Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဗျာဒိတ်တော် 9:20 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

20 ဤဘေးဒဏ်ဖြင့် မသီဘဲ ကျန်ဟိနိန်သော သူရို့သည် မိမိရို့၏ ဆိုးညစ်သော အကျင့်များမှ နောင်တရရန်နှင့် ဘုရားသခင်ထံသို့ ပြန်လှည့်ရန် ငြင်းပယ်ကြ၏။ ထိုသူရို့သည် နတ်မိစ္ဆာများကို လည်းကောင်း၊ မျက်စိမမြင်၊ နားမကြား၊ မလှုပ်မယှားနိုင်သော ရွှီ၊ ငွီ၊ ကြေး၊ ကျောက်၊ သစ်သားစသည်ဖြင့် ပြုလုပ်ထားသော ရုပ်တုများကို လည်းကောင်း ကိုးကွယ်လျက်ပင် ဟိနိန်ကြသိမ့်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဗျာဒိတ်တော် 9:20
43 ပူးပေါင်းရင်းမြစ်များ  

အကြောင်းမူကား ဗတ္တိဇံယောဟန်သည် သင်ရို့အား ဖြောင့်မတ်ခြင်းတရားလမ်းကို ညွှန်ပြရန် သင်ရို့ပါးသို့ ရောက်လာခယာ။ သင်ရို့သည် သူ့ကို မယုံခကတ်။ အခွန်ကောက်သောသူတိနှင့် ပြည့်တန်ဆာမတိက သူ့ကို ယုံကတ်တေ။ သင်ရို့သည် ဤအကြောင်းအရာကို မြင်တွိ့ခသော်လည်း သူ့ကို ယုံကြည်ရန် သင်ရို့သည် နောက်တဖန် စိတ်ပြောင်းလဲခြင်း မဟိကတ်ပါတကားဟု မိန့်တော်မူ၏။


ငါရို့သည် ဘုရားသခင်၏ သားသမီးများ ဖြစ်သောကြောင့် ဘုရားသခင်၏ ဇာတိတော်သည် လူ၏ အသိပညာ၊ အတတ်ပညာအားဖြင့် ထုလုပ်ထားသော ရွှီရုပ်တု သို့မဟုတ် ငွီရုပ်တု သို့မဟုတ် ကျောက်ရုပ်တု စသည့် မည်သည့် ရုပ်တုနှင့်မျှ တူတော်မူသည်ဟု မယူဆအပ်ပေ။


အဂုတွင် ပေါလုက၊ ဧဖက်မြို့တွင်သာမက၊ အာယှိပြည်တစ်လျှောက်လုံး၌ ‘လူ့လက်ဖြင့်လုပ်သော ဘုရားများသည် ဘုရားတိမဟုတ်’ ဟု ဆို၍ လူအပေါင်းရို့အား ဖြားယောင်းသည်ကို သင်ရို့ ကြားရ၊ မြင်ရကြ၏။


ထို့နောက် သူရို့သည် နွားပုံသဏ္ဌာန် ရုပ်တုကို သွန်းလုပ်ပြီး ပူဇော်သကာကို ယူဆောင်ကာ မိမိရို့လက်ဖြင့် ပြုလုပ်သော ထိုရုပ်တုကို ပူဇော်၍ ပျော်မြူးနိန်ကြ၏။


နောက်တစ်ကြိမ် ငါလာသောအခါ ငါ၏ ဘုရားသခင်သည် သင်ရို့ရှိ့၌ ငါ့အား နှိမ့်ချတော်မူပြီး အယင်က အပြစ်ပြုခသော သူများအတွက် လည်းကောင်း၊ သူတစ်ပါးမယားကို ပြစ်မှားခြင်း၊ ကိလေသာလွန်ကျူးခြင်းနှင့် ကာမဂုဏ်လိုက်စားခြင်း စသည့် အမှုအရာများကို ပြုလုပ်ခြင်းမှ နောင်တမရသောသူများအတွက် လည်းကောင်း မျက်ရည်ကျရမည်ကို ငါသည် စိုးရိမ်မိ၏။


နောင်ကာလ၌ တချို့သောလူရို့သည် လိမ်လည်လှည့်ဖျားသော ဝိညာဉ်များနှင့် နတ်ဆိုးများ၏သွန်သင်မှုများ နောက်သို့ လိုက်ပါလျက် မိမိရို့၏ယုံကြည်ခြင်းကို စွန့်ကြလိမ့်မည်ဟု ဝိညာဉ်တော်က အတိအလင်း မိန့်တော်မူ၏။


ထို့နောက် ငါသည် ကောင်းကင်တွင် အံ့သြဖွယ်ကောင်းသည့် အတိတ်နိမိတ်ကြီးတစ်ရပ်ကို မြင်ရပြန်၏။ ထိုအတိတ်နိမိတ်ကား ကပ်ဘေးခုနစ်ပါးကို ယူဆောင်လာသော ကောင်းကင်တမန် ခုနစ်ပါးဖြစ်၏။ ထိုကပ်ရောဂါများသည် ဘုရားသခင်၏ အမျက်တော်ကို အဆုံးသတ် အကောင်အထည် ဖော်ခြင်းပင်ဖြစ်၍ နောက်ဆုံးကျရောက်လာမည့် ကပ်ဘေးများဖြစ်ပေ၏။


ထို့နောက် စတုတ္ထ ကောင်းကင်တမန်သည် မိမိ၏ခွက်ဖလားကို နီထက်သို့ သွန်ချလိုက်၏။ ထိုအခါ နီသည် လူတိအား အပူဟိန်ဖြင့် လောင်ကျွမ်းစီနိုင်သောအခွင့်ကို ရလေ၏။


မြင်းများ၏ အစွမ်းသည် သူရို့၏ခံတွင်းနှင့် မတုံးများတွင် ဟိ၏။ သူရို့၏ မတုံးများသည် မြွီများ၏ ဦးဂေါင်းတိနှင့်တူ၏။ ထိုမတုံးများဖြင့် လူရို့အား အန္တရာယ်ပြုကြ၏။


သူရို့သည် လူ့အသက်ကို သတ်ခြင်း၊ ပြုစားခြင်း၊ ကာမဂုဏ်လိုက်စားခြင်း၊ သူ့ဥစ္စာခိုးခြင်း အပြစ်များကို ပြုကြသော်လည်း နောင်တမရကြပေ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ