ဗျာဒိတ်တော် 7:15 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား15 ထို့ကြောင့် “သူရို့သည် ဘုရားသခင်၏ ပလ္လင်တော်ရှိ့သို့ ရောက်ဟိ၍ ကိုယ်တော်၏ ဗိမာန်တော်တွင် နိ့ညမပြတ် ဝတ်ပြုနိန်ကြခြင်း ဖြစ်၏။ ပလ္လင်တော်ထက်၌ စံနိန်တော်မူသော အသျှင်သည်လည်း သူရို့နှင့်အတူ ဟိတော်မူ၍ ကာကွယ်စောင့်ရှောက်တော်မူလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
ငါရို့၏ယုံကြည်ခြင်းကို စတင်ဖြစ်တည်စီ၍ အဆုံးတိုင်အောင် စုံလင်စီတော်မူသော အသျှင်ယေသျှုကို စိ့စိ့ထောက်ရှုကြကုန်အံ့။ အကြောင်းမူကား ကိုယ်တော်သည် မိမိအဖို့ ပျင်ဆင်ထားသော ဝမ်းမြောက်ဖွယ်ရာအကြောင်းကြောင့် ရှက်ကြောက်ဖွယ်အမှုကို မှတ်တော်မမူဘဲ လက်ဝါးကပ်တိုင်၌ အသီခံတော်မူပြီးလျှင် ဘုရားသခင်ပလ္လင်တော်၏ လက်ယာဖက်၌ ထိုင်တော်မူလေ၏။
ထိုသတ္တဝါ လေးပါးစလုံးတွင် အတောင်ခြောက်ခုစီ ဟိကြ၏။ သူရို့၏ကိုယ် အတွင်းအပြင်၌ မျက်စိများနှင့် ပြည့်နှက်လျက် ဟိကြ၏။ သူရို့သည် နိ့နှင့်ညပါ မနားဘဲ၊ “အနန္တတန်ခိုးသျှင် ဘုရားသခင်သည် သန့်ယှင်းတော်မူ၏၊ သန့်ယှင်းတော်မူ၏၊ သန့်ယှင်းတော်မူ၏။ ကိုယ်တော်သည် အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ကာလအစဉ် ဟိနိန်တော်မူ၏” ဟု မြွက်ဆိုကြ၏။
ထို့နောက် ငါ ကြည့်လိုက်သောအခါ ဇာသူမျှ မရွီတွက်နိုင်သော လူအုပ်ကြီးကို တွိ့ရ၏။ သူရို့သည် ဘာသာစကား အမျိုးမျိုးကို ပြောဆိုသော တိုင်းနိုင်ငံအသီးသီး၊ ခပ်သိမ်းသော လူမျိုးအနွယ်အသီးသီးမှ လာကြသောသူတိ ဖြစ်ကြ၏။ သူရို့သည် ဝတ်လုံဖြူတိကို ဝတ်ပြီး စွန်ပလွံခက်တိကို ကိုင်ကာ ပလ္လင်တော်နှင့် သိုးသူငယ်တော်၏ ရှိ့၌ ရပ်နိန်ကြ၏။