ရောမ 1:1 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား1 ဘုရားသခင်၏ သတင်းကောင်း တရားကို ဟောပြောခြင်းငှာ ဘုရားသခင်ရွီးချယ်၍ ခေါ်တော်မူထားသော တမန်တော်တစ်ယောက်ဖြစ်သည့် ခရစ်တော်ယေသျှု၏အစီခံ ငါ ပေါလုသည် စာရီးလိုက်ပါ၏။ အခန်းကိုကြည့်ပါ။ |
သို့သော် ငါသည် ငါ့အသက်ကို နှမြောခြင်းမဟိဘဲ၊ ငါ၏အမှုတော်ကို ပြည့်စုံစီခြင်းငှာ လည်းကောင်း၊ အသျှင်ယေသျှု ပီးအပ်တော်မူသည့် အလုပ်တာဝန်ကို လည်းကောင်း ပြီးဆုံးအောင် ဆောင်ရွက်နိုင်မှုကိုသာလျှင် ပမာဏပြု၏။ ကိုယ်တော် ပီးအပ်တော်မူသော အမှုတော်မူကား ဘုရားသခင်၏ ကျေးဇူးတော်အကြောင်း သတင်းကောင်းကို ဟောပြောကြေညာရန်ပင် ဖြစ်သတည်း။
တခြားလူမျိုးတိအတွက် ယေသျှုခရစ်တော်၏အမှုတော်ဆောင် တစ်ယောက်ဖြစ်စီခြင်းငှာ ငါ့အား ဘုရားသခင်ပီးထားသော ဆုကျေးဇူးကြောင့် ဖြစ်၏။ တခြားလူမျိုးတိသည် သန့်ယှင်းသောဝိညာဉ်တော်အားဖြင့် သန့်ယှင်းစင်ကြယ်လျက် ဘုရားသခင် လက်ခံတော်မူသော ပူဇော်သကာ ဖြစ်လာစီခြင်းငှာ ဘုရားသခင်သည် မိမိ၏သတင်းကောင်းကို ဟောပြောရန် ယဇ်ပုရောဟိတ်တာဝန်ကို ငါ့အား ပီးအပ်တော်မူ၏။
ဘုရားသခင်၏ဘုန်းတန်ခိုးတော်ကို ငါရို့ ထောမနာပြုကြကုန်အံ့။ အကြောင်းမူကား ငါရို့ ဟောပြောသော ယေသျှုခရစ်တော်၏ သတင်းကောင်းအားဖြင့် လည်းကောင်း၊ လွန်ခသော အချိန်ကာလများစွာကပင် ကွယ်ဝှက်ထားခသည့် နက်နဲသော သမ္မာတရားကို ဖွင့်ပြခြင်းအားဖြင့် လည်းကောင်း ကိုယ်တော်သည် သင်ရို့အား မိမိရို့၏ယုံကြည်ခြင်း၌ ခိုင်မြဲစွာ ရပ်တည်ခြင်းငှာ မစနိုင်တော်မူ၏။
ယေသျှုခရစ်၏ တမန်တော်တစ်ယောက် ဖြစ်သည့်အပြင် ဘုရားသခင်၏ အစီခံတစ်ယောက်ဖြစ်သော ငါ ပေါလုထံမှ စာရီးလိုက်ပါ၏။ ဘုရားသခင် ရွီးချယ်ထားသော သူရို့၏ယုံကြည်ခြင်းကို ပြုစုခြင်းငှာ လည်းကောင်း၊ ဘုရားဝတ်၌ မွိ့ပျော်ခြင်းကို ဖြစ်စီတတ်သော သမ္မာတရားကို သိစီခြင်းငှာ လည်းကောင်း ဘုရားသခင်သည် ငါ့အား ရွီးချယ်၍ စီရွှတ်လိုက်ခြင်းဖြစ်၏။
ဤစာအုပ်သည် ယေသျှုခရစ်တော် ဖွင့်ပြတော်မူသည့်အကြောင်းကို မှတ်တမ်းတင်ထားသောစာအုပ် ဖြစ်၏။ မကြာခင် ဖြစ်ပျက်ရမည့် အမှုအရာများကို မိမိ၏အခိုင်းအစီရို့အား သိစီခြင်းငှာ ဘုရားသခင်သည် ကိုယ်တော်အား ဤဗျာဒိတ်တော်ကို ပီးရခြင်း ဖြစ်ပေ၏။ ခရစ်တော်သည် မိမိ၏ အခိုင်းအစီဖြစ်သော ယောဟန်ပါးသို့ မိမိ၏ကောင်းကင်တမန်ကို စီရွှတ်၍ ဤဗျာဒိတ်တော်ကို ဖွင့်ပြတော်မူ၏။