ဗျာဒိတ်တော် 5:6 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား6 ထို့နောက် သိုးသူငယ်သည် သက်ဟိသတ္တဝါလေးပါးရို့နှင့် အကြီးအကဲရို့ ဝန်းရံလျက်ဟိသည့် ပလ္လင်တော်အလယ်၌ ရပ်လျက်နိန်သည်ကို ငါမြင်၏။ သူသည် ယဇ်ပူဇော်ခြင်းငှာ သတ်ရန်ထားသည့် သိုးနှင့်တူ၏။ ထိုသူ၌ ဦးဂြိုခုနစ်ချောင်းနှင့် မျက်စိခုနစ်လုံး ဟိ၏။ ထိုအရာများသည် မြီကြီးတစ်ပြင်လုံးသို့ ဘုရားသခင် စီလွှတ်တော်မူသော ဝိညာဉ်ခုနစ်ပါး ဖြစ်၏။ အခန်းကိုကြည့်ပါ။ |
ထိုသတ္တဝါ လေးပါးစလုံးတွင် အတောင်ခြောက်ခုစီ ဟိကြ၏။ သူရို့၏ကိုယ် အတွင်းအပြင်၌ မျက်စိများနှင့် ပြည့်နှက်လျက် ဟိကြ၏။ သူရို့သည် နိ့နှင့်ညပါ မနားဘဲ၊ “အနန္တတန်ခိုးသျှင် ဘုရားသခင်သည် သန့်ယှင်းတော်မူ၏၊ သန့်ယှင်းတော်မူ၏၊ သန့်ယှင်းတော်မူ၏။ ကိုယ်တော်သည် အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ကာလအစဉ် ဟိနိန်တော်မူ၏” ဟု မြွက်ဆိုကြ၏။
ထို့ပြင် ကောင်းကင်၊ မြီကြီးအထက်၊ မြီကြီးအောက်၊ ပင်လယ်အရပ်ရပ်၌ ဟိသမျှသော သတ္တဝါအပေါင်းရို့က၊ “ပလ္လင်ထက်တွင် ထိုင်နိန်တော်မူသော သူနှင့် သိုးသူငယ်တော်သည် ကမ္ဘာအဆက်ဆက် ချီးမွမ်းခြင်းကို ခံရပါစီသတည်း။ ဂုဏ်ပြုခြင်း၊ ဘုန်းကြီးခြင်း၊ တန်ခိုးကြီးခြင်းများဖြင့် ပြည့်စုံတော်မူပါစီသတည်း” ဟု ကြွေးကြော်ကြသည်ကို ငါကြားရ၏။