Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဗျာဒိတ်တော် 3:8 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

8 သင် ပြုသည့်အမှုကို ငါသိ၏။ သင်သည် ခွန်အား အနည်းချေသာ ဟိသော်လည်း ငါ့နာမကို မငြင်းပယ်ဘဲ ငါ့သြဝါဒကို လိုက်နာစောင့်ထိန်းခကြောင်းကို ငါသိ၏။ သင်ရို့အတွက် တန်းခါးကို ငါဖွင့်ထားယာ။ ထိုတန်းခါးကို ဇာသူမျှ မပိတ်နိုင်ပေ။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဗျာဒိတ်တော် 3:8
25 ပူးပေါင်းရင်းမြစ်များ  

ငါ့ကို လူတိရှိ့၌ ငြင်းပယ်သူကို လူသားသည် ဘုရားသခင်၏ ကောင်းကင်တမန်တိရှိ့၌ ထိုသူကို ငါ ငြင်းပယ်မည်။


‘ကျွန်သည် သခင်ထက် ကြီးမြတ်သည် မဟုတ်’ ဟု သင်ရို့အား ငါပြောခသည်ကို မှတ်ထားကြလော့။ လူတိက ငါ့ကို ညှည်းဆဲကြလျှင် သင်ရို့ကိုလည်း သာ၍ ညှည်းဆဲကြလိမ့်မည်။ သူရို့သည် ငါ၏အဆုံးအမကို နာခံလျှင် သင်ရို့၏ အဆုံးအမကိုလည်း နာခံကြလိမ့်မည်။


“ဤလောကထဲမှ အကျွန်အား ပီးတော်မူသောသူရို့အား ကိုယ်တော့်ကို သိမြင်စီခြင်းငှာ အကျွန်သည် ဖော်ပြပြီးဖြစ်ပါ၏။ ကိုယ်တော် ပိုင်တော်မူသော သူရို့ကို အကျွန်အား ပီးထားသည်ဖြစ်၍ သူရို့သည်လည်း ကိုယ်တော်၏ နှုတ်ကပတ်တော်ကို နာခံကြပြီးဖြစ်ပါ၏။


သူရို့သည် အန္တိအုတ်မြို့သို့ ရောက်ကြသောအခါ အသင်းတော်၌ ဟိသောသူတိကို အတူတကွ စုဝေး၍ ဘုရားသခင်သည် သူရို့နှင့်အတူ ပြုတော်မူခသော အမှုအရာတိကိုလည်းကောင်း၊ လူမျိုးခြားတိ ယုံကြည်လာကြစီရန် ဘုရားသခင်က ဇာပိုင် လမ်းဖွင့်ပီးခသည်ကို လည်းကောင်း သူရို့အား ပြောပြကြ၏။


ထိုမြို့၌ ငါ့ကို ဆန့်ကျင်ဖက်ပြုသောသူတိ ဟိသော်လည်း အကျိုးဟိသောအလုပ်ကို လုပ်ခြင်းငှာ ငါ့အဖို့ လွန်စွာကြီးသော တန်းခါးသည် ဖွင့်လျက်ဟိ၏။


ခရစ်တော်၏အကြောင်း သတင်းကောင်းကို ဟောပြောရန် တရောမြို့သို့ ငါရောက်လာသောအခါ အမှုတော်ကို ထမ်းဆောင်နိုင်ရန်အတွက် သခင်ဘုရားသည် ငါ့အား တန်းခါးကို ဖွင့်ပီးတော်မူ၏။


ခရစ်တော်ထံမှ ရဟိသည့် စွမ်းရည်အားဖြင့် ငါသည် ဇာအခြေအနေမျိုးကိုမဆို ရင်ဆိုင်နိုင်၏။


ခရစ်တော်၏ နက်နဲသည့်အရာနှင့် စပ်ဆိုင်သော နှုတ်ကပတ်တရားတော်ကို ဟောပြောနိုင်ရန် အခွင့်အလမ်းကောင်းကို ဘုရားသခင်သည် ငါရို့အား ပီးတော်မူခြင်းငှာ ငါရို့အတွက်လည်း ဆုတောင်းပီးကြလော့။ ထိုတရားတော်ကြောင့် ငါသည် အဂု ထောင်ကျနိန်၏။


သို့ရာတွင် မိမိ၏ဆွီမျိုးသားချင်းများ၊ အထူးသဖြင့် မိမိ၏မိသားစုဝင်များကို မပြုစု၊ မထောက်ပံ့သောသူသည် ယုံကြည်ခြင်းတရားကို ငြင်းပယ်သောသူ ဖြစ်၍ မယုံကြည်သောသူ တစ်ယောက်ထက်ပင် သာ၍ ဆိုးရွား၏။


ငါသည် အဗြီးပြိုင်ပွဲ၌ အစွမ်းကုန် ကြိုးစားပြီး အဆုံးတိုင်အောင် ဗြီးခပြီးယာ၊ ငါသည် ယုံကြည်ခြင်းတရားကို စောင့်ထိန်းခယာ။


အကြောင်းမူကား ဘုရားဝတ်၌ မွိ့ပျော်ခြင်းမဟိသော လူတချို့သည် သင်ရို့အထဲသို့ တိတ်တဆိတ် ဝင်ရောက်လျက် ဟိနိန်ကြသောကြောင့် ဖြစ်၏။ သူရို့သည် ငါရို့ ဘုရားသခင်၏ ကျေးဇူးတော်ကို သူရို့၏ ကာမဂုဏ်လိုက်စားခြင်းအဖြစ် မှောက်လှန်ကြလျက် ငါရို့၏ တစ်ပါးတည်းသောအသျှင်နှင့် သခင် ဖြစ်တော်မူသော ယေသျှုခရစ်တော်ကို ငြင်းပယ်ကြ၏။ ထိုသူရို့ကား ရှီးမဆွကပင်လျှင် ပြစ်ဒဏ်စီရင်ရန် သမ္မာကျမ်းစာ၌ ဖော်ပြထားပြီးဖြစ်ကြ၏။


သင်သည် ဇာအရပ်၌ နီထိုင်သည်ကို ငါသိ၏။ သင်သည် စာတန်၏ ပလ္လင်ဟိရာအရပ်တွင် နီထိုင်၏။ ငါ့ဖက်၌ သစ္စာဟိစွာ သက်သီခံသောသူ အန္တိပသည် စာတန်မာရ်နတ် နီထိုင်ရာတွင် အသတ်ခံရသောအချိန်၌ပင် သင်သည် ငါ၌ သစ္စာစောင့်၍ သင်၏ယုံကြည်ခြင်းကို မစွန့်။


သင်ပြုသော အမှုများကို ငါသိ၏။ ထိုအရာများမှာ သင်သည် ဇာပိုင် ကြိုးပမ်းလုပ်ဆောင်ကြောင်း၊ ဇာမျှလောက် သည်းခံကြောင်းကို ငါသိ၏။ သင်သည် ဆိုးညစ်သောသူရို့ကို သည်းမခံနိုင်ကြောင်း၊ တမန်တော် မဟုတ်ဘဲ မိမိကိုယ်ကိုမိမိ တမန်တော်ဟု ခေါ်ဆိုကြသော သူရို့အား စစ်ဆီး၍ လှည့်ဖြားသောသူတိ ဖြစ်ကြောင်းကို သိကြောင်းပင် ဖြစ်၏။


ယေသျှုကလည်း “နားထောင်လော့၊ ငါသည် မကြာမီ ကြွလာမည်။ ဤကျမ်းစောင်တွင် ပါဟိသည့် ပရောဖက်ပြုထားသော စကားများကို လိုက်လျှောက်သော သူရို့သည် မင်္ဂလာဟိ၏” ဟု မိန့်တော်မူ၏။


“သာဒိမြို့အသင်းတော်၏ ကောင်းကင်တမန်ပါးသို့ ဤသို့ စာရီးပီးလိုက်လော့။ “ဤသတင်းစကားသည် ဘုရားသခင်၏ ဝိညာဉ်ခုနစ်ပါးနှင့် ကြယ်ခုနစ်လုံးဟိသော သူထံမှ ဖြစ်၏။ သင်ပြုသောအမှုကို ငါသိ၏။ သင်သည် အသက်ရှင်ဟန် ဟိသော်လည်း သီလျက်နိန်၏။


သင်သည် ငါမှာထားသည့်အတိုင်း စိတ်ရှည်သည်းခံလျက် နိန်ခ၏။ သို့ဖြစ်၍ လောကတစ်ခုလုံးကို စစ်ဆီးရန် ဒုက္ခဆင်းရဲ ကျရောက်လာချိန်၌ သင့်အား ငါ ကာကွယ်စောင့်ရှောက်မည်။


သင် ပြုခသည့်အမှုကို ငါသိ၏။ သင်သည် အပူလည်း မဟုတ်၊ အအီးလည်း မဟုတ်သည်ကို ငါသိ၏။ သင်သည် အပူဖြစ်စီ၊ အအီးဖြစ်စီ တစ်ခုခုဖြစ်ရန် ငါ အလိုဟိ၏။


“ဖိလဒေလဖိမြို့ အသင်းတော်၏ ကောင်းကင်တမန်သို့ ဤသို့ စာရီးပီးလိုက်လော့။ “ဤသတင်းစကားသည် မြင့်မြတ်သန့်ယှင်းပြီး ဖြောင့်မှန်သောသူထံပါးမှ ဖြစ်၏။ ကိုယ်တော်သည် ဒါဝိဒ်မင်း၏ တန်းခါးသော့ကို ပိုင်တော်မူ၏။ ထိုတန်းခါးကို ကိုယ်တော်ဖွင့်တော်မူသောအခါ ဇာသူမျှ မပိတ်နိုင်ပေ။ ပိတ်တော်မူသောအခါလည်း ဇာသူမျှ မဖွင့်နိုင်ပေ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ