ဗျာဒိတ်တော် 3:10 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား10 သင်သည် ငါမှာထားသည့်အတိုင်း စိတ်ရှည်သည်းခံလျက် နိန်ခ၏။ သို့ဖြစ်၍ လောကတစ်ခုလုံးကို စစ်ဆီးရန် ဒုက္ခဆင်းရဲ ကျရောက်လာချိန်၌ သင့်အား ငါ ကာကွယ်စောင့်ရှောက်မည်။ အခန်းကိုကြည့်ပါ။ |
သင်ရို့တွိ့ကြုံရသော စုံစမ်းနှောင့်ယှက်ခြင်းများသည် လူ၌ဖြစ်တတ်သော သာမန်စုံစမ်းနှောင့်ယှက်ခြင်းများသာဖြစ်၏။ ဘုရားသခင်သည် ကတိတည်တော်မူသော အသျှင်ဖြစ်တော်မူသဖြင့် သင်ရို့အား မခံနိုင်သော စုံစမ်းနှောင့်ယှက်ခြင်းကို ခံစီတော်မူလိမ့်မည်မဟုတ်။ စုံစမ်းနှောင့်ယှက်ခြင်း ခံရချိန်၌ ခံနိုင်သောခွန်အားကို ပီးတော်မူသဖြင့် ထိုစုံစမ်းနှောင့်ယှက်ခြင်းမှ လွတ်မြောက်ရာလမ်းကိုလည်း ပီးတော်လိမ့်မည်။
သင်မြင်ရသည့် သားရဲသည် တစ်ခါက အသက်ရှင်ခသော်လည်း ယခု အသက်မရှင်ယာ။ သူသည် တွင်းနက်ကြီးထဲမှ တက်လာပြီးလျှင် ဖျက်ဆီးခြင်းကို ခံရလိမ့်မည်။ လောကကို မဖန်ဆင်းခင်ကပင် အသက်စာစောင်စာရင်းတွင် မပါသူ မြီကြီးသားရို့သည် ထိုသားရဲကို မြင်သောအခါ အံ့သြကြလိမ့်မည်။ သူသည် အယင်က အသက်ရှင်ခ၏။ ယခု အသက်မရှင်သော်လည်း နောက်တဖန် အသက်ရှင်လာဦးမည်။
ထို့နောက် ငါ ကြည့်လိုက်သောအခါ ကောင်းကင်အလယ်၌ ပျံဝဲလျက်နိန်သော လင်းယုန်ငှက်တစ်ကောင်ကို မြင်ရ၏။ ထိုငှက်က “အခြားသော ကောင်းကင်တမန်သုံးပါး မှုတ်ကြမည့် တံပိုးခရာအသံကြောင့် မြီကြီးထက်၌ ဟိသော သတ္တဝါရို့သည် အမင်္ဂလာ ဟိကြလိမ့်မည်၊ အမင်္ဂလာ ဟိကြ လိမ့်မည်၊ အမင်္ဂလာ ဟိကြလိမ့်မည်” ဟု အသံကျယ်လောင်စွာ ပြောဆိုနိန်သည်ကို ငါကြားရ၏။