Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဗျာဒိတ်တော် 7:17 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

17 အကြောင်းမူကား ပလ္လင်တော်အလယ်တွင် ဟိတော်မူသော သိုးသူငယ်တော်သည် သူရို့၏ သိုးထိန်းဖြစ်ကာ အသက်စမ်းရီ ဟိရာအရပ်သို့ ပို့ဆောင်တော်မူမည် ဖြစ်သောကြောင့်တည်း။ ဘုရားသခင်သည်လည်း သူရို့၏ မျက်ရည်ဟိသမျှကို သုတ်ပီးတော်မူလိမ့်မည်” ဟု ဆို၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဗျာဒိတ်တော် 7:17
42 ပူးပေါင်းရင်းမြစ်များ  

“ ‘အို၊ ယုဒပြည် ဗက်လင်မြို့၊ သင်သည် ယုဒပြည်၏မြို့များထဲမှာ သိမ်ငယ်သောမြို့ တစ်မြို့ မဟုတ်။ ငါ၏ဣသရေလလူမျိုးတိကို လမ်းပြမည့် ခေါင်းဆောင်တစ်ယောက်သည် သင်၏အထဲမှ ပေါ်ထွန်းလာလိမ့်မည် ဟူ၍ ဖြစ်သည်’ ” ဟု သူရို့က ဖြေကြ၏။


စိတ်မသာ ညည်းတွားလျက်ဟိသော သူရို့သည် မင်္ဂလာဟိကြ၏၊ ဘုရားသခင်သည် သူရို့ကို နှစ်သိမ့်ပီးတော်မူလိမ့်မည်။


“ငါသည် ကောင်းသော သိုးထိန်းဖြစ်၏။ ကောင်းသော သိုးထိန်းသည် သိုးတိအတွက် မိမိအသက်ကို စွန့်တတ်၏။


ငါသည် ကောင်းသောသိုးထိန်း ဖြစ်၏။ ခမည်းတော်သည် ငါ့ကို သိတော်မူ၍၊ ငါသည်လည်း ခမည်းတော်ကို သိသကဲ့သို့ ငါ၏သိုးတိကို ငါသိ၏။ ငါ့သိုးတိကလည်း ငါ့ကိုသိကြ၏။ ငါသည် သိုးတိအတွက် အသက်ကိုစွန့်၏။


ယေသျှုကလည်း “ဘုရားသခင်ပီးသော အရာတိကို လည်းကောင်း၊ သင့်ပါးမှ ရီသောက်ဖို့ တောင်းသောသူကို လည်းကောင်း သိလျှင် သင်သည် ထိုသူပါးက တောင်းလိမ့်မည်၊ ထိုသူလည်း သင့်ကို အသက်ရီကို ပီးလိမ့်မည်” ဟု မိန့်တော်မူ၏။


မိန်းမက “ဆရာ၊ သင့်မှာ ရီဆွဲပုံးလည်း မဟိ။ ရီတွင်းကလည်း နက်၏။ သင်သည် အသက်ရီကို ဇာကနိန် ရနိုင်ပါမည်နည်း။


သို့သော်လည်း ငါ ပီးသောရီကို သောက်သောသူကား နောက်တဖန် ရီမမွတ်ယာ။ ထိုရီသည် ထိုသူရို့၏ အထဲ၌ အသက်စမ်းရီဖြစ်စီပြီး ထာဝရအသက်ကိုလည်း ပီးလိမ့်မည်” ဟု မိန့်တော်မူ၏။


ထို့ကြောင့် သင်ရို့သည် မိမိကိုယ်ကိုလည်းကောင်း၊ သန့်ယှင်းသောဝိညာဉ်တော် ပီးထားသော သိုးစုရို့ကို လည်းကောင်း ကြည့်ရှုစောင့်ရှောက်ကြလော့။ ဘုရားသခင့် အသင်းတော်၏ သိုးထိန်းများ ဖြစ်စီကြလော့။ ထိုအသင်းတော်မူကား ဘုရားသခင်သည် မိမိသားတော်၏ အသွီးတော်အားဖြင့် မိမိပိုင်ဆိုင်ရာ အသင်းတော် ဖြစ်စီ၏။


သင်ရို့၌ အပ်ထားသော ဘုရားသခင်၏ သိုးစုကို စောင့်ရှောက်ကြလော့။ တာဝန်အရ စောင့်ရှောက်ခြင်းမဟုတ်ဘဲ ဘုရားသခင်၏ အလိုတော်နှင့်အညီ စိတ်အားထက်သန်စွာဖြင့် စောင့်ရှောက်ကြလော့။ သင်ရို့ လုပ်ဆောင်သည့်အခါ၌လည်း အဖိုးအခ ရရုံမျှသာ လုပ်ဆောင်ခြင်းမဟုတ်ဘဲ စစ်မှန်သော စေတနာစိတ်နှင့် လုပ်ဆောင်ကြလော့။


ထိုသူရို့သည် ကာမဂုဏ်ခံစားမှုနှင့် ကင်းလွတ်သော သူတိဖြစ်၍ သိုးသူငယ်တော် လားလေရာ အရပ်သို့ လိုက်ကြ၏။ သူရို့သည် လူတိအထဲက ရွီးနုတ်ကယ်တင်ခြင်းကို ခံရသဖြင့် ဘုရားသခင်နှင့် သိုးသူငယ်တော်၏ အဦးသီးသော အသီးများဖြစ်ကြ၏။


ထိုမြို့တော်ထဲတွင် ဗိမာန်တော်ကို ငါမတွိ့ရ။ အကြောင်းမူကား ထိုမြို့၏ ဗိမာန်တော်သည် အနန္တတန်ခိုးသျှင် ဘုရားသခင်နှင့် သိုးသူငယ်တိပင် ဖြစ်သောကြောင့်တည်း။


ဘုရားသခင်၏ ဘုန်းတန်ခိုးတော်သည် ထိုမြို့၌ ထွန်းလင်း၍ သိုးသူငယ်တော်သည် ထိုမြို့၏ဆီမီးဖြစ်သဖြင့် ထိုမြို့သည် နီ၏ အလင်းရောင်၊ လ၏ အလင်းရောင်ကို မလို။


ကိုယ်တော်သည် သူရို့၏ မျက်ရည်ဟိသမျှကို သုတ်တော်မူလိမ့်မည်။ နောက်တဖန် သီဆုံးခြင်း၊ ဝမ်းနည်းပူဆွီးခြင်း၊ ငိုကြွီးခြင်းနှင့် နာကျင်ခြင်းများသည် မဟိရ။ ရှိ့ဖြစ်ဖူးသော အရာများသည် ပျောက်ကွယ်လားယာ” ဟု ဆို၏။


ထို့နောက် ကိုယ်တော်က “အမှုပြီးယာ။ ငါသည် အာလဖနှင့် ဩမေဃဖြစ်ပြီး အစနှင့် အဆုံးလည်းဖြစ်၏။ ရီငတ်သောသူအား အသက်စမ်းရီကို အဖိုးအခ မပီးရဘဲ သောက်ရသောအခွင့်ကို ငါပီးမည်။


ထို့နောက် ကောင်းကင်တမန်သည် ငါ့အား အသက်ရီစီးရာ မြစ်ကိုလည်း ပြ၏။ ထိုမြစ်သည် သလင်းကျောက်ကဲ့သို့ ကြည်လင်တောက်ပကာ ဘုရားသခင်နှင့် သိုးသူငယ်တော်၏ပလ္လင်မှ ထွက်၍၊


“အကျွန်ရို့၏အသျှင် ဘုရားသခင်၊ ကိုယ်တော်သည် ခပ်သိမ်းသောအရာတိကို ဖန်ဆင်းတော်မူ၏။ ထိုအရာခပ်သိမ်းရို့သည် ကိုယ်တော်၏ အလိုတော်အားဖြင့် ဖန်ဆင်းခြင်းကို ခံရပြီး တည်ဟိကြပါ၏။ ထို့ကြောင့် ကိုယ်တော်သည် ဘုန်းတော်၊ ဂုဏ်တော်၊ တန်ခိုးတော်တိကို ခံယူထိုက်တော်မူပါ၏” ဟု မြွက်ဆိုကြ၏။


ထို့နောက် သိုးသူငယ်သည် သက်ဟိသတ္တဝါလေးပါးရို့နှင့် အကြီးအကဲရို့ ဝန်းရံလျက်ဟိသည့် ပလ္လင်တော်အလယ်၌ ရပ်လျက်နိန်သည်ကို ငါမြင်၏။ သူသည် ယဇ်ပူဇော်ခြင်းငှာ သတ်ရန်ထားသည့် သိုးနှင့်တူ၏။ ထိုသူ၌ ဦးဂြိုခုနစ်ချောင်းနှင့် မျက်စိခုနစ်လုံး ဟိ၏။ ထိုအရာများသည် မြီကြီးတစ်ပြင်လုံးသို့ ဘုရားသခင် စီလွှတ်တော်မူသော ဝိညာဉ်ခုနစ်ပါး ဖြစ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ