Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဗျာဒိတ်တော် 3:15 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

15 သင် ပြုခသည့်အမှုကို ငါသိ၏။ သင်သည် အပူလည်း မဟုတ်၊ အအီးလည်း မဟုတ်သည်ကို ငါသိ၏။ သင်သည် အပူဖြစ်စီ၊ အအီးဖြစ်စီ တစ်ခုခုဖြစ်ရန် ငါ အလိုဟိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဗျာဒိတ်တော် 3:15
23 ပူးပေါင်းရင်းမြစ်များ  

“မိမိ၏ အမိ အဖတိကို ငါ့ထက် သာ၍ ချစ်သောသူတိသည် ငါ၏တပည့် မဖြစ်နိုင်၊ မိမိ၏သားသမီးတိကို ငါ့ထက် သာ၍ ချစ်သောသူတိသည်လည်း ငါ၏တပည့် မဖြစ်နိုင်။


ဆိုးယုတ်မှုတိ များပြားလာသောကြောင့် မေတ္တာတရား ခေါင်းပါးလာလိမ့်မည်။


“ဇာသူလည်း သခင်နှစ်ယောက်၏ကျွန် မဖြစ်နိုင်။ သခင်တစ်ယောက်ကို မုန်း၍ တစ်ယောက်ကို ချစ်မည်၊ တစ်ယောက်ကို သစ္စာဟိ၍ တစ်ယောက်ကို ငြင်းပယ်မည်။ သင်ရို့သည် ဘုရားသခင်အမှုကိုလည်းကောင်း၊ လောကီစည်းစိမ်အမှုကို လည်းကောင်း တစ်ပြိုင်တည်း မဆောင်ရွက်နိုင်ကြ။


ပျင်းရိခြင်းမဟိဘဲ ကြိုးစားအားထုတ်ကြလော့။ စိတ်နှလုံးကို ဆက်ကပ်အပ်နှံ၍ သခင်ဘုရား၏အမှုတော်မြတ်ကို ဆောင်ရွက်ကြလော့။


ဇာသူမဆို သခင်ဘုရားကို မချစ်လျှင် — ကျိန်စာသင့်စီသတည်း။ “မာရားနာထာ” သခင်ဘုရား ကြွလာတော်မူပါ။


သင်ရို့ပါးသို့ ရောက်သောအခါ ငါတွိ့မြင်လိုသည်အတိုင်း သင်ရို့အား မတွိ့ရမည်ကို လည်းကောင်း၊ သင်ရို့ မြင်တွိ့လိုသည်အတိုင်း ငါရို့အား မတွိ့ရကြမည်ကို လည်းကောင်း၊ ခိုက်ရန်ဖြစ်ခြင်း၊ မနာလိုခြင်း၊ ဒေါသထွက်ခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်း၊ ဂုဏ်ပြိုင်ခြင်း၊ စော်ကားပြောဆိုခြင်း၊ အတင်းပြောခြင်း၊ မောက်မာခြင်းနှင့် ဝရုန်းသုန်ကားဖြစ်ခြင်းများ တွိ့ရမည်ကို ငါ စိုးရိမ်၏။


သင်ရို့အဖို့ ငါ၏ဆုတောင်းသောအရာမူကား၊ သင်ရို့၏ ချစ်ခြင်းမေတ္တာသည် မှန်သောအသိပညာ၊ ပိုင်းခြားဝေဖန်တတ်သော စွမ်းရည်တိ၌ တိုးလာကြစီရန်ပင်ဖြစ်၏။


ညီအစ်ကိုမောင်နှမရို့၊ သင်ရို့ကို အကြောင်းပြု၍ ငါရို့သည် ဘုရားသခင်အား ကျေးဇူးတော်ကို အစဉ်မလတ် ချီးမွမ်းကြရ၏။ ထိုသို့ ကျေးဇူးတော်ချီးမွမ်းခြင်းသည် ငါရို့ အတွက် အလွန်သင့်မြတ်၏။ အကြောင်းမူကား သင်ရို့၏ ယုံကြည်ခြင်းသည် အလွန် ကြီးထွားလျက် သင်ရို့သည် အချင်းချင်း တစ်ယောက်ကိုတစ်ယောက် ချစ်သော မေတ္တာသည်လည်း သာ၍ တိုးပွား လာသောကြောင့် ဖြစ်၏။


ထိုသို့သောသူသည် စိတ်နှစ်ခွ ဟိသောသူ၊ မိမိပြုလေသမျှ၌ ဂနာမငြိမ်သောသူ ဖြစ်၏။


အဂုတွင် သင်ရို့သည် သမ္မာတရားကို လိုက်လျှောက်ခြင်းအားဖြင့် မိမိရို့၏ စိတ်နှလုံးအား စင်ကြယ်စီကြပြီး အခြားသော ယုံကြည်သူအချင်းချင်းကို ဟန်ဆောင်မှုကင်းလျက် ချစ်ကြသည်ဖြစ်၍ သင်ရို့ တစ်ယောက်ကိုတစ်ယာက် စိတ်နှလုံးအကြွင်းမဲ့ ချစ်ကြလော့။


သင်ပြုသော အမှုများကို ငါသိ၏။ ထိုအရာများမှာ သင်သည် ဇာပိုင် ကြိုးပမ်းလုပ်ဆောင်ကြောင်း၊ ဇာမျှလောက် သည်းခံကြောင်းကို ငါသိ၏။ သင်သည် ဆိုးညစ်သောသူရို့ကို သည်းမခံနိုင်ကြောင်း၊ တမန်တော် မဟုတ်ဘဲ မိမိကိုယ်ကိုမိမိ တမန်တော်ဟု ခေါ်ဆိုကြသော သူရို့အား စစ်ဆီး၍ လှည့်ဖြားသောသူတိ ဖြစ်ကြောင်းကို သိကြောင်းပင် ဖြစ်၏။


သို့သော် သင်သည် အယင်ကကဲ့သို့ အဂုအခါ ငါ့ကို မချစ်သဖြင့် သင့်အား အပြစ် ဆိုစရာဟိ၏။


“သာဒိမြို့အသင်းတော်၏ ကောင်းကင်တမန်ပါးသို့ ဤသို့ စာရီးပီးလိုက်လော့။ “ဤသတင်းစကားသည် ဘုရားသခင်၏ ဝိညာဉ်ခုနစ်ပါးနှင့် ကြယ်ခုနစ်လုံးဟိသော သူထံမှ ဖြစ်၏။ သင်ပြုသောအမှုကို ငါသိ၏။ သင်သည် အသက်ရှင်ဟန် ဟိသော်လည်း သီလျက်နိန်၏။


သို့ရာတွင် သင်သည် မပူမအီးဘဲ နွီးရုံမျှသာ ဟိသဖြင့် သင့်အား ငါ၏ခံတွင်းမှ ထွီးထုတ်မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ