ်တော်ကို သင်ရို့ လက်ခံရခြင်းသည် ပညတ်တရားနှင့်ဆိုင်သော အကျင့်အားဖြင့်လော၊ သို့မဟုတ် သတင်းကောင်းကို ကြားနာရ၍ ယုံကြည်ခြင်းအားဖြင့်လော။ ဤအချက်ကို ငါအား ပြောကြလော့။


ဘုရားသခင်သည် သင်ရို့အား ဝိညာဉ်တော်ကို ပီးသနားတော်မူပြီးလျှင် အံ့ဖွယ်နိမိတ်လက္ခဏာများကို ပြုတော်မူခြင်းမှာ ပညတ်တရားနှင့်ဆိုင်သော အကျင့်အားဖြင့်လော။ သို့မဟုတ် သတင်းကောင်းကို ကြားနာ၍ ယုံကြည်ခြင်းအားဖြင့်လော။


ခရစ်တော်၏ နှုတ်ကပတ်တရားတော်ကို သင်ရို့၏ စိတ်နှလုံးထဲ၌ ကြွယ်ဝစွာ တည်စီကြလော့။ အမျိုးမျိုးသော ဉာဏ်ပညာဖြင့် တစ်ဦးကို တစ်ဦး သွန်သင်၍ ဆုံးမပဲ့ပျင်ကြလော့။ ဆာလံတေးခြင်း၊ ဓမ္မတေးခြင်းနှင့် ဝိညာဉ်ရေးဆိုင်ရာ တေးခြင်းများကို စိတ်နှလုံးထဲ၌ ကျေးဇူးတင်သောစိတ်ဖြင့် ဘုရားသခင်အား သီဆိုကြလော့။


ငါရို့သည် ဘုရားသခင်ကို အမြဲတစီ ကျေးဇူးတင်ရခြင်း အကြောင်းမှာ သင်ရို့သည် ငါရို့ပါးက ကြားရသော ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ခံယူကြသောအခါ လူ့စကားအဖြစ်မဟုတ်ဘဲ ဘုရားသခင်၏နှုတ်ကပတ်တော် အမှန်ဖြစ်သည်ဟု သင်ရို့သည် လက်ခံကြသောကြောင့် ဖြစ်၏။ အကြောင်းမူကား ထိုနှုတ်ကပတ်တော်သည် ယုံကြည်သော သင်ရို့၏စိတ်နှလုံးထဲ၌ အမှန်ပင် လုပ်ဆောင်လျက်ဟိ၏။


အကြောင်းမူကား သူရို့ ကြားခသည့်အတိုင်း ငါရို့သည်လည်း ထိုသတင်းကောင်းတရားတော်ကို ကြားပြီးဖြစ်ကြ၏။ သို့ရာတွင် ထိုသတင်းကောင်းတရားသည် သူရို့အဖို့ ကောင်းကျိုး မဟိခပေ။ အကြောင်းမှာ သူရို့သည် ထိုသတင်းကောင်းတရားကို ကြားကြသော်လည်း ယုံကြည်ခြင်းဖြင့် လက်မခံကြသောကြောင့်ဖြစ်၏။


အကြောင်းမူကား သင်ရို့သည် သီခြင်းတရားနှင့်ကင်းလွတ်၍ ထာဝရ အသက်ရှင်တော်မူသော ဘုရားသခင်၏ နှုတ်ကပတ်တော်အားဖြင့် တဖန် မွီးဖွားလာသော သားသမီးများ ဖြစ်ကတ်ယာ။


ငါ ယောဟန်သည်ကား သင်ရို့၏ အစ်ကိုဖြစ်ပြီး ယေသျှု၏နောက်လိုက် တစ်ယောက်ဖြစ်သည့်နည်းတူ နိုင်ငံတော်နှင့် စပ်ဆိုင်သောကြောင့် ခံရသည့် ဒုက္ခဆင်းရဲကို သင်ရို့နှင့်အတူ သည်းခံနိန်ရသောသူလည်း ဖြစ်၏။ ငါသည် ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် ယေသျှု ဖော်ပြသော သမ္မာတရားကို ဟောပြောကြေညာသည့်အတွက် ပတ်မုကျွန်းသို့ အပို့ခံရ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ