ဗျာဒိတ်တော် 6:10 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား10 ထိုဝိညာဉ်များက “သန့်ယှင်းဖြောင့်မှန်တော်မူသော အနန္တတန်ခိုးသျှင်၊ အကျွန်ရို့အား သတ်ဖြတ်ခသည့် အပြစ်အတွက် လောကီသားရို့အား ဇာကာလတိုင်အောင် တရားမစီရင်၊ အပြစ်ဒဏ်မပီးဘဲ နိန်တော်မူမည်နည်း” ဟု ကျယ်သောအသံဖြင့် ဟစ်အော်ကြ၏။ အခန်းကိုကြည့်ပါ။ |
ဣသရေလလူမျိုးထဲတွင် မှားယွင်းသော ပရောဖက်များ အယင်က ပေါ်ပေါက်ခသည့်နည်းတူ သင်ရို့ထဲ၌လည်း မှားယွင်းသောဆရာများ ပေါ်ပေါက်လာကြလိမ့်မည်။ သူရို့သည် ပျက်စီးခြင်းသို့ ရောက်စီမည့် မှားယွင်းသော အယူဝါဒများကို ယူဆောင်လာပြီးလျှင် သင်ရို့ကို ရွီးနုတ်တော်မူသော အသျှင်ကိုပင် ငြင်းပယ်ကာ သူရို့၌ ပျက်စီးခြင်းဘေးကို ရုတ်တရက် ကျရောက်စီကြလိမ့်မည်။
ကိုယ်တော်၏ အမျက်တော်သက်ရောက်ရာ ကာလသည် လည်းကောင်း၊ သီလွန်သောသူရို့ကို တရားစီရင်တော်မူရာ ကာလသည် လည်းကောင်း ယခုအခါ ကျရောက်လာသည်ဖြစ်၍ မယုံကြည်သောသူအပေါင်းရို့သည် အမျက်ထွက်ကြပါ၏။ ကိုယ်တော်၏ အစီခံများဖြစ်ကြသော ပရောဖက်ရို့၊ ဘုရားသခင်၏လူရို့၊ ကိုယ်တော့်ကို ကြောက်ရွံ့ရိုသီသောသူရို့ အကြီးအငယ်ရို့ကို ဆုလာဘ်ပီးရန် အချိန်ရောက်လာပြီဖြစ်၏။ ကမ္ဘာမြီကြီးကို ဖျက်ဆီးသောသူရို့အား ဖျက်ဆီးခြင်းငှာ အချိန်ကာလသည်လည်း ရောက်ဟိလာပြီဖြစ်၏” ဟု လျှောက်ထားကြ၏။