ရောမ 10:10 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား10 အကြောင်းမူကား သင်ရို့သည် စိတ်နှလုံးဖြင့် ယုံကြည်လျှင် ဖြောင့်မတ်ရာသို့ ရောက်ကြလိမ့်မည်။ မိမိ၏ယုံကြည်ခြင်းကို မိမိ၏နှုတ်ဖြင့် ဝန်ခံကြလျှင် ကယ်တင်ခြင်းသို့ ရောက်ကြလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
သို့သော်လည်း လူသည် ပညတ်တရား၏ အကျင့်အားဖြင့် ဖြောင့်မတ်ရာသို့ မရောက်နိုင်၊ ယေသျှုခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့်သာလျှင် ရနိုင်ကြောင်းကို ငါရို့သိကြ၏။ ငါရို့ကလည်း ပညတ်တရား၏ အကျင့်အားဖြင့် မဟုတ်ဘဲ ခရစ်တော်ကို ယုံကြည်အားဖြင့် ဖြောင့်မတ်ရာသို့ရောက် ကြ၏။ ဇာကြောင့်ဆိုသော် ပညတ်တရား၏ အကျင့်အားဖြင့် တစ်ယောက်မျှ ဖြောင့်မတ်ရာသို့ မရောက်နိုင်သောကြောင့် ဖြစ်၏။
ကိုယ်တော်နှင့် တစ်လုံးတစ်ဝတည်းဖြစ်နိုင်ရန် လည်းကောင်း ထိုအရာအားလုံးကို အမှိုက်ကဲ့သို့ ငါထင်မှတ်၏။ ငါသည် ပညတ်တရားကို စောင့်ထိန်းခြင်းအားဖြင့် ဖြောင့်မတ်ခြင်း မရဟိပေ။ ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့်သာလျှင် ဖြောင့်မတ်ခြင်းကို ရဟိ၏။ ထိုကဲ့သို့သော ဖြောင့်မတ်ခြင်းသည် ဘုရားသခင်ပီးသနားတော်မူသော ဖြောင့်မတ်ခြင်းဖြစ်၍ ယုံကြည်ခြင်း၌ အခြေခံ၏။