Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဗျာဒိတ်တော် 5:8 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

8 ထိုသို့ ယူလိုက်သောအခါ သတ္တဝါလေးပါးနှင့် အကြီးအကဲနှစ်ဆယ့်လေးပါးရို့သည် သိုးသူငယ်တော်၏ ရှိ့တော်၌ ပျပ်ဝပ်လျက် နိန်ကြ၏။ ထိုသူအသီးသီးရို့သည် စောင်းများကိုလည်းကောင်း၊ ဘုရားသခင် လူစုတော်၏ ဆုတောင်းပတ္ထနာတည်းဟူသော နံ့သာပေါင်းနှင့်ပြည့်လျက်ဟိသည့် ရွှီဖလားများကို လည်းကောင်း တစ်ခုစီ ကိုင်ဆောင်လျက် ဟိကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဗျာဒိတ်တော် 5:8
27 ပူးပေါင်းရင်းမြစ်များ  

နောက်တစ်နိ့၌ ယောဟန်သည် မိမိထံသို့ ယေသျှုကြွလာသည်ကို မြင်သော်၊ “လောကသားရို့၏ အပြစ်ကို ယူဆောင်လားတော်မူမည့် ဘုရားသခင်၏ သိုးသူငယ်တော်ကို ကြည့်ကြလော့။


အကြောင်းမူကား လူရို့သည် ခမည်းတော်အား ရိုသီသည့်နည်းတူ သားတော်ကိုလည်း ရိုသီကြစီရန် ဖြစ်၏။ သားတော်အား မရိုသီသောသူ ဟိသမျှရို့သည် ထိုသားတော်အား စီရွှတ်တော်မူသော ခမည်းတော်ကိုလည်း မရိုသီသောသူ ဖြစ်၏။


သို့ရာတွင် ဘုရားသခင်က မိမိ၏ သားဦးကို ဤလောကထဲသို့ စီရွှတ်တော်မူသောအခါ၌ “ဘုရားသခင်၏ ကောင်းကင်တမန်အပေါင်းရို့သည် ကိုယ်တော့်ကို ကိုးကွယ်ရမည်” ဟု မိန့်တော်မူ၏။


အသီသတ်ခြင်းကို ခံရသည့် သိုးသူငယ်တော်၏ အသက်စာစောင်တွင် လောကကို ဖန်ဆင်းတော်မမူခင်ကပင် စာရင်းဝင်သောသူရို့မှတစ်ပါး မြီကြီးသားအပေါင်းရို့သည် ထိုသားရဲအား ကိုးကွယ်ကြလိမ့်မည်။


ထို့နောက် မီးနှင့်ရောသည့် ဖန်ရီကန်နှင့်တူသော အရာတစ်ခုကို ငါမြင်ရ၏။ သားရဲနှင့် သူ၏ရုပ်တုအား လည်းကောင်း၊ ကိန်းဂဏန်း၏ နာမည်ကို ပိုင်ဆိုင်သူအား လည်းကောင်း အောင်နိုင်သောသူရို့ကို ငါမြင်ရ၏။ သူရို့သည် ဘုရားသခင် ပီးတော်မူသော စောင်းများကို ကိုင်လျက် ဖန်ရီကန်အနားတွင် ရပ်လျက်နိန်ကြ၏။


ထို့နောက် သက်ဟိသတ္တဝါ လေးပါးအနက် တစ်ပါးသည် ကာလအစဉ်အမြဲ အသက်ရှင်တော်မူသော ဘုရားသခင်၏ အမျက်တော်ပြည့်လျက်ဟိသည့် ရွှီဖလားခုနစ်လုံးကို ကောင်းကင်တမန်ခုနစ်ပါးရို့အား ပီးလေ၏။


ထိုအခါ အသက်ကြီးသူ ၂၄ ပါးနှင့် သက်ဟိသတ္တဝါလေးပါးရို့က “အာမင်၊ ဘုရားသခင်၏ဂုဏ်တော်ကို ချီးမွမ်းကြလော့” ဟု ဆိုကာ ပလ္လင်တော်ထက်တွင် စံနိန်တော်မူသော ဘုရားသခင်အား ပျပ်ဝပ် ကိုးကွယ်ကြ၏။


အကြီးအကဲ နှစ်ဆယ့်လေးပါးရို့သည် ပလ္လင်ထက်တွင် စံတော်မှုလျက် ကမ္ဘာအဆက်ဆက်အသက် ရှင်တော်မူသော အသျှင်၏ရှိ့တော်၌ ပျပ်ဝပ်လျက် ကိုးကွယ်ကြကုန်၏။ သူရို့သည် ပလ္လင်တော်ရှိ့တွင် မိမိရို့၏ သရဖူများကို ချလျက်၊


ထိုပလ္လင်၏ ပတ်လည်တွင် အခြားပလ္လင်နှစ်ဆယ့်လေးခုကိုလည်း ငါတွိ့မြင်ရ၏။ ထိုပလ္လင်တိထက်တွင် အသက်ကြီးသူ နှစ်ဆယ့်လေးပါးရို့သည် ထိုင်လျက် နိန်ကြ၏။ သူရို့သည် ဝတ်ဖြူစင်ကြယ်များကို ဝတ်လျက် ရွှီသရဖူများကို ဆင်ယင်ထားကြ၏။


ပလ္လင်တော်၏ရှိ့တွင် သလင်းကျောက် ကဲ့သို့ ကြည်လင်သော ဖန်ရီကန်ဟု ထင်ရသော ကန်ဟိ၏။ ထို့ပြင် ပလ္လင်တော်၏ပတ်လည် တစ်ဖက်တစ်ချက်တွင် သက်ဟိသတ္တဝါ လေးပါးဟိ၏။ သူရို့ကိုယ် ခန္ဓာရှိ့ပိုင်းနှင့် နောက်ပိုင်းတွင် မျက်စိများဖြင့် ပြည့်နှက်လျက်ဟိ၏။


ထိုသတ္တဝါ လေးပါးစလုံးတွင် အတောင်ခြောက်ခုစီ ဟိကြ၏။ သူရို့၏ကိုယ် အတွင်းအပြင်၌ မျက်စိများနှင့် ပြည့်နှက်လျက် ဟိကြ၏။ သူရို့သည် နိ့နှင့်ညပါ မနားဘဲ၊ “အနန္တတန်ခိုးသျှင် ဘုရားသခင်သည် သန့်ယှင်းတော်မူ၏၊ သန့်ယှင်းတော်မူ၏၊ သန့်ယှင်းတော်မူ၏။ ကိုယ်တော်သည် အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ကာလအစဉ် ဟိနိန်တော်မူ၏” ဟု မြွက်ဆိုကြ၏။


တဖန် ငါ ကြည့်လိုက်သောအခါ ပလ္လင်တော်၌ လည်းကောင်း၊ သတ္တဝါလေးပါးနှင့် အကြီးအကဲရို့၏ ပတ်လည်၌ လည်းကောင်း ရပ်နိန်သော ကောင်းကင်တမန်ရို့၏ အသံကို ကြားရ၏။ ထိုကောင်းကင်တမန်ရို့၏ အရီအတွက်ကား ကုဋေသင်္ချေမက အတိုင်းမသိ များပြား၏။


သူရို့က၊ “အသီသတ်ခြင်းကို ခံရသော သိုးသူငယ်တော်သည် တန်ခိုး၊ စည်းစိမ်၊ ဉာဏ်ပညာ၊ ခွန်အား၊ ဂုဏ်ပြုခြင်း၊ ဘုန်းကြီးခြင်း၊ ချီးမွမ်းခြင်းများကို ခံထိုက်တော်မူပါ၏” ဟု ကျယ်သောအသံဖြင့် မြွက်ဆိုကြ၏။


ထိုအခါ သတ္တဝါလေးပါးရို့က “အာမင်” ဟု မြွတ်ဆိုကြ၏။ အကြီးအကဲရို့သည်လည်း ပျပ်ဝပ်လျက် ကိုးကွယ်ကြ၏။


ထို့နောက် သိုးသူငယ်သည် သက်ဟိသတ္တဝါလေးပါးရို့နှင့် အကြီးအကဲရို့ ဝန်းရံလျက်ဟိသည့် ပလ္လင်တော်အလယ်၌ ရပ်လျက်နိန်သည်ကို ငါမြင်၏။ သူသည် ယဇ်ပူဇော်ခြင်းငှာ သတ်ရန်ထားသည့် သိုးနှင့်တူ၏။ ထိုသူ၌ ဦးဂြိုခုနစ်ချောင်းနှင့် မျက်စိခုနစ်လုံး ဟိ၏။ ထိုအရာများသည် မြီကြီးတစ်ပြင်လုံးသို့ ဘုရားသခင် စီလွှတ်တော်မူသော ဝိညာဉ်ခုနစ်ပါး ဖြစ်၏။


ထို့နောက် သိုးသူငယ်တော်သည် တံဆိပ်ခုနစ်ခုအနက် ပထမတံဆိပ်အား ဖွင့်သည်ကို ငါမြင်၏။ သက်ဟိသတ္တဝါလေးပါးအနက် တစ်ပါးသည် မိုးကြိုးခြိမ်းသံနှင့်တူသော အသံဖြင့် “လာလော့” ဟု ဆိုသည်ကို ငါ ကြားရ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ