Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဗျာဒိတ်တော် 3:14 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

14 “လောဒိကိအသင်းတော်၏ ကောင်းကင်တမန်ပါးသို့ ဤသို့ စာရီးပီးလိုက်လော့။ “ဤသတင်းစကားသည် ဘုရားသခင်ဖန်ဆင်းတော်မူသော အရာအပေါင်းရို့၏ အစမူလဖြစ်တော်မူသော၊ သစ္စာဟိ၍ ဖြောင့်မှန်သော သက်သီခံဖြစ်တော်မူသော အာမင်၏ ထံပါးမှ ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဗျာဒိတ်တော် 3:14
22 ပူးပေါင်းရင်းမြစ်များ  

ဘုရားသခင်သည် ထိုနှုတ်ကပတ်တော်အားဖြင့် အရာခပ်သိမ်းကို ဖန်ဆင်းတော်မူ၏။ ထိုနှုတ်ကပတ်တော်နှင့် ကင်း၍ ဖန်ဆင်းထားသည့်အရာ တစ်ခုမျှမဟိ။


ယေသျှုက “ငါသည် ကိုယ့်အကြောင်းကိုသာ သက်သီခံသော်လည်း ငါ၏ သက်သီခံချက်သည် မှန်၏။ အကြောင်းမူကား ငါသည် မည်သည့်အရပ်က လာသည်ကို လည်းကောင်း၊ မည်သည့်အရပ်သို့ လားရမည်ကို လည်းကောင်း ငါသိ၏။ သင်ရို့သည် ငါ မည်သည့်အရပ်က လာသည်ကို လည်းကောင်း၊ ငါ မည်သည့်အရပ်သို့ လားရမည်ကို လည်းကောင်း မသိကြ။


အကြောင်းမူကား ဘုရားသခင်၏ ကတိတော်အပေါင်းရို့သည် “ဟုတ်မှန်သည်” ဟု ဖော်ပြသော ခရစ်တော် ဖြစ်တော်မူ၏။ ထို့ကြောင့် ငါရို့သည် ဘုရားသခင်၏ ဘုန်းတန်ခိုးတော်အဖို့အလို့ငှာ ယေသျှုခရစ်တော်အားဖြင့် “အာမင်” ဟု ဆိုခြင်းဖြစ်၏။


ခရစ်တော်သည် မျက်စိဖြင့်မမြင်နိုင်သော ဘုရားသခင်၏ပုံသဏ္ဌာန်တော် ဖြစ်တော်မူ၏။ ကိုယ်တော်သည် သားဦးဖြစ်တော်မူသဖြင့် ဖန်ဆင်းခံအရာ အားလုံးထက် ကြီးမြတ်တော်မူ၏။


ကိုယ်တော်သည် အသင်းတော်တည်းဟူသော ကိုယ်ခန္ဓာတော်၏ ဦးဂေါင်းဖြစ်တော်မူပြီး အသက်ရှင်ခြင်း၏ မူလအရင်းအမြစ်ဖြစ်၏။ ကိုယ်တော်သည် သီခြင်းတရားမှ အဦးဆုံး ထမြောက်တော်မူသဖြင့် ခပ်သိမ်းသောအရာရို့၏ အထွဋ်အထိပ်အဖြစ်ကို ခံယူတော်မူ၏။


ငါသည် သင်ရို့အတွက် လည်းကောင်း၊ လောဒိကိမြို့သားတိနှင့် ငါ့ကို မတွိ့ဖူးကြသော တခြားလူတိအတွက် လည်းကောင်း ဇာလောက်ထိ ကြိုးစားလုပ်ဆောင်ခသည်ကို သင်ရို့အား သိစီလို၏။


ဤစာကို သင်ရို့ဖတ်ပြီးသောအခါ လောဒိကိမြို့၌ဟိသော အသင်းတော်ကိုလည်း ဖတ်စီကြလော့။ ထို့အတူ လောဒိကိမြို့၌ဟိသော ညီအစ်ကိုမောင်နှမတိမှ ပို့ပီးသည့်စာကိုလည်း သင်ရို့ဖတ်ရှုကြလော့။


ထိုအသံက “သင် မြင်ရသည့်အရာကို စာစောင်တွင် ရီးသား၍ ဧဖက်မြို့၊ စမုရနမြို့၊ ပေရဂံမြို့၊ သွာတိရမြို့၊ သာဒိမြို့၊ ဖိလဒေလဖိမြို့၊ လောဒိကိမြို့များ၌ဟိသော အသင်းတော်ခုနစ်ပါးသို့ ပီးပို့လော့” ဟု ဆို၏။


သစ္စာဟိသော သက်သီခံ၊ သီခြင်းမှ ဦးစွာပထမ ရှင်ပြန်ထမြောက်တော်မူသော၊ လောကီသျှင်ဘုရင်တိကို အစိုးရတော်မူသော ယေသျှုခရစ်တော်ထံပါးမှ လည်းကောင်း၊ ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်ရို့၌ ဟိပါစီသောဝ်။ ထိုသူသည် ငါရို့ကို ချစ်တော်မူ၍ မိမိ၏အသွီးတော်အားဖြင့် ငါရို့၏ အပြစ်တရားမှ ငါရို့အား လွတ်မြောက်စီတော်မူပြီးလျှင်၊


ထို့နောက် ကောင်းကင်ဘုံ ပွင့်လျက်နိန်သည်ကို ငါ မြင်ရ၏။ ထိုအရပ်တွင် မြင်းဖြူတစ်ကောင် ဟိ၏။ ထိုမြင်းကို စီးသောသူသည် သစ္စာဟိသောသူနှင့် သမ္မာတရားဟိသောသူ ဟူ၍ နာမည်ဟိ၏။ ထိုအသျှင်သည် ဖြောင့်မတ်စွာ တရားစီရင်တတ်၏။ တရားသဖြင့် စစ်တိုက်တတ်၏။


“ဧဖက်မြို့၌ ဟိသောအသင်းတော်၏ ကောင်းကင်တမန်ပါးသို့ ဤသို့ စာရီးပီးလိုက်လော့။ “ဤသတင်းစကားသည် ကြယ်ခုနစ်လုံးကို လက်ယာလက်ဖြင့် ကိုင်ကာ ရွှီမီးခွက်ခုနစ်ခွက်အကြားတွင် လားလာနိန်သော သူ၏ထံမှ ဖြစ်၏။


ထို့နောက် ကိုယ်တော်က “အမှုပြီးယာ။ ငါသည် အာလဖနှင့် ဩမေဃဖြစ်ပြီး အစနှင့် အဆုံးလည်းဖြစ်၏။ ရီငတ်သောသူအား အသက်စမ်းရီကို အဖိုးအခ မပီးရဘဲ သောက်ရသောအခွင့်ကို ငါပီးမည်။


ငါသည် အာလဖနှင့် သြမေဃဖြစ်ပြီး အစနှင့်အဆုံး ဖြစ်၏” ဟု မိန့်တော်မူ၏။


ထို့နောက် ကောင်းကင်တမန်က ငါ့အား “ဤစကားသည် သစ္စာစကား၊ ဟုတ်မှန်သော စကားဖြစ်၏။ ပရောဖက်ရို့အား ဝိညာဉ်တော်နှင့် ပြည့်ဝစီတော်မူသော အသျှင်ဘုရားသခင်သည် မကြာမီဖြစ်ပျက်ရမည့် အမှုအရာများကို မိမိ၏အခိုင်းအစီရို့အား ဖော်ပြရန် ကောင်းကင်တမန်ကို စီလွှတ်တော်မူယာ” ဟု ပြော၏။


“ဖိလဒေလဖိမြို့ အသင်းတော်၏ ကောင်းကင်တမန်သို့ ဤသို့ စာရီးပီးလိုက်လော့။ “ဤသတင်းစကားသည် မြင့်မြတ်သန့်ယှင်းပြီး ဖြောင့်မှန်သောသူထံပါးမှ ဖြစ်၏။ ကိုယ်တော်သည် ဒါဝိဒ်မင်း၏ တန်းခါးသော့ကို ပိုင်တော်မူ၏။ ထိုတန်းခါးကို ကိုယ်တော်ဖွင့်တော်မူသောအခါ ဇာသူမျှ မပိတ်နိုင်ပေ။ ပိတ်တော်မူသောအခါလည်း ဇာသူမျှ မဖွင့်နိုင်ပေ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ