Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရောမ 1:11 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

11 ငါသည် သင်ရို့ကို အလွန်တွိ့ချင်ပါ၏။ အကြောင်းမှာ သင်ရို့သည် ခိုင်ခန့်စီခြင်းငှာ ဝိညာဉ်ဆုကျေးဇူးတချို့ကို သင်ရို့အား ဝီငှရန် ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရောမ 1:11
32 ပူးပေါင်းရင်းမြစ်များ  

ထို့ကြောင့် အသင်းတော်များသည် ယုံကြည်ခြင်း၌ သာ၍ ခိုင်မာလာကြပြီးလျှင် အရီအတွက်အားဖြင့်လည်း နိ့စဉ်နိ့တိုင်း တိုးပွားလာကြ၏။


ဤအမှုအရာများ ဖြစ်ပျက်ပြီးနောက်၊ မာကေဒေါနိပြည်နှင့် အခါယပြည်ကို ဖြတ်၍ ယေရုဆလင်မြို့သို့ ခရီးပြုမည်ဟု ပေါလုသည် စိတ်ပိုင်းဖြတ်လေ၏။ “ငါသည် ထိုဒေသများသို့ လားပြီးနောက် ရောမမြို့ကို မြင်ရလိမ့်မည်” ဟု ပေါလု ဆို၏။


ပေါလုသည် သူရို့၏ ဂေါင်းထက်တွင် လက်ကို တင်လိုက်သောအခါ သန့်ယှင်းသောဝိညာဉ်တော်သည် သူရို့အထက်၌ သက်ရောက်လေ၏။ ထိုအခါ သူရို့သည် ထူးဆန်းသော ဘာသာစကားများဖြင့် ပြောကြပြီးလျှင် ဘုရားသခင်၏ သတင်းစကားတော်ကိုလည်း ဟောပြောကြေငြာကြ၏။


ငါဆိုလိုသည်မှာ ငါ၏ယုံကြည်ခြင်း တရားကို သင်ရို့အားလည်းကောင်း သင်ရို့၏ယုံကြည်ခြင်းကို ငါ့အားလည်းကောင်း အချင်းချင်း အပြန်အလှန် အားပီးတိုက်တွန်းလို၍ ဖြစ်၏။


သို့သော်လည်း ယခုအချိန်မှာ ဤဒေသများ၌ ငါလုပ်ဆောင်စရာတိကို လုပ်ဆောင်ပြီးပြီဖြစ်၍ လွန်ခရေ နှစ်ပေါင်းများစွာကပင် သင်ရို့ကို တွိ့ရန် လာချင်သော ဆန္ဒဟိနိန်သည့်အတိုင်း၊


သင်ရို့ပါးသို့ ငါလာသောအခါ ခရစ်တော်၏ ကောင်းကြီးမင်္ဂလာ စုံလင်စွာဖြင့် ရောက်လာလိမ့်မည်ဟု ငါ သိ၏။


ထို့အပြင် ဘုရားသခင်အလိုဟိလျှင် ငါသည် ဝမ်းမြောက်သောစိတ်ဖြင့် သင်ရို့ပါးသို့ ရောက်လာပြီး သင်ရို့နှင့်အတူ သက်သာခြင်းကို ခံစားရဟိရန် လည်းကောင်း ဆုတောင်းပီးကြပါ။


ဘုရားသခင်၏ဘုန်းတန်ခိုးတော်ကို ငါရို့ ထောမနာပြုကြကုန်အံ့။ အကြောင်းမူကား ငါရို့ ဟောပြောသော ယေသျှုခရစ်တော်၏ သတင်းကောင်းအားဖြင့် လည်းကောင်း၊ လွန်ခသော အချိန်ကာလများစွာကပင် ကွယ်ဝှက်ထားခသည့် နက်နဲသော သမ္မာတရားကို ဖွင့်ပြခြင်းအားဖြင့် လည်းကောင်း ကိုယ်တော်သည် သင်ရို့အား မိမိရို့၏ယုံကြည်ခြင်း၌ ခိုင်မြဲစွာ ရပ်တည်ခြင်းငှာ မစနိုင်တော်မူ၏။


ငါသည် ဤသို့ ယုံကြည်စိတ်ချခြင်းဟိသဖြင့် သင်ရို့သည် နှစ်ဆသော ကောင်းကြီးကို ခံစားကြစီရန် ငါသည် သင်ရို့ပါးသို့ အယင်ဆုံးလာရန် အလိုဟိ၏။


သင်ရို့နှင့် ငါရို့ကို ခရစ်တော်၌ တည်စီတော်မူသော အသျှင်မှာ ဘုရားသခင် ဖြစ်တော်မူ၏။ ကိုယ်တော် ငါရို့အား ဘိသိက်ပီးတော်မူ၍၊


အကြောင်းမူကား တစ်စုံတစ်ယောက်က သင်ရို့ပါးသို့ ရောက်လာ၍ ငါရို့ မဟောပြောဖူးသော အခြားသော ယေသျှုအကြောင်းကို လည်းကောင်း၊ ငါရို့ပါးမှ ကြားသိရသည့် သတင်းကောင်းနှင့် လုံးဝခြားနားသည့် သတင်းကောင်းကို လည်းကောင်း၊ အယင်က ခံယူထားသည့် ဝိညာဉ်တော်နှင့် လုံးဝခြားနားသည့် ဝိညာဉ်ကို လည်းကောင်း ဟောပြောသောအခါ၌ သင်ရို့သည် ဝမ်းမြောက်စွာ ခွင့်ပြုကြ၏။


ထို့အပြင် သင်ရို့အား ဘုရားသခင်ပီးသနားတော်မူသော ထူးမြတ်သော ကျေးဇူးတော်ကြောင့် သူရို့သည် အလွန် စိတ်နှလုံးပါလျက် သင်ရို့အတွက် ဆုတောင်းပီးကြလိမ့်မည်။


ငါသည် ခရစ်တော်ယေသျှု၏ မေတ္တာဖြင့် သင်ရို့အားလုံးကို လွန်စွာလွမ်းဆွတ်ကြောင်းကို ငါ့အတွက် သက်သီခံသောသူကား ဘုရားသခင်ဖြစ်တော်မူ၏။


သူသည် သင်ရို့အပေါင်းကို လွမ်းဆွတ်လျက် နိန်၏။ သူ၏ဖျားနာနိန်သည့်သတင်းကို သင်ရို့ကြား သောကြောင့် သူသည် စိတ်မချမ်းမသာ ဖြစ်လျက်နိန်၏။


ငါ့ညီအစ်ကိုမောင်နှမရို့၊ သင်ရို့အား ငါ အလွန်ချစ်၍ လွမ်းဆွတ်ပါ၏။ ငါသည် သင်ရို့ကို အကြောင်းပြု၍ လွန်စွာဝမ်းမြောက်ကာ ဂုဏ်ယူဝါကြွားပါ၏။ ချစ်သောညီအစ်ကိုရို့၊ ငါရို့ဆိုခသည့်အတိုင်း ခိုင်မြဲစွာ ရပ်တည်ကြလော့။


ငါရို့၏အသျှင် ယေသျှုသည် မိမိ၏သန့်ယှင်းသူ အပေါင်းရို့နှင့်အတူ ကြွလာတော်မူသောအခါ သင်ရို့သည် ငါရို့၏အဖ ဘုရားသခင် ရှိ့တော်၌ အပြစ်ကင်း၍ သန့်ယှင်းမြင့်မြတ်စီခြင်းငှာ ကိုယ်တော်သည် သင်ရို့ကို ခိုင်ခံ့မြဲမြံတော်မူပါစီသောဝ်။


ငါရို့သည် ခရစ်တော်၏ သတင်းကောင်းကို ဟောပြောရာတွင် ဘုရားသခင်၏အမှုတော်မြတ်၌ အတူတကွ ဆောင်ရွက်သူဖြစ်သော ငါရို့၏ညီ တိမောသေအား သင်ရို့ပါးသို့ စီလွှတ်လိုက်ကြ၏။ ထိုသူကို စီလွှတ်လိုက်ခြင်းမှာ သင်ရို့၏ ယုံကြည်ခြင်း ခိုင်ခန့်စီခြင်းငှာ တိုက်တွန်းနှိုးဆော်ရန်နှင့်၊


သင်ရို့၏စိတ်နှလုံးကို နှစ်သိမ့်မှုနှင့် ပြည့်ဝစီပြီးလျှင် ကောင်းသောစကားနှင့် ကောင်းသောအမှုအလုံးစုံ၌ သင်ရို့ကို အစဉ်မပြတ် ခိုင်ခံ့မြဲမြံတော်မူပါစီသတည်း။


သို့ရာတွင် သခင်ဘုရားသည် သစ္စာနှင့်ပြည့်စုံတော်မူသည်နှင့်အညီ သင်ရို့အား ခိုင်ခန့်စီ၍ မကောင်းသောအမှုအရာမှ ကွယ်ကာတော်မူလိမ့်မည်။


အသစ်အဆန်းသော ဩဝါဒအမျိုးမျိုးနောက်သို့ မလိုက်ကတ်ကေ့။ အစားအစာနှင့် ပတ်သက်၍ စည်းမျဉ်းများကို လိုက်နာခြင်းအားဖြင့် မဟုတ်ဘဲ၊ ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့် အတွင်းလူကို ခွန်အားနှင့် ပြည့်စုံစီခြင်းသည် ကောင်းမြတ်ပေ၏။ ထိုစည်းမျဉ်းများသည် လိုက်နာသောသူအား အထောက်အပံ့ မပြုနိုင်။


သို့ရာတွင် သင်ရို့သည် ဆင်းရဲဒုက္ခကို အနည်းငယ်မျှသာ ခံစားပြီးသောအခါ ခရစ်တော်နှင့် တစ်လုံးတစ်ဝတည်း ဖြစ်စီလျက် ထာဝရဘုန်းတော်ကို ဝင်စားခွင့်ပီးရန် ခေါ်တော်မူသောအသျှင်၊ ကျေးဇူးတော်အပေါင်းနှင့် ပြည့်စုံတော်မူသော ဘုရားသခင်ကိုယ်တော်တိုင်သည် သင်ရို့ကို စုံလင်စီ၍ ခွန်အားနှင့် ပြည့်ဝစီကာ ခိုင်ခံ့စွာ ရပ်တည်စီတော်မူလိမ့်မည်။


သစ္စာဟိသော ညီအစ်ကိုအဖြစ် ငါမှတ်ယူထားသော သိလွာနု၏ အကူအညီဖြင့် သင်ရို့ပါးသို့ ဤစာကို ရီးသားလိုက်၏။ ငါသည် သင်ရို့ကို အားပီးတိုက်တွန်းရန်နှင့် သင်ရို့ ခံစားရသော ကျေးဇူးတော်သည် ဘုရားသခင်၏ ကျေးဇူးတော် အစစ်အမှန်ဖြစ်ကြောင်းကို သက်သီခံလို၏။ ထိုကျေးဇူးတော်တွင် ခိုင်ခံ့စွာ ရပ်တည်ကြလော့။


ထို့ကြောင့် သင်ရို့သည် ဤအကြောင်းအရာများကို သိနားလည်လျက် မိမိရို့ ရထားသည့် သမ္မာတရားတွင် အခြေခံ၍ ခိုင်ခံ့ပြီးဖြစ်သော်လည်း ငါသည် သင်ရို့အား ထိုအကြောင်းအရာများကို အစဉ် သတိပီးလို၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ