Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဗျာဒိတ်တော် 8:8 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

8 ဒုတိယကောင်းကင်တမန်သည် မိမိကိုင်ထားသော တံပိုးခရာကို မှုတ်လိုက်သောအခါ မီးတောက်နိန်သော တောင်ကြီးတစ်တောင် ကဲ့သို့သော အရာတစ်ခုကို ပင်လယ်ထဲသို့ ပစ်ချလိုက်လေ၏။ ထိုအခါ ပင်လယ်ရီ သုံးပုံတစ်ပုံသည် သွီးအဖြစ်သို့ ပြောင်းလားလေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဗျာဒိတ်တော် 8:8
13 ပူးပေါင်းရင်းမြစ်များ  

ငါ အမှန်ဆိုသည်ကား၊ အကြင်သူသည် စိတ်နှလုံးထဲ၌ သံသယမဟိဘဲ၊ ‘မိမိပြောဆိုသည်အတိုင်း ဖြစ်မည်ဟု’ ယုံကြည်ခြင်း ဟိသောသူသည် ‘ဤတောင်ကို နီရာမှ ရွိ့လော့။ ပင်လယ်၌ ကျလော့ ဟုဆိုလျှင် ထိုသူဆိုသည့်အတိုင်း ဖြစ်လိမ့်မည်။’


ထိုသူရို့သည် ဗျာဒိတ်တော်ကို ဟောပြောသည့် အချိန်ကာလအတွင်း မိုးမရွာစီရန် မိုးကောင်းကင်ကို ပိတ်နိုင်သော တန်ခိုးဟိကြ၏။ ရီကို သွီးအဖြစ်သို့ ပြောင်းလဲစီနိုင်သော တန်ခိုးလည်း ဟိကြ၏။ သူရို့သည် မိမိရို့ အလိုဟိသည့်အခါတိုင်း ကမ္ဘာမြီကြီးကို ဘေးဒဏ်အမျိုးမျိုး သင့်စီနိုင်ကြ၏။


သူသည် အာကာပြင်၏ ကြယ်တာယာသုံးပုံ တစ်ပုံကို မိမိ၏မတုံးဖြင့် ဆွဲငင်၍ မြီကြီးထက်သို့ ပစ်ချလိုက်၏။ နဂါးကြီးသည် မွီးဖွားအံ့ဆဲဆဲဖြစ်သော မိန်းမ၏ရှိ့တွင် ရပ်လျက် မွီးဖွားသည်နှင့် တစ်ပြိုင်နက် သူမ၏သားငယ်ကို စားရန် စောင့်နိန်၏။


ပထမကောင်းကင်တမန်သည် မိမိကိုင်ထားသောတံပိုးခရာကို မှုတ်လိုက်သောအခါ သွီးနှင့်ရောနိန်သော မီးနှင့် မိုးသီးများသည် မြီကြီးထက်သို့ ကျလာ၏။ မြီကြီး၏ သုံးပုံတစ်ပုံ၊ သစ်ပင် သုံးပုံတစ်ပုံ စိမ်းစိုသောမြက် ဟိသမျှရို့သည် လောင်ကျွမ်းလေ၏။


ထိုကောင်းကင်တမန် လေးပါးရို့သည် လွတ်မြောက်ကြ၏။ သူရို့သည် ဤမည်သော အချိန်နာရီ၊ နိ့ရက်၊ လ၊ နှစ်အဖို့ လူသားမျိုးနွယ်၏ လူဦးရေသုံးပုံတစ်ပုံကို သုတ်သင်ပစ်ရန် အတွက် အသင့်ဟိနိန်သူများ ဖြစ်ကြ၏။


ထိုသို့ သူရို့၏ခံတွင်းမှ ထွက်လာသည့် မီးလျှံ၊ မီးခိုး၊ ကန့်တည်းဟူသော ကပ်သုံးပါးကြောင့် လူသားမျိုးနွယ်၏ လူဦးရေ သုံးပုံတစ်ပုံသည် သီဆုံးကြကုန်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ