Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဗျာဒိတ်တော် 8:2 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

2 ထို့နောက် ဘုရားသခင်၏ ရှိ့တော်တွင် ရပ်လျက်နိန်သည့် ကောင်းကင်တမန် ခုနစ်ပါးကို ငါမြင်ရ၏။ သူရို့အား တံပိုးခရာ ခုနစ်လုံးကို ပီးအပ်ထားလေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဗျာဒိတ်တော် 8:2
18 ပူးပေါင်းရင်းမြစ်များ  

“သင်ရို့သည် ဤသူငယ်များထဲက ဇာသူတစ်ဦး တစ်ယောက်ကိုမျှ မထီမဲ့မြင် မပြုစီခြင်းငှာ သတိထားကတ်ပါ။ သင်ရို့ကို ငါဆိုသည်ကား သူရို့၏ ကောင်းကင်တမန်များသည် ကောင်းကင်ဘုံ၌ ငါ့အဖ၏ရှိ့မှာ အမြဲတမ်း ခစားနိန်ကြ၏။


ထို့နောက် လူသားသည် ကျယ်လောင်သော တံပိုးမှုတ်သံဖြင့် သူ၏ကောင်းကင်တမန်များကို စီရွှတ်လိမ့်မည်၊ ထိုအခါ ကောင်းကင်တမန်များသည် မိမိရွီးကောက်ထားသောသူတိကို ကောင်းကင်တစ်ဖက်စွန်းမှ အခြားတစ်ဖက်စွန်းတိုင်အောင် အရပ်လေးမျက်နှာမှ စုသိမ်းကြလိမ့်မည်။


ကောင်းကင်တမန်ကလည်း “ငါကား ဘုရားသခင်၏ မျက်မှောက်တော်၌ ခစားနိန်သော ဂါဗြေလဖြစ်၏။ သင့်အား ဤသတင်းကောင်းကို ပြောကြားဖို့ ငါ့ကို ရွှတ်လိုက်တော်မူ၏။


နိုးနိုးကြားကြားနီ၍ အစဉ်မပြတ် ဆုတောင်းကြလော့။ အကြောင်းမူကား ကျရောက်လာမည့်ဖီးနှင့် ကင်းလွတ်ပြီး လူသား၏ရှိ့တော်မှောက်၌ မတ်မတ်ရပ်နိုင်မည် အကြောင်းတည်း” ဟု မိန့်တော်မူ၏။


သို့သော် နောက်ဆုံး တံပိုးခရာမှုတ်သောအခါ မျက်စိတစ်မှိတ်လျှပ်တပြတ်၌ ပြောင်းလဲကြမည်။ အကြောင်းမူကား တံပိုးခရာမှုတ်သောအခါ အိပ်ပျော်သောသူရို့သည် ရှင်ပြန်ထမြောက်ကြ၍ သီခြင်းတရားနှင့် အစဉ် ကင်းလွတ်ကြ လိမ့်မည်။ ငါရို့အားလုံးသည်လည်း ပြောင်းလဲကြမည်။


အကြောင်းမူကား ကြွေးကြော်ခြင်းနှင့်တကွ ကောင်းကင်တမန်မင်း၏ အသံ၊ ဘုရားသခင်၏ တံပိုးမှုတ်သံတိကို ကြားရသောအခါ သခင်ဘုရားကိုယ်တော်တိုင် ကောင်းကင်ဘုံမှ ဆင်းသက် ကြွလာတော်မူလိမ့်မည်။ ခရစ်တော်ကို ယုံကြည်၍ သီလွန်ပြီးသောသူများသည် ဦးစွာ ထမြောက်ကြလိမ့်မည်။


ငါ ယောဟန်ပါးမှ၊ အာယှိပြည်၌ဟိသော အသင်းတော် ခုနစ်ပါးသို့ စာရီးလိုက်ပါ၏၊ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ကာလ၌ အစဉ်ဟိတော်မူသော ဘုရားသခင်ထံတော်မှ လည်းကောင်း၊ ကိုယ်တော်၏ ပလ္လင်တော်ရှိ့၌ ဟိသော ဝိညာဉ်ခုနစ်ပါးထံမှ လည်းကောင်း၊


ထို့နောက် သတ္တမကောင်းကင်တမန်သည် မိမိ၏တံပိုးခရာကို မှုတ်လိုက်သောအခါ “အဂုတွင် လောကကို အုပ်စိုးမည့် အာဏာသည် ငါရို့၏ သခင်ဘုရားနှင့် ကိုယ်တော်၏ မေသျှိယလက်ထဲသို့ ရောက်လာယာ။ ထိုသူသည် ကမ္ဘာအဆက်ဆက်စိုးစံတော် မူလိမ့်မည်” ဟု ကောင်းကင်မှ ကျယ်လောင်စွာပြောသော အသံများကို ကြားရ၏။


ထို့နောက် ငါသည် ကောင်းကင်တွင် အံ့သြဖွယ်ကောင်းသည့် အတိတ်နိမိတ်ကြီးတစ်ရပ်ကို မြင်ရပြန်၏။ ထိုအတိတ်နိမိတ်ကား ကပ်ဘေးခုနစ်ပါးကို ယူဆောင်လာသော ကောင်းကင်တမန် ခုနစ်ပါးဖြစ်၏။ ထိုကပ်ရောဂါများသည် ဘုရားသခင်၏ အမျက်တော်ကို အဆုံးသတ် အကောင်အထည် ဖော်ခြင်းပင်ဖြစ်၍ နောက်ဆုံးကျရောက်လာမည့် ကပ်ဘေးများဖြစ်ပေ၏။


ထို့နောက် ဗိမာန်တော်ထဲမှ ကျယ်လောင်သောအသံထွက်ပေါ်လာသည်ကို ငါ ကြားရ၏။ ထိုအသံသည်ကား ကောင်းကင်တမန် ခုနစ်ပါးရို့အား “ဘုရားသခင်၏ အမျက်တော်ခွက်ဖလား ခုနစ်လုံးကို မြီကြီးသို့ သွန်းလောင်းလော့” ဟူ၍ ဖြစ်၏။


ထို့နောက် ငါ ကြည့်လိုက်သောအခါ ကောင်းကင်အလယ်၌ ပျံဝဲလျက်နိန်သော လင်းယုန်ငှက်တစ်ကောင်ကို မြင်ရ၏။ ထိုငှက်က “အခြားသော ကောင်းကင်တမန်သုံးပါး မှုတ်ကြမည့် တံပိုးခရာအသံကြောင့် မြီကြီးထက်၌ ဟိသော သတ္တဝါရို့သည် အမင်္ဂလာ ဟိကြလိမ့်မည်၊ အမင်္ဂလာ ဟိကြ လိမ့်မည်၊ အမင်္ဂလာ ဟိကြလိမ့်မည်” ဟု အသံကျယ်လောင်စွာ ပြောဆိုနိန်သည်ကို ငါကြားရ၏။


ထို့နောက် တံပိုးခရာခုနစ်လုံးကို ကိုင်ထားသော ကောင်းကင်တမန်ခုနစ်ပါးရို့သည် တံပိုးခရာမှုတ်ရန် အသင့်ပျင်ဆင်ကြ၏။


ထို့နောက် ပဉ္စမကောင်းကင်တမန်သည် မိမိကိုင်ထားသော တံပိုးခရာကို မှုတ်လိုက်သောအခါ ကောင်းကင်မှ မြီကြီးထက်သို့ ကြယ်တစ်လုံးကြွီကျလာသည်ကို ငါမြင်ရ၏။ ထိုပဉ္စမကောင်းကင်တမန်သည် အနက်ဆုံးသောတွင်း၏ သော့ကို ထိုကြယ်အား ပီးအပ်လေ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ