ဗျာဒိတ်တော် 6:11 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား11 ထိုသူရို့သည် ဝတ်လုံဖြူတစ်ထည်စီ ရပြီးလျှင် မိမိရို့နည်းတူ အသတ်ခံရကြမည့် အစီခံရို့နှင့် ညီအစ်ကိုမောင်နှမရို့ အရီအတွက် ပြည့်စုံသည့်တိုင်အောင် တအောင့်ချေ စောင့်နိန်ကြရန် အမိန့်ကို ခံရကြ၏။ အခန်းကိုကြည့်ပါ။ |
သို့သော် ငါသည် ငါ့အသက်ကို နှမြောခြင်းမဟိဘဲ၊ ငါ၏အမှုတော်ကို ပြည့်စုံစီခြင်းငှာ လည်းကောင်း၊ အသျှင်ယေသျှု ပီးအပ်တော်မူသည့် အလုပ်တာဝန်ကို လည်းကောင်း ပြီးဆုံးအောင် ဆောင်ရွက်နိုင်မှုကိုသာလျှင် ပမာဏပြု၏။ ကိုယ်တော် ပီးအပ်တော်မူသော အမှုတော်မူကား ဘုရားသခင်၏ ကျေးဇူးတော်အကြောင်း သတင်းကောင်းကို ဟောပြောကြေညာရန်ပင် ဖြစ်သတည်း။
တဖန် “ရီးမှတ်ထားလော့။ ယခုအချိန်မှစ၍ သခင်ဘုရား၌ သီလွန်သောသူရို့သည် မင်္ဂလာဟိကြ၏” ဟု ဆိုသော ကောင်းကင်မှ အသံကို ငါကြားရ၏။ ဝိညာဉ်တော်ကလည်း “အမှန်ပင်ဖြစ်၏။ သူရို့သည် ဆင်းရဲပင်ပန်းစွာ လုပ်ဆောင်ခြင်းမှ အနားယူခွင့်ကို ရဟိကြလိမ့်မည်။ အကြောင်းမူကား သူရို့၏ လုပ်ဆောင်သောအကျိုးသည် သူရို့နှင့်အတူ လိုက်ပါလျက် ဟိသောကြောင့်ဖြစ်၏” ဟု မိန့်တော်မူ၏။
ထို့နောက် ငါ ကြည့်လိုက်သောအခါ ဇာသူမျှ မရွီတွက်နိုင်သော လူအုပ်ကြီးကို တွိ့ရ၏။ သူရို့သည် ဘာသာစကား အမျိုးမျိုးကို ပြောဆိုသော တိုင်းနိုင်ငံအသီးသီး၊ ခပ်သိမ်းသော လူမျိုးအနွယ်အသီးသီးမှ လာကြသောသူတိ ဖြစ်ကြ၏။ သူရို့သည် ဝတ်လုံဖြူတိကို ဝတ်ပြီး စွန်ပလွံခက်တိကို ကိုင်ကာ ပလ္လင်တော်နှင့် သိုးသူငယ်တော်၏ ရှိ့၌ ရပ်နိန်ကြ၏။