Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဗျာဒိတ်တော် 5:12 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

12 သူရို့က၊ “အသီသတ်ခြင်းကို ခံရသော သိုးသူငယ်တော်သည် တန်ခိုး၊ စည်းစိမ်၊ ဉာဏ်ပညာ၊ ခွန်အား၊ ဂုဏ်ပြုခြင်း၊ ဘုန်းကြီးခြင်း၊ ချီးမွမ်းခြင်းများကို ခံထိုက်တော်မူပါ၏” ဟု ကျယ်သောအသံဖြင့် မြွက်ဆိုကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဗျာဒိတ်တော် 5:12
19 ပူးပေါင်းရင်းမြစ်များ  

ထို့ကြောင့် ယေသျှုသည် မိမိ၏တပည့်တော်တိပါးသို့ လာ၍ မိန့်မှာတော်မူသည်မှာ၊ “ငါသည် ကောင်းကင်ဘုံ၌လည်းကောင်း၊ မြီကြီးပေါ်၌လည်းကောင်း အုပ်စိုးပိုင်သော တန်ခိုးအာဏာကို ရထားပြီးပြီ။


နောက်တစ်နိ့၌ ယောဟန်သည် မိမိထံသို့ ယေသျှုကြွလာသည်ကို မြင်သော်၊ “လောကသားရို့၏ အပြစ်ကို ယူဆောင်လားတော်မူမည့် ဘုရားသခင်၏ သိုးသူငယ်တော်ကို ကြည့်ကြလော့။


အကြောင်းမူကား ကိုယ်တော်သည် သားတော်ကို ပီးအပ်ထားသော သူရို့အား ထာဝရအသက်ကို ရစီခြင်းငှာ လူသားအားလုံးကို အစိုးရသောအခွင့်အာဏာကို သားတော်အား ပီးအပ်ထားပြီးဖြစ်ပါ၏။


အကြောင်းမူကား သင်ရို့သည် ငါရို့၏ အသျှင် ယေသျှု ခရစ်တော်၏ ကျေးဇူးတော်ကို သိကြ၏။ ကိုယ်တော်သည် ကြွယ်ဝသော်လည်း သင်ရို့၏အကျိုးကိုထောက်၍ ဆင်းရဲခြင်းကို ခံတော်မူ၏။ အကြောင်းမှာ ကိုယ်တော်၏ဆင်းရဲခံခြင်းအားဖြင့် သင်ရို့ကို ကြွယ်ဝကြစီခြင်းငှာ ဖြစ်၏။


ထာဝရ သျှင်ဘုရင် ဖြစ်တော်မူသော၊ ထာဝရတည်ဟိတော်မူသော၊ လူတိ မျက်စိဖြင့် မမြင်နိုင်သော၊ တစ်ဆူတည်းဟိတော်မူသော ဘုရားသခင်၌ ဂုဏ်အသရေနှင့် ဘုန်းတန်ခိုးတော်သည် ထာဝရ တည်ဟိတော်မူပါစီသောဝ်။ အာမင်။


မိမိ၏ခမည်းတော် ဘုရားသခင်၏ အမှုတော်ကို ဆောင်ရွက်နိုင်စီရန် ငါရို့အား နိုင်ငံတော်သားအရာ၌ လည်းကောင်း၊ ယဇ်ပုရောဟိတ်အရာ၌ လည်းကောင်း ခန့်ထားတော်မူသော ယေသျှုခရစ်တော်သည် ကမ္ဘာအဆက်ဆက် ဘုန်းတန်ခိုး ကြီးတော်မူပါစီသတည်း။ အာမင်။


အသီသတ်ခြင်းကို ခံရသည့် သိုးသူငယ်တော်၏ အသက်စာစောင်တွင် လောကကို ဖန်ဆင်းတော်မမူခင်ကပင် စာရင်းဝင်သောသူရို့မှတစ်ပါး မြီကြီးသားအပေါင်းရို့သည် ထိုသားရဲအား ကိုးကွယ်ကြလိမ့်မည်။


သူရို့သည် ဘုရားသခင်၏ အစီခံ မောသျှေ၏ တေးခြင်းနှင့် သိုးသူငယ်တော်၏ တေးခြင်းကို သီဆိုကြသည်ကား၊ “အနန္တတန်ခိုးသျှင် ဘုရားသခင်၊ ကိုယ်တော်ပြုတော်မူသော အမှုများသည် အလွန်ကြီးမြတ်၍ အံ့သြဖွယ်ကောင်းလှပါသည်တကား။ လူမျိုးတကာရို့၏ ဘုရင်၊ ကိုယ်တော်သျှင်၏ နည်းလမ်းတော်များသည် အလွန်မျှတ မှန်ကန်လှပါသည်တကား။


ထို့နောက် ကောင်းကင်၌ များစွာသောလူအုပ်ကြီး၏ အသံနှင့်တူသည့်အသံကို ငါ ကြားရ၏။ ထိုသူရို့က “ဘုရားသခင်၏ ဂုဏ်တော်ကိုချီးမွမ်းကြလော့။ ငါရို့ဘုရားသခင်သည် ကယ်တင်ခြင်း၊ ဘုန်းတော်၊ တန်ခိုးတော်နှင့် ပြည့်စုံတော်မူသော အသျှင်ဖြစ်တော်မူပါ၏။


“အကျွန်ရို့၏အသျှင် ဘုရားသခင်၊ ကိုယ်တော်သည် ခပ်သိမ်းသောအရာတိကို ဖန်ဆင်းတော်မူ၏။ ထိုအရာခပ်သိမ်းရို့သည် ကိုယ်တော်၏ အလိုတော်အားဖြင့် ဖန်ဆင်းခြင်းကို ခံရပြီး တည်ဟိကြပါ၏။ ထို့ကြောင့် ကိုယ်တော်သည် ဘုန်းတော်၊ ဂုဏ်တော်၊ တန်ခိုးတော်တိကို ခံယူထိုက်တော်မူပါ၏” ဟု မြွက်ဆိုကြ၏။


ထို့ပြင် ကောင်းကင်၊ မြီကြီးအထက်၊ မြီကြီးအောက်၊ ပင်လယ်အရပ်ရပ်၌ ဟိသမျှသော သတ္တဝါအပေါင်းရို့က၊ “ပလ္လင်ထက်တွင် ထိုင်နိန်တော်မူသော သူနှင့် သိုးသူငယ်တော်သည် ကမ္ဘာအဆက်ဆက် ချီးမွမ်းခြင်းကို ခံရပါစီသတည်း။ ဂုဏ်ပြုခြင်း၊ ဘုန်းကြီးခြင်း၊ တန်ခိုးကြီးခြင်းများဖြင့် ပြည့်စုံတော်မူပါစီသတည်း” ဟု ကြွေးကြော်ကြသည်ကို ငါကြားရ၏။


ထို့နောက် သိုးသူငယ်သည် သက်ဟိသတ္တဝါလေးပါးရို့နှင့် အကြီးအကဲရို့ ဝန်းရံလျက်ဟိသည့် ပလ္လင်တော်အလယ်၌ ရပ်လျက်နိန်သည်ကို ငါမြင်၏။ သူသည် ယဇ်ပူဇော်ခြင်းငှာ သတ်ရန်ထားသည့် သိုးနှင့်တူ၏။ ထိုသူ၌ ဦးဂြိုခုနစ်ချောင်းနှင့် မျက်စိခုနစ်လုံး ဟိ၏။ ထိုအရာများသည် မြီကြီးတစ်ပြင်လုံးသို့ ဘုရားသခင် စီလွှတ်တော်မူသော ဝိညာဉ်ခုနစ်ပါး ဖြစ်၏။


ထိုသို့ ယူလိုက်သောအခါ သတ္တဝါလေးပါးနှင့် အကြီးအကဲနှစ်ဆယ့်လေးပါးရို့သည် သိုးသူငယ်တော်၏ ရှိ့တော်၌ ပျပ်ဝပ်လျက် နိန်ကြ၏။ ထိုသူအသီးသီးရို့သည် စောင်းများကိုလည်းကောင်း၊ ဘုရားသခင် လူစုတော်၏ ဆုတောင်းပတ္ထနာတည်းဟူသော နံ့သာပေါင်းနှင့်ပြည့်လျက်ဟိသည့် ရွှီဖလားများကို လည်းကောင်း တစ်ခုစီ ကိုင်ဆောင်လျက် ဟိကြ၏။


ထို့နောက် သူရို့က၊ “ကိုယ်တော်သျှင်သည် ဤစာလိပ်တော်ကို ယူ၍၊ ခြိပ်တံဆိပ်များကို ဖွင့်ထိုက်သောသူ ဖြစ်ပါ၏။ အကြောင်းမူကား ကိုယ်တော်သျှင်သည် အသီသတ်ခြင်းကို ခံတော်မူသောအားဖြင့်၊ ခပ်သိမ်းသော မျိုးနွယ်စုနှင့် ဘာသာစကားအမျိုးမျိုး၊ ခပ်သိမ်းသော လူမျိုးနှင့် တိုင်းနိုင်ငံအသီးသီးထဲမှ လူတိကို ဘုရားသခင်အဖို့ ရွီးနုတ်တော်မူပါ၏။


ထို့နောက် သိုးသူငယ်တော်သည် တံဆိပ်ခုနစ်ခုအနက် ပထမတံဆိပ်အား ဖွင့်သည်ကို ငါမြင်၏။ သက်ဟိသတ္တဝါလေးပါးအနက် တစ်ပါးသည် မိုးကြိုးခြိမ်းသံနှင့်တူသော အသံဖြင့် “လာလော့” ဟု ဆိုသည်ကို ငါ ကြားရ၏။


သူရို့က၊ “အာမင်၊ ငါရို့၏ ဘုရားသခင်သည် ချီးမွမ်းခြင်း၊ ဘုန်းကြီးခြင်း၊ ဉာဏ်ပညာဟိခြင်း၊ ဂုဏ်ကြီးခြင်းနှင့် ကျေးဇူးတရားပွားများခြင်း၊ တန်ခိုးကြီးခြင်း၊ ခွန်အားကြီးခြင်းနှင့် ကမ္ဘာအဆက်ဆက် ပြည့်စုံတော်မူပါစီသတည်း။ အာမင်။” ဟု မြွက်ဆိုကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ