13 အာကာပြင်၌ဟိသော ကြယ်များသည် လီပြင်းဒဏ်ကြောင့် သင်္ဘောသဖန်းပင်မှ ကြွီကျလားသော သင်္ဘောသဖန်းသီး အစိမ်းများကဲ့သို့ မြီကြီးထက်သို့ ကျကြကုန်၏။
“ဤဒုက္ခကပ်ဆိုးကြီးကာလ ကုန်ဆုံးလားပြီးနောက် မကြာခင်မှာ နီကို မိုက်လားစီပြီးလျှင် လသည် မိမိ၏အလင်းရောင်ကို ပီးလိမ့်မည်မဟုတ်။ ကြယ်တိသည် အာကာပြင်မှ ကြွီကျကြပြီးလျှင် ကောင်းကင်တန်ခိုးများကို တုန်လှုပ်စီလိမ့်မည်။
ကြယ်တိလည်း ကောင်းကင်မှ ကြွီကျလိမ့်မည်။ ကောင်းကင်တန်းခိုးတိလည်း တုန်လှုပ်ကြလိမ့်မည်။
“နီ၊ လ၊ ကြယ်နက္ခတ်များ၌ ပုဗ္ဗနိမိတ်တိ ထင်ရှားလိမ့်မည်။ မြီကြီးထက်၌လည်း လူမျိုးအသီးသီးရို့သည် သမုဒ္ဒရာလှိုင်းတံပိုး ကြီးခြင်းကြောင့် မငြိမ်မသက်ဖြစ်ခြင်း၊ ကြောက်ရွံ့တုန်လှုပ်ခြင်း ဖြစ်ကြလိမ့်မည်။
ထို့နောက် ပဉ္စမကောင်းကင်တမန်သည် မိမိကိုင်ထားသော တံပိုးခရာကို မှုတ်လိုက်သောအခါ ကောင်းကင်မှ မြီကြီးထက်သို့ ကြယ်တစ်လုံးကြွီကျလာသည်ကို ငါမြင်ရ၏။ ထိုပဉ္စမကောင်းကင်တမန်သည် အနက်ဆုံးသောတွင်း၏ သော့ကို ထိုကြယ်အား ပီးအပ်လေ၏။